အိမ်သာနဲ့ ဝေးနေတဲ့နေရာမှာ အရမ်းဆီးသွားချင်နေရင်

သင့်ဆီးအိမ်က တစ်ဝက်လောက်ပြည့် နေချိန်မှာ သင့်အနေနဲ့ အိမ်သာကိုသွားပြီး ဆီးသွားချင်စိတ် ပေါ်ပေါက် လာတတ်ပါတယ်။ ခရီးရှည်ထွက်နေတာဖြစ်ပြီးချက်ချင်းဆီးသွားချင် စိတ်ပေါက်လာတဲ့ အခါမှာ အိမ်သာရောက်ဖို့က တော်တော်လေး ဝေးနေသေးတယ် ဆိုရင် အများစုက နေရထိုင်ရတာ သက်တောင့် သက်သာ မရှိကြတော့ပါဘူး။ လမ်းခရီးတစ်ဝက်မှာ ဆီးသွားချင်လာရင် အောက် ဖော်ပြပါတွေကို ပြုလုပ်ကြည့်ပါ။ အိမ်သာ ရောက်တဲ့ အထိဆီးထိန်းနိုင်မယ့် နည်းလမ်းတွေပါ။

၁ ။ လေလည်လိုက်ပါ။
သင့်အူထဲမှာ လေပွနေရင် အဲဒီလေတွေက ဆီးအိမ်ပေါ်ကို ပိုပြီးဖိအားပေးနိုင်ပါတယ်။ အူထဲက လေတွေကို အပြင်ကို ထုတ်ပေးလိုက်တာကြောင့် ဆီးအိမ်ပေါ် ဖိအားသက်ရောက်မှု လျော့နည်းလာပြီး ဆီးသွားချင်စိတ် ပျောက်သွားပါလိမ့်မယ်။

၂ ။ မတ်မတ်ထိုင်လိုက်ပါ။
သင်ရဲ့ ကိုယ်ဟန်အနေအထားက ဆီးအိမ်တစ်ဝှိုက်က ကြွက်သားတွေကို တင်းကျပ်မှု ရှိစေပြီး ဆီးထိန်းနိုင် အောင် ကူညီပေးပါတယ်။ ခါးကုန်းပြီးထိုင်တာက ဆီးအိမ်ပေါ် ဖိအား သက်ရောက်မှု ပိုများစေပါတယ်။ ခါးမတ်မတ် ထိုင်တာက ဆီးအိမ် ပေါ်ကဖိအား လျော့ကျသွားတဲ့ အတွက် ဆီးသွားချင်စိတ် ပျောက်သွားပါလိမ့် မယ်။

၃ ။ နွေးနွေးထွေးထွေးနေပါ။
သင်ချမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်က
အပူချိန်ကျဆင်းတာကို တုံ့ပြန်တဲ့ အနေနဲ့ ဆီးများများ ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် သင်ဆီးသွားချင် စိတ်ပေါက်လာရင် အနွေးထည်ဝတ် တာ၊ စောင်ခြုံတာလိုမျိုး ခန္ဓာကိုယ်ကို နွေးထွေးအောင်ပြုလုပ်လိုက်ပါ။

၄ ။ လှဲချ လိုက်ပါ။
လှဲလျောင်းပြီးနေတာက မတ်တတ်ရပ် ရက်နေတာထက် ဆီးအိမ်ပေါ်ကို သက်ရောက်တဲ့ ဖိအားလျော့နည်းတယ်လို့ လေ့လာမှုအရ သိရပါတယ်။ မတ်တတ်ရပ်နေစဉ်မှာ သင်ရဲ့ အနေအထားကို ထိန်းထားဖို့ ဝမ်းဗိုက် ကြွက်သားတွေကို အသုံးပြုရပြီး ဆီးရဲ့ အလေးချိန်ကပါ ဆီးအိမ်အပေါ် ဖိအားပေးထားပါတယ်။ ဒါကြောင့် ခရီးလမ်းတစ်ဝက် မှာ ဆီးပေါက်ချင် လာရင် ထိုင်ခုံ နောက်မှီကို လှန်ချလိုက် ပါ။

၅ ။ မတ်တတ်ရပ်နေစဉ် ခြေနှစ်ချောင်းကို ချိတ်ထားပါ။
ဆီးအိမ်ကဆီးတွေက ဆီးထွက်ပြွန်ကတစ်ဆင့် ကိုယ်ရဲ့ ပြင်ပကို ထုတ်ပေးတာပါ။ ခြေထောက်နှစ်ချောင်းကို ချိတ်ထားတာကြောင့် ဆီးထွက်ပြွန်ကို ညှစ်ထားပေးနိုင်ပါတယ်။ ခြေချိတ်ပြီးထိုင်တာကိုတော့ မပြုလုပ်ရပါဘူး။ ဆီးအိမ်ပေါ် ဖိအားပိုမို ကျရောက်သွားနိုင်တာကြောင့်ပါ။

၆ ။မရယ်မောမိအောင်ကြိုးစားပါ။
ရယ်မောလိုက်တဲ့အခါမှာ ဝမ်းဗိုက် ကြွက်သားတွေက တင်းမာသွားကာ ဆီးအိမ်ပေါ် ဖိအား သက်ရောက် သွားပါတယ်။ ဒါ့အပြင် ဆီးထွက်ပြွန်နဲ့ အနီးဆုံးမှာရှိတဲ့ ဆီးယိုစိမ့်မထွက် ကျအောင် ထိန်းချုပ်ပေးတဲ့ ကြွက်သားက relax ဖြစ်သွားတာကြောင့် ဆီးထွက်ကျနိုင်ပါတယ်။

၇ ။ အာရုံလွှဲလိုက်ပါ။
သင့်ဆီးအိမ်မှာ ဆီးတစ်ဝက်လောက်ပြည့်နေတဲ့ အခါမှာ ဆီးအိမ် အတွင်းက အာရုံကြောတွေက ဦးနှောက်ကို ဆီးသွားဖို့ အချက်ပေးလိုက်ပါတယ်။ ဒါကြောင့် ဆီးသွားချင် စိတ်ပေါက်လာပေမယ့် ချက်ချင်းကြီး သွားဖို့ မလိုအပ်သေးတဲ့ အတွက် အာရုံလွှဲပြောင်းလိုက်တာက ဆီးအောင့် ထားနိုင်ပါတယ်။ ဆီးသွားချင်လာရင် ဖုန်းပွတ်တာ၊ ဖုန်းနဲ့ စကားပြောနေတာမျိုးတွေကို ပြုလုပ်လိုက်ပါ။

၈ ။ တင်ပါးဆုံကို ညှစ်ပါ။
ဆီးသွားချင်စိတ်ကို ထိန်းချုပ်နိုင်အားဟာ ဆီးထွက်ပြွန် ပတ်လည်မှာရှိတဲ့ တင်ပဆုံကွင်းကြွက်သားတွေရဲ့ တင်းအားအပေါ်မှာ မူတည်ပါတယ်။ ဆီးထိန်းနိုင်အောင် ဒီကြွက်သားတွေ တင်းအားကောင်းဖို့ လိုအပ်တဲ့အတွက် တင်ပါးဆုံကို ညှစ်အားပေးတဲ့လေ့ကျင့်ခန်းကို နေ့စဉ် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ထိုင်နေရင်း၊ မတ်တပ် ရပ်နေရင်းနဲ့ ပြုလုပ်နိုင်ပါတယ်။

Tips
ခါတိုင်းထက် ပိုမို ပြီး သင့်ဆီးထိန်းနိုင် အောင်။
တစ်ချို့လူတွေက တစ်ခြားလူတွေထက် ဆီးသွားတဲ့ အကြိမ်ရေ ပိုပြီး များပြား တတ်ပါတယ်။ ဒါကို အကျင့် ဆိုးလို့ မထင်မှတ်ဘဲ ပြုပြင်ယူလို့ရပါတယ်။
– သင်ရဲ့ တစ်နေ့တာ ဆီးသွားတတ် တဲ့ အချိန်နဲ့ အကြိမ်ရေကို မှတ်သားထားပါ။
– သင်ဆီးသွားနေကြ အကြိမ် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားကို ၁၅ မိနစ်ခန့် နောက်ဆုတ်လိုက်ပါ။
– မနက် အိပ်ရာထ ဆီးသွားပြီးနောက်ပိုင်းမှာ ဆီးသွားချင် စိတ်ပေါက်လာရင် အထက်ဖော်ပြပါ ၈ မျိုးထဲက တစ်မျိုးမျိုးနဲ့ လေ့ကျင့်ကြည့်ပါ။
– သင်ရဲ့ ဆီးသွားချိန် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားကို နေ့စဉ် ၁၅ မိနစ် စီနောက်ဆုတ်သွားပါ။ တစ်လလောက်အကြာမှာ ချက်ချင်းဆီး သွားချင်စိတ် ပျောက်ကင်းသွားပါလိမ့်မယ်။

မှတ်ချက်။
မကြာခဏ ဆီးအောင့်ထားတာကတော့ မကောင်းလှပါဘူး။ ဆီးလမ်းကြောင်း အတွင်းပိုးဝင်နိုင်တာမို့ ဆီးသွားချင်လာရင် ဆီးသွားလိုက်ပါ။

အထက်ဖော်ပြပါတွေက အရေးပေါ် အခြေအနေတွေမှာ အသုံးပြုဖို့ပါ။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal