အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ

လူတွေသတိမထားမိကြတဲ့ အိမ်တွင်း လေထုညစ်ညမ်းမှုတွေကြောင့် ရောဂါဝေ ဒနာတွေခံစားနိုင်ရတဲ့အတွက် အိမ်တွင်း သန့်ရှင်းရေးကလည်း ကျန်းမာရေးကောင်း မွန်စေဖို့ အဓိကကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုကိုဖြစ် စေတဲ့အကြောင်းရင်းကို သိပါရစေ။
အိမ်တွင်းလေဝင်လေထွက်စနစ် အားနည်းတာကြောင့် အိမ်တွင်းမှာ ခို အောင်းနေတဲ့ ၊ ကျန်းမာရေးနဲ့မညီညွတ် တဲ့လေကို ရှူမိရာကနေ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာတာဖြစ် ပါတယ်။ အဓိကဖြစ်ရတဲ့အကြောင်းရင်း တွေက ထင်း^မီးသွေးမီးဖိုတွေကို အသုံး ပြုပြီး အစားအသောက်ချက်ပြုတ်တာ၊ ဖယောင်းတိုင် အမွှေးတိုင် ခြင်ဆေးခွေ ထွန်းတာ၊ အိမ်တွင်းမှာ ဆေးလိပ်သောက် တာ၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အမွေးအ မှင်တွေ၊ အညစ်အကြေးတွေနဲ့ ပတ်ဝန်း ကျင်က အမှိုက်တွေကို မီးရှို့တဲ့အခါထွက် လာတဲ့ မီးခိုးငွေ့တွေကြောင့် အိမ်တွင်း လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။
ကျေးလက်ဒေသတွေမှာဆိုရင် ထ မင်း၊ ဟင်းချက်ပြုတ်ဖို့ မီးခိုးအထွက်များ တဲ့လောင်စာတွေကို အသုံးများတာတွေ ကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုကို ပိုပြီးဖြစ်စေပါတယ်။ ဒါ့အပြင် အိုဟောင်း နေတဲ့ယာဉ်တွေ၊ အိမ်သုံး၊ စက်ရုံသုံး၊ စိုက် ပျိုးရေးသုံးစွန့်ပစ်ပစ္စည်းတွေကို အိမ်ပတ် ဝန်းကျင်မှာ မီးရှို့တာတွေကြောင့်လည်း အိမ်တွင်းလေထုညစ်ညမ်းမှု ဖြစ်နိုင်တယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်စေ တဲ့၊ လူတွေသတိမထားမိတဲ့အ ချက်တွေကော ရှိပါသလား။
လူတွေသတိမထားမိတဲ့အကြောင်း ရင်းတွေကတော့ အိမ်သုတ်ဆေးတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အို ဟောင်းနေတဲ့အိမ်တွေမှာ မူလကသုတ် ထားတဲ့ အိမ်သုတ်ဆေးတွေကလည်း အ မှုန့်တွေကွာကျပြီး အမှုန့်တွေက လေထု ညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ စီးက ရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေ သောက်တာကလည်း အိမ်တွင်း၊ အိမ်ပြင် ကိုပါ လေထုညစ်ညမ်းစေပြီး ရှူရှိုက်မိသူ ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ လေထု ညစ်ညမ်းမှုဖြစ်စေနိုင်ပါတယ်။ စားကြွင်း စားကျန်အမှိုက်တွေ၊ ပြတင်းပေါက်မှန် တွေ ဖုန်တက်နေတာ၊ အဝတ်တွေကို မလျှော်ဖွပ်ဘဲစုပုံထားတာကြောင့် ပိုးမွှား အင်းဆက်တွေဖြစ်စေပြီး မှိုတက်တာ၊ မ ကောင်းတဲ့အနံ့အသက်ထွက်တာတွေ ဖြစ် စေနိုင်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုတွေ ကြောင့် လတ်တလောအနေနဲ့ ဘယ် လိုရောဂါဝေဒနာတွေ ခံစားရပါသ လဲ။
ညစ်ညမ်းတဲ့လေထုတွေကို ရှူရှိုက် မိရာက လတ်တလောအနေနဲ့ခံစားရမယ့် ရောဂါလက္ခဏာတွေကတော့ ပင်ပန်းနွမ်း နယ်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ ချောင်းဆိုးတာ၊ နှာချေတာ၊ မျက်စိ နှာခေါင်း လည်ချောင်း ယားယံတာ၊ ပျို့အန်တာ၊ အသက်ရှူကျပ်တာ၊ အရေးပြားယားယံ တာတွေ ဖြစ်စေနိုင်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုတွေ ကြောင့် ဘယ်သူတွေက ထိခိုက် နိုင်ခြေပိုများနိုင်ပါသလဲ။
အိမ်တွင်းလေထုညစ်ညမ်းမှုတွေ ကြောင့် အိမ်မှာအမြဲနေလေ့ရှိတဲ့ အမျိုး သမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေမှာ ထိခိုက်နိုင်ခြေပိုများပါ တယ်။ ဒီလိုမိသားစုတွေမှာ ကျန်းမာရေး ပြဿနာတွေဖြစ်မလာစေဖို့အတွက် (အ ထူးသဖြင့် ကလေးငယ်တွေနဲ့သက်ကြီး ရွယ်အိုတွေ ကျန်းမာရေးထိခိုက်နိုင်ခြေ နည်းပါးအောင်) မိသားစုလိုက် ၀ိုင်းဝန်း ဂရုစိုက်ကြဖို့ လိုအပ်ပါတယ်။ အိမ်တွင်း လေထုညစ်ညမ်းတာတွေကြောင့် မြန်မာ နိုင်ငံမှ ကလေးတွေအတော်များများက ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေဖြစ်ပြီး သေဆုံးနေတာ တွေရှိနေပါတယ်။

ရေရှည်ခံစားရမယ့် ကျန်းမာရေး ပြဿနာတွေကကော ဘာတွေဖြစ် နိုင်ပါသလဲ။
ညစ်ညမ်းတဲ့လေထုတွေကို တာရှည် ရှူရှိုက်ရတဲ့အခါ ဖြစ်ပေါ်လာမယ့်ကျန်းမာ ရေးဆိုးကျိုးတွေက အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါတွေ (ပန်းနာ ရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နာတာ ရှည်အဆုတ်ပွလေ>ပန်ကျဉ်းရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်နဲ့ အသံ အိုးကင်ဆာရောဂါ၊ ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖွံံ့ဖြိုးမှု အားနည်းတာတွေနဲ့ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးတာတွေ ဖြစ်စေနိုင်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုလျှော့ ချနိုင်မယ့်ကာကွယ်ရေးနည်းလမ်း တွေကို သိပါရစေ။
နေအိမ်အခန်းတွေနဲ့ မီးဖိုချောင်တွေ ကို လေဝင်လေထွက်ကောင်းအောင် လုပ်သင့်ပါတယ်။ အိမ်တွင်းမှာ ဆေးလိပ် သောက်တာကို ရှောင်ကြဉ်ပါ။ နေအိမ်ခန်း တွေကို အလုံပိတ်ပြီး ဖယောင်းတိုင်ထွန်း တာ၊ အမွှေးတိုင်ထွန်းတာနဲ့ ခြင်ဆေး ခွေထွန်းတာတွေကို လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အစားအသောက်ချက်ပြုတ် တဲ့အခါ ထင်းနဲ့မီးသွေးအစား လျှပ်စစ်မီး၊ ဓာတ်ငွေ့လောင်စာတွေကို သုံးသင့်ပါ တယ်။ လျှပ်စစ်မီး ဒါမှမဟုတ် LPG ဓာတ် ငွေ့မရရှိတဲ့နေရာတွေမှာ မီးခိုးငွေ့အ ထွက်နည်းစေဖို့ စနစ်တကျပြုလုပ်ထား တဲ့ မီးဖိုအမျိုးအစား၊ စနစ်တကျပြုပြင် ထားတဲ့ လောင်စာတွေကို ရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။ အိမ်အနီးပတ်ဝန်း ကျင်တွေက အမှိုက်သရိုက်တွေ စုပြုံ တာတွေ၊ မီးရှို့တာတွေကို ရှောင်ကြဉ်သင့် ပါတယ်။ အမှိုက်တွေများလာရင် လူနေ ရပ်ကွက်တွေနဲ့ဝေးတဲ့ပတ်ဝန်းကျင်တွေမှာ သန့်ရှင်းရေးစံချိန်စံညွှန်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ အိမ် ပြတင်းပေါက်တွေကို အနည်းဆုံး မိနစ် ၂၀ လောက်ဖွင့်ထားပေးပါ။ အိမ်တွင်းအ လှဆင်ပန်းပင်တွေကို စိုက်ပျိုးထားပါ။ အဲဒီလိုပန်းပင်တွေကို စိုက်ပျိုးထားတာ က အိမ်တွင်းကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့ကို စုပ်ယူပြီး သန့်ရှင်းလတ်ဆတ်တဲ့ အောက်ဆီဂျင်ကို ရရှိစေမှာပါ။ အိမ်တွင်း မှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှလကာရည်၊ မုန့်ဖုတ်ဆော်ဒါတွေနဲ့ လည်း သန့်စင်ပေးသင့်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုမဖြစ် ရအောင် ဘာတွေဆောင်ရွက်သင့် ပါသလဲ။
လေထုညစ်ညမ်းမှုမဖြစ်စေဖို့က မိမိ ကိုယ်တိုင်၊ ကိုယ်ရဲ့မိသားစု၊ ပတ်ဝန်းကျင် ကလူတွေပါ ၀ိုင်းဝန်းဆောင်ရွက်ဖို့လိုပါ တယ်။ တစ်နေ့တစ်ကြိမ်ဖြစ်ဖြစ်၊ တစ် ရက်ခြားတစ်ကြိမ်ပဲဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးပါ။ ကော်ဇောအထူကြီးတွေခင်း တာထက် ကြမ်းခင်းပါးပါးလေးတွေကို ခင်းပေးသင့်ပါတယ်။ လေအေးပေးစက်၊ လေသန့်စင်စက်၊ စိုထိုင်းဆထိန်းညှိစက်၊ အဲကွန်းတပ်ဆင်ပြီး တစ်နေ့ကိုတစ်ကြိမ် လောက် ဖွင့်ပေးသင့်ပါတယ်။ အိမ်တွင်း မှာ အမွှေးနံ့တွေများများဖျန်းတာကို ရှောင် ပါ။ ခေါင်းအုံးစွပ်၊ စောင်၊ အိပ်ရာခင်းတွေ ကို တစ်ပတ်တစ်ကြိမ်လောက် လျှော်တာ ဖြစ်ဖြစ်၊ နေပူလှန်းတာမျိုးဖြစ်ဖြစ် ဆောင် ရွက်သင့်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုတွေ ကြောင့် အသက်ဆုံးရှုံးနိုင်တဲ့အထိ ထိခိုက်မှုရှိနိုင်ပါသလား။
အိမ်တွင်းလေထုညစ်ညမ်းမှုတွေ ကို ကြာရှည်အောင်ထိတွေ့ရတဲ့အခါ ပန်းနာရင်ကျပ်ရောဂါတွေ၊ နာတာရှည်အ ဆုတ်ပွရောဂါ၊ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်လာရာကနေ ပိုပြီးဆိုးရွားတဲ့အခြေအ နေတွေ ဖြစ်လာနိုင်ပြီး လေဖြတ်တာတွေ၊ အဆုတ်ကင်ဆာရောဂါတွေ ဖြစ်လာနိုင် ပြီးတော့ အရွယ်မတိုင်ခင်သေဆုံးတာ တွေ ဖြစ်လာနိုင်ပါတယ်။

လေထုညစ်ညမ်းမှုကိုကာကွယ်နိုင် ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်မလဲ။
လေထုညစ်ညမ်းမှုတွေကို ကာ ကွယ်ပေးနိုင်မယ်ဆိုရင် ကလေးတွေအ တွက် အကျိုးရှိလာရုံသာမက ကျန်းမာ ရေးစောင့်ရှောက်မှုအတွက် ကုန်ကျစ ရိတ်တွေလည်း သက်သာလာမယ်။ လူ သားတိုင်းအတွက်လည်း ပိုပြီးလုံခြုံစေတဲ့ ပတ်ဝန်းကျင်တစ်ခုရရှိစေမှာဖြစ်တဲ့အ တွက် လူထုရဲ့လုပ်ရည်ကိုင်ရည်ကလည်း ပိုပြီးတိုးတက်လာပါမှာဖြစ်ပါတယ်။

♦ ဒေါက်တာသန်းစိန် (ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဌ)

Post Author: Good Health Journal