နို့နဲ့အလာဂျီဖြစ်နေတာလား

နို့နဲမတည့်တဲ့အလာဂျီ (Milk Allergy) က စားစရာအလာဂျီ (Food Allergy) တွေထဲက တစ်မျိုးဖြစ်ပါတယ်။ နို့နဲ့မတည့်တဲ့ အလာဂျီက ကလေးတွေမှာ အဖြစ်များပြီး အရွယ်ရောက်သူ လူကြီးတွေမှာ တွေ့ရနည်းပါတယ်။ နွားနို့ အလာဂျီက တွေ့ရအများဆုံးဖြစ်ပြီး ဆိတ်၊ သိုး၊ ကျွဲနို့တွေနဲ့လည်း မတည့်တာ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ အသက်လေးနှစ်လောက် ရောက်တဲ့အခါ အလာဂျီပျောက်သွားတဲ့သူတွေရှိသလို မပျောက်တဲ့သူတွေလည်း ရှိပါတယ်။ အလာဂျီရှိမှန်းဘယ်လိုသိနိုင်လဲ နို့နဲ့မတည့်တဲ့အလာဂျီက နို့သောက်ပြီး မိနစ်ပိုင်း ဒါမှမဟုတ် နာရီပိုင်းအတွင်း အလာဂျီလက္ခဏာကို ပြမှာဖြစ်ပါတယ်။ ကမ္ဘာ့အလာဂျီအဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ Guidelines မှာပြဋ္ဌာန်းထားတာကတော့ နို့နဲ့မတည့်သူတွေမှာ နို့နဲ့နို့ထွက်ပစ္စည်း စားသုံးတာက အစာအိမ်အူလမ်းကြောင်းကို ရောင်ရမ်းစေပါတယ်။ ပါးစပ်ကနေစပြီးတော့ နှုတ်ခမ်းရောင်တာ၊ အစာပြွန်ရောင်ပြီး အစာ မျိုချရခက်တာ၊ အော့အန်တာ၊ ဗိုက်ပွတာ၊ အစာအိမ်အောင့်တာ၊ […]