မင်နီဆိုးတားတက္ကသိုလ်ရဲ့ လေ့လာချက်အရ အမြဲတစေ ဆူပူကြိမ်းမောင်းနေပြီး သားသမီးတွေကို လိုအပ်တာထက် ပိုပြီး ဆူပူချုပ်ချယ်နေတတ်တဲ့ မိဘတွေကြောင့် သားသမီးတွေမှာ အမူအရာတွေ၊ အပြုအမူတွေပိုရိုင်းစိုင်းလာပြီး ပတ်ဝန်းကျင်က လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာလည်း ပိုမိုညံ့ဖျင်းလာတတ် ပြီး လူပေါင်းမဆံ့ဖြစ်လာစေတယ်လို့ သိရပါတယ်။ မိဘတွေရဲ့ ဆူပူကြိမ်းမောင်းမှုတွေခံရတဲ့သားသမီးတွေက စိတ်တိုစိတ် ဆတ်လွယ်လာပြီး သွန်သင်ဆုံးမမှုတွေကို လက်သင့်မခံနိုင်ဘဲ အာခံဖီဆန်မှုတွေကို အမူအရာရိုင်းစိုင်းခြင်းအားဖြင့်ဖြစ်စေ၊ ပြောဆိုတုံ့ပြန်မှုရိုင်းစိုင်းခြင်းအားဖြင့်ဖြစ်စေ ချက်ချင်းတုံ့ပြန် လေ့ရှိကာ ဘ၀ဖြတ်သန်းနေထိုင်မှုမှာလည်း တန်ဖိုးမထားဘဲ ပေါ့လျော့လာတတ်တာကြောင့် ကလေးတွေရဲ့ဘ၀ခရီးလမ်းမှာ အခက်အခဲတွေဖြစ်လာရပြီး မလိုလားအပ်တဲ့ အတားအဆီး၊ အနှောင့်အယှက်တွေဖြစ်စေတယ်လို့ လေ့လာမှုဦးဆောင်သူ ဒေါက်တာနီကိုးပယ်ရီကဆိုပါတယ်။ ကလေးတွေကို ပြုစုပျိုး ထောင်မှုမှာ မိဘတွေရဲ့အခန်းကဏ္ဍက အလွန်ကိုအရေးပါပြီး ကလေးတွေအတွက် မှားယွင်းတဲ့ရပ်တည်မှုတွေဆီ တွန်းပို့သ လိုမျိုးမဖြစ်ရအောင် မလိုအပ်ဘဲဆူပူကြိမ်းမောင်းတာ၊ ဆဲဆို တာတွေမပြုလုပ်ဘဲ ကလေးတွေရဲ့ကိစ်္စရပ်တိုင်း၊ ပြဿနာတိုင်း မှာ စိတ်ရှည်လက်ရှည် ရှင်းလင်းပြောဆိုညှိနှိုင်းကာ လမ်းမှန်ဆီ တည့်မတ်ပေးဖို့လိုအပ်ပါတယ်လို့ ဒေါက်တာနီကိုးပယ်ရီက ဆို ပါတယ်။
◘ (DM, 21.6.18) သံသာ