အိပ်မပျော်ခြင်းအကြောင်း သင်ဘယ်လောက်သိပါသလဲ

ဒီရက်ပိုင်းထဲ ညညအိပ်မပျော်တဲ့ သူတွေ များနေကြပါတယ်။ စိတ်ဖိစီးမှု များတာရော၊ စိတ်ဓာတ်ကျတာရော၊ စိုးရိမ်ပူပန်စိတ်များတာရော၊ ကိုယ်လက် လှုပ်ရှားမှုနည်းတာကြောင့်ပါ တော်ရုံနဲ့ အိပ်မပျော်ကြတာပါ။ အိပ်မပျော်ရတဲ့ အကြောင်းတွေကို ဒီ Quiz လေးဖြေ ရင်း လေ့လာကြည့်ကြရအောင်။

၁။ ညဘက်အိပ်မပျော်ပါက ဘာတွေဖြစ်လာနိုင်ပါသလဲ။
(က) မှတ်ဉာဏ်ဆိုင်ရာပြဿနာတွေ
(ခ) အက်ဆီးဒန့်တွေ
(ဂ) စိတ်ဓာတ်ကျတာတွေ
(ဃ) အပေါ်ကအချက်တွေအကုန်

၂။ အောက်ပါတို့အနက် ဘယ်အရာက အိပ်ရေးမဝဖြစ်စေနိုင်ပါသလဲ။
(က) အေးလွန်းတဲ့အိပ်ခန်း
(ခ) နောက်ကျမှစားတဲ့ ညစာ
(ဂ) ညတိုင်းအိပ်ရာဝင်တဲ့ အချိန်မှန် ရင်
(ဃ) အပေါ်ကအချက်အားလုံး

၃။ ညဘက်အိပ်မပျော်တာကို ဘာနဲ့ ကုသနိုင်ပါသလဲ။
(က) အိပ်ဆေး
(ခ) အမူအကျင့်တွေပြောင်းလဲခြင်း
(ဂ) နှစ်မျိုးလုံး

၄။ အိပ်ဆေးက စွဲတတ်ပါသလား။
(က) စွဲတယ်
(ခ) မစွဲဘူး

၅။ တစ်နေ့ကို အိပ်ချိန် ဘယ်နှနာရီ အနည်းဆုံးရှိသင့်ပါသလဲ။
(က) ငါးနာရီ
(ခ) ခြောက်နာရီ
(ဂ) ခုနှစ်နာရီ

၆။ ဘယ်လိုအခြေအနေမျိုးမှာ အိပ်ရေးမဝဖြစ်တတ်လဲ။
(က) အလုပ်ကိစ္စခရီးရှည်ထွက်ရတဲ့အခါ
(ခ) စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်ရတဲ့အခါ
(ဂ) အလုပ်အကိုင်မရှိတဲ့အခါ
(ဃ) အပေါ်ကအခြေအနေ သုံးမျိုး လုံး

၇။ အိပ်ရေးပျက်တာက ဝစေနိုင်ပါသလား။
(က) မှန်
(ခ) မှား

၈။ ဘယ်သူတွေမှာ အိပ်မပျော်နိုင်ခြေ ပိုများလဲ။
(က) ယောကျာ်း
(ခ) မိန်းမ
(ဂ) တူတူပဲ

၉။ အိပ်ရေးပျက်ပါက ဘာရောဂါဖြစ် နိုင်ခြေများစေပါသလဲ။
(က) နှလုံးရောဂါ
(ခ) သွေးတိုးရောဂါ
(ဂ) ဆီးချိုရောဂါ
(ဃ) အပေါ်ကရောဂါအကုန်

၁၀။ ဘယ်အရာက အိပ်ပျော်စေနိုင်ပါ သလဲ။
(က) နေ့တိုင်းလေ့ကျင့်ခန်းလုပ်ခြင်း
(ခ) မအိပ်ခင်ဖုန်းသုံးခြင်း
(ဂ) အိပ်ရာထဲ စာဖတ်ခြင်း

၁၁။ အိပ်မပျော်ရခြင်းရဲ့ အဓိကအကြောင်းရင်းက..
(က) စိတ်ဓာတ်ကျခြင်း
(ခ) ခေါင်းကိုက်ခြင်း
(ဂ) Restless Legs Syndrome

———————————– မေးခွန်းတွေကို ဦးစွာ ဖြေကြည့်ပြီးမှ အောက်မှာ အဖြေကို တိုက်စစ်ကြည့်နော်…

၁။ (ဃ) အပေါ်ကအချက်တွေအကုန်
ညဘက်အိပ်မပျော်တာက ထင်ထားတာထက် ပိုဆိုးတာတွေကို ဖြစ် လာစေနိုင်ပါတယ်။ အိပ်မပျော်တာ တွေများလာရင် ညဘက်အိပ်ရေးဝသူ တွေနဲ့ ယှဉ်ပါက စိတ်ဓာတ်ကျနိုင်ခြေ ဆယ်ဆပိုများတတ်ပါတယ်။ တစ်ရက် နှစ်ရက်လောက် အိပ်ရေးမဝရင် တောင် နေ့လယ်ဘက်တွေမှာ အိပ်ငိုက် ပင်ပန်းနေတတ်ပါတယ်။ အာရုံစူးစိုက် ရာမှာခက်ခဲတာ၊ ဆုံးဖြတ်ချက်ချရာမှာ ခက်ခဲတာ၊ အမေ့မေ့အလျော့လျော့ ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

၂။ (ခ) နောက်ကျမှစားတဲ့ ညစာ
ညစာကိုနောက်ကျမှ အများကြီး စားပါက ညဘက်တော်ရုံနဲ့အိပ်မပျော် တော့ပါဘူး။ အိပ်ခန်းထဲ ပူအိုက်နေရင် လည်း အိပ်ရခက်ပါတယ်။ အိပ်ခန်းက မှောင်မည်းတိတ်ဆိတ်ပြီး အေးနေမှ အိပ်ပျော်လွယ်မှာပါ။ ဓာတ်မတည့်တာ တွေ၊ ရင်ကျပ်ပျောက်ဆေးတွေက လည်း အိပ်ရေးမဝစေနိုင်ပါဘူး။

၃။ (ဂ) နှစ်မျိုးလုံး
ညဘက်အိပ်မပျော်ရင် အိပ်ဆေး သောက်အိပ်နိုင်သလို အမူအကျင့် တွေ၊ lifestyle တွေ ပြောင်းလဲလိုက် ရင်လည်း ရပါတယ်။ ညဘက်အိပ် ရာဝင်ချိန်ကို ညတိုင်းတစ်ချိန်တည်း ဖြစ်အောင် ညှိပါ။ အိပ်ခန်းထဲ မှောင် နေပါစေ။ ကိုယ်လက်လှုပ်ရှားလေ့ ကျင့်ခန်းလုပ်ပါ။ နေ့လယ်နေ့ခင်းတစ် ရေးအိပ်တာ၊ နေ့လယ်စာနောက်ပိုင်း ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပါ။

၄။ (ခ) မစွဲဘူး
အိပ်ဆေးသောက်တာများရင် စွဲသွား ပြီး မသောက်မနေရဖြစ်သွားမှာကို စိုး ရိမ်တတ်ကြပါတယ်။ တကယ်တော့ စိတ်ကဖြစ်တာပါ။ မစွဲတတ်ပါဘူး။

၅။ (ဂ) ခုနစ်နာရီ
လူအနည်းစုသာ တစ်နေ့ကို ခြောက်နာရီ အိပ်ရုံနဲ့လုံလောက်တာ ပါ။ အများစုကတော့ အိပ်ချိန် ခုနစ်နာ ရီနဲ့အထက်ရှိမှကို အိပ်ရေးဝတာပါ။

၆။ (ဃ) အပေါ်ကအခြေအနေ သုံးမျိုးလုံး
အလုပ်ကိစ္စခရီးရှည်ထွက်ရတဲ့ အခါ အထူးသဖြင့် လေယာဉ်နဲ့ခရီးနှင် ရတဲ့အခါ အချိန်ဇုန်ကွာဟလို့ အိပ်ချိန် တွေ ကမောက်ကမဖြစ်ကာ အိပ်ရေး ပျက်တတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုး ရိမ်ပူပန်မှုတို့ကလည်း အိပ်ပျက်စေ နိုင်ပါတယ်။

၇။ (က) မှန်
အိပ်တာနည်းလေလေ ဝလာနိုင် လေလေပါပဲ။ အိပ်စက်ခြင်းက အစာ စားချင်စိတ်ဖြစ်ပေါ်စေတဲ့ Ghrelinဟော်မုန်းကို လျော့နည်းစေနိုင်ပါတယ်။ ဗိုက်ပြည့်စေနိုင်တဲ့ ဟော်မုန်း Leptin ကိုလည်း များစေပါတယ်။ ဒါ ကြောင့် အိပ်ရေးပျက်ပါက ဗိုက်ပိုဆာ စေပြီး ပိုစားမိစေလို့ ဝလာတတ်တာ ပဲဖြစ်ပါတယ်။

၈။ (ခ) မိန်းမ
မိန်းမတွေက ယောက်ျားတွေ ထက် အိပ်မပျော်နိုင်ခြေ နှစ်ဆများပါ တယ်။ ဓမ္မတာလာချိန် ဟော်မုန်းအ ပြောင်းအလဲ၊ ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်းတို့က အိပ်ရေးပျက်စေတဲ့အကြောင်းရင်းတချို့ပါ။

၉။ (ဃ) အပေါ်ကရောဂါအကုန်
အိပ်ရေးပျက်ပါက ကိုယ်အလေး ချိန်တက်လာစေနိုင်ရုံမျှမက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ စိတ်ဓာတ်ကျ ရောဂါပါ ဖြစ်လာစေနိုင်ပါတယ်။

၁၀။ (က) နေ့တိုင်းလေ့ကျင့်ခန်းလုပ် ခြင်း
လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပေးပါ က အိပ်ကောင်းခြင်းနဲ့ အိပ်ပျော်စေနိုင် ပါတယ်။ အိပ်ခါနီးနာရီပိုင်းအလိုမှတော့ လေ့ကျင့်ခန်းမလုပ်နဲ့ပေါ့။ အိပ် ရာထဲမှာ စာဖတ်တာ၊ ဖုန်းသုံးတာ၊ Laptop သုံးတာတွေ မလုပ်သင့်ပါဘူး။ မျက်စိကြောင်ကာ အိပ်ရခက်စေပါ တယ်။

၁၁။ (က) စိတ်ဓာတ်ကျခြင်း
စိတ်ဓာတ်ကျတာက အိပ်မပျော် ရခြင်း၊ အိပ်ရေးမဝခြင်းရဲ့ အဓိကအ ကြောင်းရင်းတစ်ခုပါ။ Restless Legs Syndrome ဖြစ်တဲ့ ခြေထောက်နာတာ၊ ကျဉ်တာ၊ စူးခနဲဖြစ်တာကလည်း အိပ် ရခက်စေပါတယ်။

#ဒေါက်တာနုမြတ်သိင်္ဂီဦး
#GoodHealthQuiz
#GoodHealthJournal

Post Author: Good Health Journal