အူမကြီးရောင်ရမ်းခြင်းကို စတော်ဘယ်ရီက လျှော့ချပေးနိုင်

ဆိုးဆိုးရွားရွား ၀မ်းလျှောတာ၊ မောပန်းနွမ်းနယ်တာ အပါ အ၀င် အူမကြီးရောင်ရမ်းတာကြောင့်ဖြစ်တဲ့ တခြားရောဂါတွေကိုပါ စတော်ဘယ်ရီက လျှော့ချပေးနိုင်ပါသတဲ့။ တစ်နေ့ကို စတော် ဘယ်ရီနည်းနည်း ပုံမှန်စားပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေစားလို့ဖြစ်လာတဲ့ အကျိုးဆက်တွေ၊ လေ့ကျင့်ခန်းမလုပ်လို့ အူကျန်းမာရေးအားနည်းလာတဲ့ အကျိုး ဆက်တွေကို တန်ပြန်ပေးနိုင်သွားမှာပါ။ “အထိုင်များတာ၊ အ သင့်စားအစားအစာတွေအစားများတာတွေက အူတွေကို ရောင် ရမ်းစေတယ်”လို့ အူမာ့စ်အမ်ဟာ့စ်ထ် အစားအစာသိပ္ပံဌာနမှဒေါက်တာဟောင်စီယိုက ဆိုပါတယ်။ အရွယ်ရောက်ပြီးသား အ မေရိကန်တွေထဲမှာ ၁ ဒသမ ၃ ရာခိုင်နှုန်းက အူမကောင်း၊ ဗိုက် နာတဲ့ဝေဒနာတွေ ခံစားနေရပါသတဲ့။ ဒီလိုဝေဒနာတွေဖြစ်တဲ့လူ တွေက အူမကြီးကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ အသီးအနှံများ များစားပေးမယ်ဆိုရင်တော့ အဲဒီဝေဒနာ သက်သာလာမှာပါ။ ဒါကြောင့် လူတွေအစားများတဲ့ စတော်ဘယ်ရီကို ပညာရှင်တွေ က လေ့လာခဲ့ပါတယ်။ လေ့လာတဲ့အခါမှာတော့ စတော်ဘယ်ရီ ဆီက ထုတ်ထားတဲ့ အဆီအနှစ်ကိုစားမယ့်အစား အလုံးလိုက် ဒီအတိုင်းစားပေးရင် အူကျန်းမာရေးအတွက်ကောင်းတယ်ဆို တာ တွေ့လိုက်ရပါတယ်။

◘ (DM, 23.8.18) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *