အရွယ်နုပျိုစေတဲ့ ဆေး

“အရမ်းနုတယ်နော် …”လို့
အပြောခံရရင် လူတိုင်းသဘောကျကြပါတယ်။ ဘယ်သူမဆို အသက်ကြီးနေပြီ၊ အိုနေပြီ ဆိုတာကို လက်မခံချင်ကြဘူးလေ။ ရှိရင်းစွဲအသက်ထက် နုပျိုတယ်ဆိုတာကိုပဲ လူအတော် များများကလက်ခံချင်ကြတာပါ။ အိုမင်းခြင်းဖြစ်စဉ်ဆိုတာကိုတော့ လူတိုင်းမလွဲမသွေရင်ဆိုင် ရမှာပါ။ ဒါပေမဲ့ အရွယ်တင်အောင်၊ အိုမင်းခြင်းဖြစ်စဉ်ကို နှောင့်နှေးအောင်လုပ်နိုင်တဲ့ နည်း လမ်းတွေတော့ရှိပါတယ်။ လက်တွေ့ကိုနုပျိုစေရပါမယ်၊ ဒီအချက်တွေကိုသာလိုက်နာလိုက်ပါ…

♦ စားသောက်ပုံစနစ်မှန်ရဲ့လား … ?

စားဝင်အိပ်ပျော်တာက ကျန်းမာရေး ကောင်းတယ်ဆိုတဲ့ လက္ခဏာတစ်ခုဖြစ်သလို စားဝင်၊ အိပ်ပျော်မှ အရွယ်တင် နုပျိုမှာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံလင်ရပါမယ်။ ပိန်လွန်းတာက နုပျိုတာ မ ဟုတ်ပါဘူး၊ ကျန်းမာရေးနဲ့ညီတဲ့ BMI ဘောင် တွင်းဝင်နေဖို့ လိုပါတယ်။ Anti-aging လို့ ခေါ်တဲ့ သက်ကြီးဖြစ်စဉ် နှောင့်နှေးစေဖို့ဆိုရင် အဓိကစားရမှာက ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံတွေဖြစ်ပါတယ်။ Colorful Eating လို့ ခေါ်ပါတယ်၊ အရောင်စုံအောင်စားပါ။ ပြုပြင်ထားတဲ့စားစရာတွေအကုန်လုံးက အိုမင်းခြင်း ဖြစ်စဉ်ကိုမြန်စေပါတယ်။ အထူးသဖြင့် အချို စာတွေက မြန်မြန်ပိုအိုစေပါတယ်။

♦ ဖြည့်စွက်ဆေးသောက်လား

ဖြည့်စွက်ဆေးတွေထဲမှာ အရွယ်တင်နု ပျိုစေတယ်ဆိုတဲ့ ဆေးတွေအများကြီးရှိပါ တယ်။ အာနိသင် တကယ်ပေး၊ မပေးဆိုတာနဲ့ ပတ်သက်ပြီး သုတေသနအခိုင်အမာနဲ့ လက် တွေ့ပြနိုင်တာမျိုးတော့မရှိသေးပါဘူး။ ဒါပေ မဲ့ ဆေးရွေးချယ်တဲ့အခါ နိုင်ငံတကာအသိ အမှတ်ပြုပြီးသား စိတ်ချရတဲ့ ဆေးဖြစ်ဖို့တော့ လိုပါတယ်။ အွန်လိုင်းက ဝယ်တဲ့အခါတော့ သတိထားပါ၊ ဆေးအတုတွေ ဖြစ်တတ်လို့ပါ။ ဖြည့်စွက်ဆေးညွှန်ရမယ်ဆိုရင်တော့ ဗီတာ မင်စီ၊ ကိုလာဂျင်၊ ကိုအင်ဇိုင်း Q10 တွေ မှီဝဲ နိုင်ပါတယ်။ တစ်နေ့တာ သောက်ရမယ့် ဆေး ပမာဏထက် ပိုမသောက်ပါနဲ့။

♦ Skincareလိမ်းလား

အရေပြားထိန်းသိမ်းပေး တဲ့ အလှကုန်တွေကို အသက် အရွယ်အလိုက် ပုံမှန်လိမ်းပေး တာကလည်း အရွယ်တင်နုပျို စေတဲ့ နည်းလမ်းတစ်ခုပါ။ အ သက် ၃၀ ကျော်လာပြီဆိုရင် တော့ Anti-aging Skincare တွေ စပြီး အသုံးပြုဖို့လိုပါ တယ်။ အရေပြားရဲ့ကျုံ့နိုင်၊ ဆန့် နိုင်အားကောင်းဖို့၊ အစိုဓာတ် ထိန်းနိုင်ဖို့၊ အရေပြားတင်းရင်း စေဖို့ Skincare တွေက ကူညီ နိုင်ပါတယ်။ ဘယ်လို Skincare ရွေးရမလဲဆိုရင် ကိုယ့်အရေပြား ရဲ့Type နဲ့တည့်ရမယ်၊ ကွာလ တီကောင်းပြီး စိတ်ချရဖို့ လိုပါ တယ်။ အပြင်သွားရင် နေလောင် ကာခရင်မ်လိမ်းဖို့လည်း မမေ့ပါနဲ့။ ဝက်ခြံထွက်တတ်တဲ့အသားအရေအတွက်ဆိုရင် Non-come­do­genic Sunscreen (ချွေးပေါက် မပိတ်စေတဲ့နေလောင်ကာခရင်မ်) ရွေးချယ်ပါ။

♦ အိပ်ချိန်မှန်ရဲ့လား

Beauty Sleep လို့ပြော ကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အရေပြား ပြန်လည်တည် ဆောက်တဲ့ လုပ်ငန်းစဉ်က အိပ်နေစဉ်မှာပဲ လုပ်တာ ပါတဲ့။ အိပ်နေစဉ်မှာမှ အရေပြားအတွက် ကို လာဂျင် ထုတ်လုပ်တဲ့ ဖြစ်စဉ်ကိုလုပ်နိုင်တာပါ။ တစ်နေ့ကို ၇ – ၉ နာရီကြား အိပ်ချိန်ထားဖို့ အကြံပြုထားပါ တယ်။ နေ့စဉ် ၆ နာရီအောက်ပဲ အိပ်ချိန်ရှိ တယ်ဆိုရင် အိုမင်းရင့်ရော်တဲ့ဖြစ်စဉ်ကို သိ သိသာသာ မြန်စေပါတယ်။ အရေးကြောင်းတွေဖြစ်တာသက်သာစေဖို့၊ မျက်အိတ်ဖောင်း တာလျော့ကျစေဖို့၊ အရေပြားဝင်းပစေဖို့ အိပ်ချိန်ပြည့် အိပ်ပျော်အောင်အိပ်စက်ပါ။

♦ ကိုယ်လက်လှုပ်ရှားပြုလုပ်လား

အားကစားလို့ပြောရင် အားမှ ကစား နိုင်မယ်ဆိုတာမျိုးဖြစ်တတ်လို့ ကိုယ်လက် လှုပ်ရှားလို့ သုံးနှုန်းထားပါတယ်။ အထိုင်၊ အလှဲများတဲ့ လူနေမှုပုံစံက အဝလွန်တာနဲ့ ဆက်စပ်နေပြီး အိုမင်းရင့်ရော်စေပါတယ်။ ကိုယ်လက်လှုပ်ရှားရှိနေမှ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ် ကောင်းမွန်မယ်၊ အ ရေပြားတွေဆီကို လိုအပ်တဲ့ အာဟာရ ဓာတ်တွေ ကောင်းကောင်းမွန်မွန် ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ဒါ ကြောင့် နေ့စဉ် ကိုယ်လက်လှုပ်ရှား ရှိဖို့လည်းလိုပါတယ်။

♦ စိတ်ဖိစီးမှုတွေထိန်းချုပ်နိုင်လား

နုပျိုခြင်းအတွက် ရန်သူကတော့ စိတ်ဖိစီးမှုပါ။ သူက အကြီးဆုံးရန်သူလို့ ဆိုနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်ရင် ခန္ဓာကိုယ် တွင်း ဓာတ်တိုးတဲ့ဖြစ်စဉ်တွေ အများအပြား ဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတာ ပါ။ စိတ်ဖိစီးမှုကို အကောင်းဆုံးထိန်း ချုပ်နိုင်တဲ့ နည်းလမ်းကိုပြောပါဆို ရင်တော့ သုတေသန အခိုင်အမာ ရှိပြီးဖြစ်တဲ့ တရားထိုင်ဖို့ အကြံပြု ချင်ပါတယ်။ နေ့စဉ်ဘဝမှာ တရား ထိုင်တာကို အလေ့အကျင့်တစ်ခု အနေနဲ့ ပုံမှန်လုပ်ပေးပါ။ သင်လို ချင်တဲ့ နုပျိုခြင်းကို ရရှိစေမှာပါ။

♥Darliko

Post Author: Good Health Journal