အားကစားလုပ်ဖို့ မပျင်းပါနဲ့

ကိုယ်လက်လှုပ်ရှား အားကစားက ကျန်းမာရေးအတွက် အထောက်အကူပြု တယ်ဆိုတာကို လူတိုင်း လက်ခံကြပါ တယ်။ ဒါပေမဲ့ အချိန်မပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်ကလည်း အားကစား မလုပ်ဖြစ်တဲ့ အဓိကအကြောင်းရင်းတစ် ခု ဖြစ်နေပါတယ်။ တချို့အားကစားလုပ် တဲ့သူတွေမှာကိုပဲ အကြောင်းအမျိုးမျိုး ကြောင့် ပျက်ကွက်တာတွေလည်း ရှိပါ တယ်။ ကျန်းမာရေးအတွက် အဓိက ထားပြီး အားကစားလုပ်မယ်လို့ ဆုံးဖြတ် ထားပြီးရင် အဓိကကတော့ ပုံမှန်ကစား ဖြစ်ဖို့ပါပဲ။ ဒီတစ်ပတ်မှာတော့ အားကစား ပုံမှန်လုပ်ဖြစ်စေဖို့ အထောက်အကူပြု မယ့်အချက်တွေကို ရေးပေးလိုက်ပါတယ်။

(၁) စိတ်ပျော်ရွှင်စေဖို့ အဓိကပါ
အားကစားလုပ်တာက စိတ်ကျန်းမာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်စေဖို့ပါ။ အား ကစားလုပ်ရတာကို စိတ်ဖိစီးမှုတစ်ခုလို့ မသတ်မှတ်ထားပါနဲ့။ သင့်ခန္ဓာကိုယ်အ တွက် သက်သောင့်သက်သာနဲ့ ပုံမှန်ပြု လုပ်နိုင်မယ့် ကစားနည်းတွေကို လုပ် ဆောင်ပါ။

(၂) စိတ်အားတက်ကြွဖို့ပါ
လူတချို့က အားကစားလုပ်ပြီး ချွေးထွက်သွားရင် နေသာထိုင်သာရှိသွား တယ်၊ အလေးမလိုက်မှ နေရထိုင်ရတာ သက်သာသွားတယ်၊ အလေးဘားထမ်း လိုက်ရမှ အကြောနာတာ ပျောက်သွား တယ် စသဖြင့် စိတ်အားတက်စေမယ့် အ ကြောင်းတွေကိုယ်စီ ရှိတတ်ကြပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်မှာလည်း အား ကစားကနေ သင့်ကို ဘာတွေ ကောင်းစေ လဲဆိုတာ စဉ်းစားပြီး စိတ်အားတက်မှုကို ရယူပါ။

(၃) စိတ်ကြိုက်အားကစားနည်းရွေးပါ
တချို့က အလေးတွေနဲ့ ကစားရ တာကို နှစ်သက်သလို၊ တချို့ကလည်း Cardio exercises တွေကို ပိုနှစ်သက် တာရှိပါတယ်။ အားကစားလုပ်တယ်ဆို တာ ဒီနေ့ခေတ်မှာ ယောဂကျင့်တာ၊Fitness Dance Club တွေ၊ Zumba ၊ TRX training တွေ၊ Boxing စသဖြင့် မျိုးစုံရှိနေပြီဖြစ်တာကြောင့် သင်နှစ်သက် တဲ့ ကိုယ်လက်လှုပ်ရှား ကစားနည်းကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ သင်စိတ်ပျော်နေမှလည်း အားကစားကို ပုံမှန်လုပ်ဖြစ်မှာပါ။

(၄) Professionals အကူအညီယူပါ
တစ်ခါတလေ တစ်ယောက်တည်း အားကစားလုပ်ရတာ ငြီးငွေ့လာတဲ့အခါ Professional trainer တစ်ယောက် ငှားလိုက်ပါ။ Trainers တွေက သင့်ကို အားကစားလုပ်ဖြစ်စေဖို့ ခွန်အားတက် စေဖို့ အနားကနေ လိုက် train ပေးနိုင်ပါ တယ်။

(၅) တစ်ပတ်စာကြိုတင်စီစဉ်ပါ
တစ်ပတ်ကို ဘယ်နှရက် အားကစား လုပ်မလဲဆိုတာ သတ်မှတ်ပြီးရင် တစ် ပတ်ပြီးတိုင်း တစ်ပတ်အစမှာ ဒီတစ်ပတ် အတွက် ဘာအားကစားတွေလုပ်မလဲဆို တာကို ကြိုတင်ပြီး စီစဉ်ထားတာက လည်း သင့်ကို ဇဝေဇ၀ါ မဖြစ်စေဘဲ အား ကစားကို ပုံမှန်လုပ်ဖြစ်သွားစေမှာပါ။

(၆) အချိန်သေချာရွေးပါ
အားကစားပုံမှန်လုပ်ဖြစ်ဖို့ အချိန် ရွေးချယ်တာကလည်း အရေးကြီးပါ တယ်။ ဘာကြောင့်လဲဆိုတော့ သင်စိတ် ကြည်ပြီး လန်းဆန်းနေမှ အားကစားလုပ် တဲ့အခါမှာလည်း ပိုပြီး ထိရောက်မှာဖြစ် ပါတယ်။ စိတ်ပင်ပန်း၊ စိတ်ဖိစီး၊ နုံးချိနေ မယ်ဆိုရင် အားကစားပုံမှန် လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင် ခွန်အား ပြည့်လန်းဆန်းနေတဲ့အချိန်မှာ အားက စားလုပ်ဖို့ အချိန်အဖြစ် သတ်မှတ်ထား ပါ။

(၇) ရည်မှန်းချက်တူသူတွေနဲ့ ပေါင်းပါ
သင့်လိုပဲ ကျန်းမာရေးလိုက်စားပြီး fit ဖြစ်အောင်ကြိုးစားနေသူတွေနဲ့ ပေါင်း သင်းပါ။ ဒါဟာ သင့်ကို အားကစားပုံမှန် လုပ်ဖြစ်စေပြီး အားကစားလုပ်ဖြစ်ဖို့ စိတ် အားတက်ကြွစေမှာဖြစ်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *