အရေပြားမှိုစွဲရောဂါက ခန္ဓာကိုယ်ကို ထိခိုက်နိုင်လား

မိုးရာသီမှာ မှိုပေါက်တာနဲ့ပတ်သက်ပြီး အရေပြားမှာပေါက်တဲ့မှိုအကြောင်း သိချင်ပါတယ် ဆရာမ။
အခုလို မိုးရာသီမှာ ကိုယ့်ပတ်ဝန်း ကျင်ကို ကြည့်လိုက်ရင် အ၀တ်အစားဗီဒို တွေ၊ နံရံတွေမှာ မှိုတွေဘာတွေ တွေ့နိုင် ပါတယ်။ ဟိုးအရင် စိုက်ပျိုးရေးမှိုတွေ မပေါ်ခင်က မိုးရွာတယ် စိုတယ်၊ နေပူ တယ် ခြောက်သွားတယ်၊ မိုးပြန်ရွာတယ် ဆိုတဲ့အခါ သစ်ဆွေးရှိတဲ့ နေရာတွေမှာ မှိုတွေ ထွက်လာတတ်ပါတယ်။ ဒါက တော့ သဘာဝပါ။ ခန္ဓာကိုယ်မှာလည်း အဲဒီလိုပဲ မှိုအကြီးကြီးတွေ မဟုတ်ပေ မယ့် မှိုတွေပေါက်နိုင်ပါတယ်။ မှိုနဲ့ခပ်ဆင် ဆင်၊ ရိုးတံလေးနဲ့ အခက်အလက်လေးနဲ့ မှိုအမျိုးအစား အကောင်လေးကို တွေ့ရ ပါတယ်။ ဒါကို ဆေးပညာအရ အရေပြား မှာ ဖြစ်ပေါ်လေ့ရှိတဲ့ရောဂါလို့ ဘာသာ ပြန်တယ်။ ပွေး၊ ညှင်း၊ ဒက် စတဲ့ ဖြစ်တဲ့ နေရာပေါ်မူတည်ပြီးလည်း ခေါ်ပါတယ်။

အရေပြားမှိုစွဲရောဂါဆိုတာ ဘာကြောင့် ဖြစ်တာပါလဲ ဆရာမ။
ပွေးရောဂါ၊ ညှင်းရောဂါကိုယ့်မှာ ရှိတယ်ဆိုရင် ထူးထူးဆန်းဆန်း မဟုတ် ပါဘူး။ ဟိုးအရင်က လူသားစပေါ်လာက တည်းက ရှိခဲ့တယ်။ အခုလိုတိုးတက်လာ တဲ့ခေတ်ကြီးမှာကော ဘာကြောင့်ဆက် လက်ရှိနေရတာလဲဆိုရင် ယားနာက ဘာ ကြောင့်ရှိနေတာမှန်းသိဘူး။ ဆေးလည်း ပုံမှန်လိမ်းတယ်၊ လိမ်းပေမယ့်လည်း မ ပျောက်ဘူး။ ပေါ်လိုက်ပျောက်လိုက်ဖြစ် တယ်။ ဒီလူနာတွေက ကျွန်မတို့ဆီကို ချက်ချင်းရောက်လာတာမျိုးတော့ မဟုတ်ဘူး။ လက်လှမ်းမီတဲ့ ဆေးဝါးတွေ သုံးတယ်၊ သုံးပေမယ့် မပျောက်ဘူး၊ အဲဒီလိုဖြစ်မှပဲ ကျွန်မတို့ဆီ ရောက်လာ ပါတယ်။ တစ်နေရာကနေ နှစ်နေရာ၊ သုံးနေရာဖြစ်ပြီး လက်သည်းတွေအထိ စုံနေတော့မှပဲ ရောက်လာတတ်တာ များ တာကြောင့် ကျွန်မတို့ မြင်ရတဲ့ အရေ ပြားမှိုစွဲရောဂါက ခန္ဓာကိုယ်ရဲ့ ၅၀ ရာခိုင် နှုန်းလောက်အထိ ဖြစ်နေပါပြီ။ တချို့ လည်း ၅၀ ရာခိုင်နှုန်းကျော်လောက်မှာ အရေပြားမှိုစွဲရောဂါ ဖြစ်နေပါပြီ။ အရေ ပြားမှာဖြစ်တဲ့ မှိုရောဂါက ဖြစ်တာကြာ လာတဲ့ အရေပြားမှိုစွဲရောဂါလို့ ခေါ် ပါတယ်။
အရေပြားရောဂါ အတော်များများ က ရိုးရိုးရှင်းရှင်းနဲ့ အင်မတန် သိသာပြီး မြင်သာထင်သာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မှိုကြောင့်ဖြစ်တာပါ။ ကျွန်မ မှိုလို့ပြောနေတာက fungus ပါ။ မှိုက ကြမ်းပြင်ပေါ် မှိုစွဲသလို ခန္ဓာကိုယ်ပေါ်မှာ လည်း ကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် မှိုရှိတဲ့ဇာစ်မြစ်ကို သိဖို့လိုပါတယ်။ ဒီမှို သေသွားရင် ဒီရောဂါက ပျောက်သွားမှာ ပါ။ ခန္ဓာကိုယ်ပေါ် ဖြစ်တဲ့နေရာတွေပေါ် မူတည်ပြီး နာမည်အမျိုးမျိုး ကွဲသွားပါ တယ်။ ပါးစပ်ထဲမှာဖြစ်တော့ မှက်ခရုလို့ ခေါ်ပါတယ်။ ပါးစပ်ကို ဟကြည့်လိုက်ရင် ပါးစောင်တွေက နီရဲနေမယ်၊ အာခံတွင်း က နီရဲနေမယ်၊ အဲဒီအပေါ်မှာ မှိုလေး တွေ ကပ်ငြိနေတယ်။ မျက်စိနဲ့တော့ မမြင်နိုင်ဘူး။ အထူးသဖြင့် ကလေးငယ် တွေမှာဖြစ်တယ်၊ နို့ဘူးစို့တဲ့ ကလေးငယ် တွေမှာ တွေ့ရတတ်တယ်။ လက်ညှိုး လေးမှာ ပိတ်ပါးစ (Gauze) လေးပတ် ပါ။ ချောမွေ့အောင် အဲဒီအပေါ် ဂလစ် စရင်းအဆီလေး အနည်းငယ်သုတ်ပြီး ပါးစပ်ထဲ ထည့်ပွတ်ပေးလိုက်ရင် မြင်ရ တဲ့အစိတ်အပိုင်းတော့ ပျောက်သွားပါ တယ်။ အသားထဲကို နစ်ဝင်နေတဲ့အပိုင်း တော့ ကျန်ခဲ့ပါလိမ့်မယ်။ အဲဒါကြောင့် ပါးစပ်ထဲထည့်တဲ့ဆေးတွေကို ပေးရပါ တယ်။

ဦးရေပြားပေါ်က ဗောက်ကကော မှို ကြောင့် ဖြစ်တာပဲလား ဆရာမ။
ခေါင်းမှာဖြစ်တာကိုတော့ ဗောက် လို့ ခေါ်ပါတယ်။ အဖတ်ဖတ်တွေဖြစ်ပြီး ကွာကျပါတယ်။ လူကြားထဲသွားရင် အမှုန်တွေကျတယ်၊ ယားတယ်။ ဒါက လည်း မှိုကြောင့်ဖြစ်တာပါ။ ခေါင်းကို ခြောက်အောင်ထားဖို့ လိုပါတယ်။ ခေါင်း မှာ ချွေးထွက်များတာကြောင့် စိုနေလို့ ဗောက်ဖြစ်တယ်။

မှိုကြောင့် လက်သည်း၊ ခြေသည်းမှာ ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ ဆရာမ။
လက်သည်း၊ ခြေသည်းတွေ ကြား ထဲမှာ မှိုရှိနေရင် လက်သည်း၊ ခြေသည်း တွေ ပြောင်ပြောင်ချောချော ရှိမနေတော့ ဘဲ အထပ်ထပ်တွေဖြစ်တယ်၊ အလွှာ တွေ ကွာတယ်။ အ၀တ်လျှော်တဲ့သူတွေ၊ ဖိနပ်မပါဘဲ ရေချိုးခန်းထဲသွားလိုက်၊ မီးဖိုချောင်သွားလိုက်၊ တစ်အိမ်လုံး လုပ် နေရတဲ့ အိမ်ရှင်မတွေ၊ အမျိုးသားတွေ အနေနဲ့လည်း ရေနဲ့ဆက်စပ်တဲ့အလုပ် လုပ်နေရသူတွေရဲ့ ခြေချောင်း၊ လက် ချောင်းတွေ ကြားထဲမှာ အဖြူအဖတ်ဖတ် ကြီးတွေဖြစ်နေပြီး အရမ်းကို ယားပါ တယ်။ ရေ၀ဲစားတယ် ခေါ်ပါတယ်။ ဒါတွေအားလုံးကို ခြုံပြောရရင် အရေပြား မှိုစွဲရောဂါပါ။

အရေပြားမှိုစွဲရောဂါက ခန္ဓာကိုယ်ကို ထိ ခိုက်နိုင်ပါသလား။
ဒီရောဂါရှိနေရင် အ၀တ်အစား ကောင်းကောင်းမွန်မွန် ၀တ်လို့မရဘူး။ နိုင်လွန်ပါတဲ့ အ၀တ်အစားတွေ ၀တ် လိုက်တာနဲ့ ပူအိုက်ချွေးထွက်ပြီး ယား လာတယ်။ တချို့တွေမှာ အလုပ်အကိုင် က သရုပ်ဆောင်လုပ်လို့ ရုပ်ရှင်ရိုက်တဲ့အ ခါ နိုင်လွန်ချည်ပါတဲ့ အင်္ကျီကျပ်ကျပ် လေးဝတ်လိုက်တယ်၊ မီးထိုး မှန်ထိုးလိုက် တယ်ဆိုရင် ယားလာတယ်။ မှိုစွဲရောဂါမှာ ယားတဲ့ကိစ္စက ဒုက္ခအပေးဆုံးပါ။ အဲဒီအ ပြင် အဖတ်ဖတ်တွေလန်တယ်၊ အရေ ပြားက ရိပြီး ရဲလာတယ်၊ အရည်ထွက်ရင် ထွက်မယ်၊ တချို့လည်း ကုတ်ဖဲ့ထားလို့ ပြည်တည်နေတယ်၊ အဲဒီတော့ ရောင် ရမ်းနေပြီး မလှတော့ဘူး။ ဒါတွေကို သူ များတွေလည်း ကိုယ့်ကိုမြင်ပြီး အထင် သေးနိုင်တယ်၊ ကိုယ်ကလည်း လူကြား ထဲမှာ ကုတ်ရမှာ မရဲဘူးဖြစ်တယ်။ အတော်လေးကို ကသိကအောက် ဖြစ် စေတဲ့ရောဂါပါ။ အရေပြားမှိုစွဲရောဂါက ဒီထက်ကြာပြီးတော့ ကင်ဆာရောဂါများ ဖြစ်သွားမလား၊ ကုလို့မရတဲ့ အခြေအနေ အထိ ဖြစ်သွားမလားဆိုပြီး စိုးရိမ်စရာ တော့ မရှိပါဘူး။ ကျွန်မထပ်ပြောပါမယ်။ ခံစားရခက်တဲ့ဝေဒနာ ဖြစ်တာကလွဲရင် ဆိုးဆိုးရွားရွား ထိခိုက်နိုင်တာ မရှိပါဘူး။ အရေပြားအပေါ်ယံမှာပဲ နေပါတယ်။ အတွင်းဘက်ကို ဖောက်မ၀င်ပါဘူး။

◘ ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်
အရေပြားရောဂါအထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *