အန္တရာယ်ရှိမှန်းမသိသည့်အတွက် နေ့စဉ်ပြုလုပ်တတ်သည့် အရာများ

အလူတွေက မိမိအန္တရာယ်ကျရောက်မှာကို ကြိုပြီး ခန့်မှန်းတတ်ကြပါတယ်။ ဒါ ပေမဲ့ မိမိထင်မှတ်မထားတဲ့အရာတွေကလည်း မိမိကို အန္တရာယ်ပေးနိုင်ပါတယ်။ အောက်ပါတို့ဟာ မိမိအတွက် အန္တရာယ်ကျရောက်နိုင်မှန်းမသိတဲ့အတွက် နေ့စဉ်ပြု လုပ်မိနေတဲ့အရာတွေဖြစ်ပါတယ်။

♦ ပလတ်စတစ်ဘူးမှ ရေသောက်ခြင်း
ပလတ်စတစ်ဘူးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ မျိုးပွားနိုင်စွမ်း ကျဆင်းတာ၊ ခန္ဓာကိုယ်တွင်း အဆီစုဆောင်းမှုများလာတာ၊ အာရုံကြောစနစ်နဲ့ ခုခံအားစနစ်ပေါ် မှာ ထိခိုက်တာ၊ အမျိုးသားမျိုးပွားအင်္ဂါကြီးထွားမှုအပေါ် သက်ရောက်မှုရှိတာ၊ အဝလွန်တဲ့ကလေးငယ်တွေဖြစ်တာနဲ့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေများတာတွေ ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် ပလတ်စတစ်ရေဘူးက အလွန်အန္တရာယ်များပါတယ်။

♦ နှာချေချင်သည်ကို အောင့်ထားခြင်း
နှာချေချင်ရင် ဘယ်တော့မှ အောင့်မထားပါနဲ့။ နှာချေချင်တာကို အောင့်ထားမိ တာကြောင့် နားစည်ကွဲသွားတတ်ပါတယ်။ ဒါ့အပြင် မျက်လုံး၊ နှာခေါင်းနဲ့ နားစည် အတွင်းမှာရှိတဲ့ သွေးကြောတွေပေါ် ဖိအားသက်ရောက်မှုပြင်းထန်တဲ့အတွက် ပေါက် ထွက်သွားနိုင်ပါတယ်။

♦ ဓာတုပစ္စည်းများစွာပါဝင်သော ရေမွှေးအသုံးပြုခြင်း
ရေမွှေးအများစုမှာ အဆိပ်အတောက်ပါဝင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တတ်ပါ တယ်။ များသောအားဖြင့် ရေနံဆီက ထွက်တဲ့ပစ္စည်းနဲ့ ပြုလုပ်ထားတဲ့အတွက် အ သက်ရှူလမ်းကြောင်းနဲ့ ဟော်မုန်းပြဿနာ၊ ပျို့တာနဲ့ အန်တာတွေ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ရေမွှေးအဆိပ်တက်တာ ဒါမှမဟုတ် ကင်ဆာဖြစ်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။

♦ ဝက်ခြံညှစ်ခြင်း
ဝက်ခြံကို ညှစ်ထုတ်လိုက်တာက မသက်သာတဲ့အပြင် ပိုမိုဆိုးရွားပြီး ပိုးဝင်နိုင် ကာ အမာရွတ်တောင် ထင်သွားနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်နဲ့ တိုက်ရိုက်ဆက် စပ်နေတဲ့ မျက်နှာရဲ့ နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းတစ်ဝိုက် တြိဂံဧရိယာက ဝက်ခြံကို ညှစ်မိရင် အမြင်အာရုံဆုံးရှုံးတာ၊ လေဖြတ်တာ၊ ဦးနှောက်အမြှေးရောင်တာနဲ့ သေ ဆုံးတဲ့အထိ အန္တရာယ်ဖြစ်နိုင်ပါတယ်။

♦ ဇီဝဆိုင်ရာပစ္စည်းများဖြင့် ပြုလုပ်ထားသော အလှကုန်ပစ္စည်းများအသုံးပြုခြင်း
ဒီပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေက သင့်အတွက် အလွန် အန္တရာယ်များပါတယ်။ ခန္ဓာကိုယ်အတွင်း အချိန်ကြာမြင့်စွာ စုဆောင်းလာတဲ့အတွက် ကင်ဆာရောဂါနဲ့ အရေပြားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

♦ ခေါင်းအုံးအသစ်မလဲလှယ်ခြင်း
သင် ညစဉ်ညတိုင်းအိပ်တဲ့အခါမှာ သင့်ခန္ဓာကိုယ်၊ အရေပြား၊ ဆံပင်နဲ့ ခန္ဓာကိုယ် က ထွက်လာတဲ့အဆီတွေက သင့်ခေါင်းအုံးထဲ စိမ့်ဝင်သွားပါတယ်။ ဒီလိုဖြစ်သွားရင် ဖုန်ပိုးတွေက ခေါင်းအုံးထဲမှာ ပေါက်ဖွားမှုများလာပြီး ဓာတ်မတည့်မှုဖြစ်စဉ်တွေ ဖြစ် လာနိုင်ပါတယ်။

♦ နှာခေါင်းမွေးနုတ်ခြင်း
နှာခေါင်းမွေးနုတ်တာကြောင့် အရေပြားမှာ ရောင်ရမ်းတာနဲ့ ယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နှာခေါင်းမွေးမရှိတော့တာကြောင့် ခုခံအားစနစ်တွေ လျော့ကျသွားပြီး ဦးနှောက်အမြှေးရောင်တာနဲ့ ဦးနှောက်အတွင်း ပိုးဝင်တာတွေ ဖြစ် နိုင်ခြေများလာပါတယ်။

♦ ထုပ်ပိုးထားသော အစားအစာများ စားသုံးခြင်း
ထုပ်ပိုးထားတဲ့အစားအစာတွေက လတ်ဆတ်တဲ့အစားအစာတွေလောက် အာဟာရဓာတ်မရှိတော့ပါဘူး။ ဒါ့အပြင် ဒီအစားအစာတွေကို မြင့်မားတဲ့အပူချိန်နဲ့ ချက် ပြုတ်ရတဲ့အတွက် ကင်ဆာဖြစ်နိုင်တဲ့ပစ္စည်းတွေလည်း ထွက်လာနိုင်ပါတယ်။ ဒီအ စားအစာတွေကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း များပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal