အိပ်ရာက စောစောထချင်ပါသလား အောက်ပါတို့ကို ရှောင်ကြဉ်လိုက်ပါ

စောစောအိပ်ရာဝင်ပြီး အိပ်ရာ ကနေ စောစောနိုးထတာက ကျန်းမာ ရေးကောင်းမွန်နိုင်ပြီး အလုပ်တွင်တွင် ကျယ်ကျယ်ပြီးမြောက်နိုင်တယ်ဆိုတာ သိရှိနေကြပေမယ့် အိပ်ရာကစောစောထ ဖို့ အခက်အခဲဖြစ်နေပါသလား။ မနက် စောစောအိပ်ရာကမထနိုင်တဲ့အတွက် ထမင်းဘူးအတွက် အချိန်မီ မပြင်ဆင်နိုင် တာတွေအပြင် ရုံးကို ကပျာကယာ အပြေးအလွှားသွားရတာကြောင့် ရုံး နောက်ကျလို့ လခအဖြတ်ခံရတဲ့အပြင် ထမင်းစားဖို့အတွက်လည်း ငွေကုန်ကြေး ကျများရတတ်ပါတယ်။ ဒီလိုငွေကုန် ကြေးကျများတဲ့ဒဏ်ကို မခံနိုင်တော့လို့ စောစောထဖို့ ကြိုးစားပေမယ့် အခုအထိ အရာမရောက်ဖြစ်နေသူတွေအနေနဲ့ အောက်ပါတို့ကို ရှောင်ကြဉ်လိုက်ပါ။

၁။ သင့်အိပ်ခန်းကို မီးထွန်းထား ခြင်း
မနက်အိပ်ရာက စောစောထလိုသူ တွေအနေနဲ့ မိမိအိပ်ခန်းကို အမှောင်ချ ပြီး အိပ်သင့်ပါတယ်။ သင့်အခန်းကို အမှောင်ချထားပါမှ အိပ်ရာကနိုးထ လာလို့ အလင်းရောင်ကို မြင်တွေ့ရရင် နေထွက်ပြီဆိုတာကို သဲသဲကွဲကွဲ သိရှိ နိုင်မှာပါ။ ဒါ့အပြင် သင်ရဲ့မျက်လုံးက ရောင်ခြည်တန်းနဲ့ မထိတွေ့တော့မှသာ အိပ်စက်မှု ဟော်မုန်းတွေ ထွက်ရှိလာ တဲ့အတွက်အခန်းက မှောင်နေရင် သင့် ဦးနှောက်က အိပ်စက်ဖို့ အချိန်ကျလာ ပြီဆိုတာကို သိရှိသွားတာကြောင့် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားနိုင်ပါတယ်။
ဖြေရှင်းနည်း
သင်ရဲ့လက်ကိုင်ဖုန်း၊ တက်ဘ ဘက်နဲ့ အီလက်ထရွန်နစ်ပစ္စည်းအား လုံးကို အိပ်ရာမ၀င်ခင်တစ်နာရီလောက် အလိုမှာ သင်နဲ့ ဝေးတဲ့နေရာမှာ ထား လိုက်ပါ။

၂။ နှိုးစက်အကြိမ်ကြိမ်ပေးထား ခြင်း
မနက်အိပ်ရာက စောစောထနိုင်ဖို့ အတွက် နှိုးစက်ကို အနည်းဆုံး သုံး ကြိမ်လောက်ပေးထားလေ့ရှိပါတယ်။ ငါးမိနစ်လောက် နှပ်ဦးမယ်၊ ၁၀ မိနစ် လောက်နှပ်ဦးမယ်ဆိုပြီး နှိုးစက်ပြန်ပိတ် ကာ ပြန်လည်အိပ်တာက ကောင်းတဲ့ အလေ့အကျင့်မဟုတ်ပါဘူး။ ၁၅ မိနစ် လောက် အိပ်ပျော်သွားတာက နှစ်ခြိုက်မှု မရှိတဲ့အတွက် အိပ်ရာက ပြန်လည်ထဖို့ ခဲယဉ်းနိုင်ပါတယ်။
ဖြေရှင်းနည်း
ဒီလိုလုပ်မယ့်အစား သင်ထနိုင်မယ့် အချိန်တစ်ခုတည်းကိုသာ နှိုးစက်ပေး ထားလိုက်ပါ။ ကြာလာရင် ခန္ဓာကိုယ်က ကျင့်သားရပြီး မနက်အချိန်မှန်အိပ်ရာ ထတဲ့အကျင့်ရရှိသွားပါလိမ့်မယ်။

၃။ နံနက်စာမစားဘဲနေခြင်း
မနက်စာ စားသုံးတာနဲ့ အိပ်စက်မှု စက်ဝန်းဆက်စပ်မှုရှိတယ်ဆိုတာ သင် သိပါရဲ့လား။ နံနက်စာ စားလိုက်တဲ့အ ချိန်မှာ ခန္ဓာကိုယ်က ဇီဝနရီကို ပြန်လည် ပြင်ဆင်ပေးလိုက်ပါတယ်။ မနက်စာစား တဲ့အချိန်ကစပြီး အိပ်ချိန်ရောက်တဲ့အထိ ဇီဝနရီက ရေတွက်သွားတာပါ။ နံနက်စာ မစားဘဲနေပြီး နေ့လယ်စာ စားချိန်ကျမှ သာ အစာစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ဇီဝနရီရေတွက်တဲ့အိပ်ချိန်က အလိုလို နောက်ကျသွားပါတယ်။
ဥပမာအားဖြင့် မနက် ၈ နာရီမှာ မနက်စာစားသူတွေရဲ့ အိပ်ငိုက်ချိန်က ည ၁၀ နာရီလောက် ဖြစ်ပြီး မနက်စာကို ၁၁ နာရီလောက်မှ စားသူတွေရဲ့ အိပ် ငိုက်ချိန်က ညသန်းခေါင် တစ်နာရီအချိန် ဖြစ်နေတာပါ။ ဒါ့အပြင် နံနက်စာမစား ဘဲနေတာကြောင့် စိတ်ဖိစီးမှုဟော်မုန်း တွေ ထွက်ရှိလာပြီး မျက်စိကြောင်သွား နိုင်ပါတယ်။

၎။ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိ သော ညစာစားခြင်း

ညစာကို အဆီအအိမ့်များတဲ့အစာ စားသုံးပြီး ကိတ်မုန့်လိုမျိုးအချိုစာတွေကို အချိုတည်းတာက အိပ်စက်မှုစက်ဝန်း ကို နောက်ကျသွားစေနိုင်ပါတယ်။
ဖြေရှင်းနည်း
အဆီများတဲ့အစာ၊ ဘူဖေးလိုမျိုး အစာတွေကို အိပ်ရာမ၀င်ခင် ငါးနာရီအ လိုကတည်းက စားပါ။

၅။ အချိန်ဇယားအတိအကျမရှိ ခြင်း
ခန္ဓာကိုယ်နေ့စဉ်လုပ်ရမယ့်အချိန် ဇယားကို သတ်သတ်မှတ်မှတ်ထားသင့် ပါတယ်။ အိပ်ချိန်၊ စားချိန်၊ ထချိန်တွေ ကို တူညီစွာ ထားရပါမယ်။ အိပ်ရာဝင် ချိန်နဲ့ အိပ်ရာထချိန်က တစ်နေ့ တစ်မျိုး ဖြစ်နေရင် မနက်အိပ်ရာက စောစောထ နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပင်ပန်း နွမ်းနယ်ပြီး အိပ်ငိုက်သလို ခံစားရနိုင်ပါ တယ်။
ဖြေရှင်းနည်း
တူညီတဲ့ အိပ်စက်ချိန်ကို နေ့တိုင်း အတွက် တစ်ပြေးညီသတ်မှတ်ထားပါ။

၆။ ရေနွေးဖြင့် ရေချိုးခြင်း
သင့်ခန္ဓာကိုယ်ရဲ့ အပူချိန်က ည ၁၀ နာရီနောက်ပိုင်းမှာ အလိုလိုကျဆင်း လာပြီး အိပ်စက်ဖို့အတွက် အကောင်း ဆုံးအပူချိန်ကို ထိန်းချုပ်ပေးထားပါ တယ်။ ရေနွေးနဲ့ ရေချိုးလိုက်တဲ့အတွက် ခန်္ဓာကိုယ်အတွင်း အပူချိန်တွေ မြင့် တက်လာတာကြောင့် တော်ရုံနဲ့ အိပ်မပျော် တာတွေ ဖြစ်လာနိုင်ပါတယ်။
ဖြေရှင်းနည်း
အိပ်ရာဝင်ချိန်မှာ ကိုယ်အပူချိန် ပြန်လည်ကျဆင်းဖို့ လုံလောက်တဲ့အချိန် ရှိမှသာ ရေနွေးနဲ့ ရေချိုးသင့်ပါတယ်။
◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *