အိမ်ထောင်သည်တွေအနေနဲ့ စကားများရန်ဖြစ်ကြမယ် ဆိုရင် သွေးထဲကို ဘက်တီးရီးယားတွေရောက်ရှိလာစေပြီး ရော ဂါဆိုးတွေဖြစ်စေတဲ့ရောင်ရမ်းမှုတွေကို ခံစားရနိုင်တယ်လို့ အို ဟိုင်းအိုးပြည်နယ်တက္ကသိုလ်ရဲ့လေ့လာမှုသစ်တစ်ရပ်မှာ ဖော်ပြ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုရောင်ရမ်းမှုတွေကနေတစ်ဆင့် မတူညီတဲ့ကျန်းမာရေးပြဿနာတွေအများကြီး ဖြစ်ပေါ်လာစေ နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်း မာတဲ့အိမ်ထောင်သည်စုံတွဲ ၄၀ ကျော်ကို လေ့လာစောင့်ကြည့်ရာ မှာ အချင်းချင်းစကားများရန်ဖြစ်တဲ့အခါတိုင်း ခန္ဓာကိုယ်ရဲ့တုံ့ပြန် မှုတွေကိုစောင့်ကြည့် လေ့လာခဲ့ကြပါတယ်။ အဲဒီအခါမှာ ငြိမ်နေ တဲ့လူတွေထက် အချင်းများနေတဲ့လူတွေရဲ့သွေးထဲမှာ ရောဂါ ဖြစ်စေတဲ့ LPS-binding ပရိုတင်းပမာဏက မြင့်တက်သွား တာကိုမြင်တွေ့ရပါတယ်။ ဒီလိုအချင်းများတတ်တဲ့အိမ်ထောင် ဖက်တွေမှာတင်မကဘဲ စိတ်ကျရောဂါခံစားဖူးသူတွေမှာလည်း သွေးထဲမှာ ရောဂါဖြစ်စေတဲ့ LPS-binding ပရိုတင်းပမာဏ မြင့်တက်မှုကိုမြင်တွေ့နိုင်တယ်လို့ သိရပါတယ်။
(AP,4.10.18) အေးယုနိုင်