အရိုးသန်မာစေသည့် အစားအစာများ

အသက် ၃၀ နောက်ပိုင်းမှာ အရိုးသိပ်သည်းဆဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာပါတယ်။ ဒီအချိန်မှာ အရိုးသန်မာစေတဲ့အစားအစာကို စားသုံးတာက အရိုးထု ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် အလွယ်တကူ အရိုးကြွပ်ဆတ်မှုမဖြစ် နိုင်တော့ပါဘူး။

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ အရိုးသန်မာစေတဲ့ ကယ်လ်စီယမ်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် စားသုံးသင့်ပါတယ်။ ဒါ့အပြင် အောက်ပါအစားအစာတွေကို လည်း အသက် ၃၀ ကျော်သူတိုင်း စားသုံးသင့်ပါတယ်။

အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ
အရိုးသန်မာစေတဲ့ ကယ်လ်စီယမ်ဓာတ်ဟာ နို့နဲ့နို့ထွက်ပစ္စည်းတစ်မျိုးတည်းကသာ ရရှိတာ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်များစွာမှာလည်း ပါဝင်ပါတယ်။ အထူး သဖြင့် မုန်ညှင်းထုပ်၊ ကိုက်လန်လိုမျိုး အစိမ်းရင့်ရောင် ဟင်းရွက်တစ်ခွက်စာမှာ ကယ်လ်စီယမ် ၂၀၀ မီလီဂရမ်အထိ ပါဝင်နိုင်ပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်မှာ ကယ်လ်စီယမ်အပြင် အရိုးပါးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဗီတာမင် ကေ လည်း များစွာ ပါဝင်ပါတယ်။

ကန်စွန်းဥ
မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ဟာ လူသိနည်းတဲ့ အရိုးသန်မာစေတဲ့ အာဟာရ ဓာတ်နှစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့နေရင် ဗီတာမင် ဒီ ညီညွတ်မျှတမှုမရှိနိုင်တော့တဲ့အတွက် အရိုးကျန်းမာရေးအတွက် ဒုက္ခရောက် နိုင်ပါတယ်။

ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်ထဲက အက်စစ်ဓာတ်ကို အားပျော့စေပါတယ်။ ခန္ဓာကိုယ်တွင်း အက်စစ်ဓာတ်များနေတာက အရိုးထဲမှ ကယ်လ်စီယမ်တွေကို စိမ့် ထွက်နိုင်စေနိုင်ပါတယ်။ ကန်စွန်းဥတစ်လုံးမှာ မဂ်္ဂနီဆီယမ် ၃၁ မီလီဂရမ်နဲ့ ပိုတက် စီယမ် ၅၄၂ မီလီဂရမ်ပါဝင်ပါတယ်။

ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးလိုမျိုး အချဉ်အရသာရှိတဲ့ သစ်သီးတွေမှာ ပါဝင်တဲ့ ဗီတာမင် စီ ဟာ အရိုးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပန်းရောင် ဒါမှမဟုတ် အနီရောင် ဂရိတ်ဖရုသီးတစ်လုံးမှာ ဗီတာမင်စီ ၉၁ မီလီဂရမ်အထိ ပါဝင်တဲ့အတွက် တစ်နေ့တာ လိုအပ်တဲ့ ပမာဏကို ရရှိသွားနိုင်ပါတယ်။

သဖန်းသီး
အရိုးသန်မာစေတဲ့သစ်သီးထဲမှာ သဖန်းသီးဟာ ထိပ်ဆုံးမှာ ပါဝင်ပါတယ်။ သဖန်းသီးမှာ ကယ်လ်စီယမ် ၉၀ မီလီဂရမ်ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ် လည်း ပါဝင်ပါတယ်။ သဖန်းသီးက တစ်နှစ်တာလုံး မရရှိနိုင်တဲ့အတွက် သဖန်းသီး ခြောက်ကိုလည်း စားသုံးနိုင်ပါတယ်။ ခွက်တစ်ဝက်စာ သဖန်းသီးခြောက်မှာ ကယ်လ်စီ ယမ် ၁၂၁ မီလီဂရမ်အထိ ပါဝင်ပါတယ်။

ငါးသေတ္တာ
ဆယ်လ်မွန်နဲ့ အဆီများတဲ့ငါးတွေမှာ အရိုးသန်မာစေတဲ့အာဟာဓာတ်တွေ များ စွာပါဝင်ပါတယ်။ သူတို့တွေဆီမှာ ဗီတာမင် ဒီ နဲ့ အိုမီဂါ ၃ အဆီတွေ ပါဝင်ပါတယ်။ ဗီတာမင် ဒီ ဟာ ခန္ဓာကိုယ်က ကယ်လ်စီယမ်ကို အသုံးပြုဖို့အတွက် ကူညီနိုင်ပြီး အိုမီဂါ ၃ အဆီကတော့ အရိုးသန်မာဖို့ ကူညီနိုင်ပါတယ်။ သုံးအောင်စပါဝင်တဲ့ ငါး သေတ္တာတစ်ဘူးမှာ ကယ်လ်စီယမ် ၁၉၇ မီလီဂရမ်အထိ ပါဝင်ပါတယ်။

ဗာဒံစေ့
ဗာဒံစေ့မှာ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တွေများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အရိုးတည်ဆောက်နိုင်တဲ့ ပရိုတင်းနဲ့ တခြားအာဟာရဓာတ်တွေလည်း များစွာ ပါဝင်ပါ တယ်။

ပဲနို့
ပဲနို့၊ ဗာဒံနို့ရည် ဒါမှမဟုတ် အုန်းနို့တွေမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ တွေ များစွာ ပါဝင်တဲ့အတွက် သူတို့ကို မဖြစ်မနေ သောက်သင့်ပါတယ်။

တိုဟူး
တိုဟူး ခွက်တစ်ဝက်စာမှာ ကယ်လ်စီယမ် ၈၀၀ မီလီဂရမ်ပါဝင်ပါတယ်။ တိုဟူးမှာ ကယ်လ်စီယမ်အပြင် အရိုးတည်ဆောက်နိုင်တဲ့ တခြားအာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ တိုဟူးမှာ အများအပြားပါဝင်တဲ့ အိုင်ဆိုဖလေဗုံးဟာ မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက တွေ့ရှိထားတာကြောင့် မီးယပ်သွေးဆုံးပြီးသူတွေ စားသုံးဖို့အတွက် အကြံပေးထားပါ တယ်။

လိမ္မော်ရည်
သဘာဝလိမ္မော်ရည်စစ်စစ်မှာတော့ ကယ်လ်စီယမ်များစွာ မပါဝင်ပါဘူး။ ဒါပေမဲ့ ပြုပြင်ထားတဲ့ အားဖြည့်လိမ္မော်ရည်တွေမှာ အရိုးတည်ဆောက်နိုင်တဲ့ ကယ်လ်စီယမ် တွေက နွားနို့မှာပါဝင်တဲ့ ပမာဏအတိုင်း ပါဝင်ပါတယ်။

သစ်သီးခြောက်
အသက်ကြီးသူတွေက ဆီးသီးခြောက်တွေကို ပုံမှန်စားသုံးသင့်ပါတယ်။ သူတို့ ကို နေ့စဉ် စားသုံးပေးတာက ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ ရရှိတဲ့အတွက် အရိုးသိပ် သည်းဆကောင်းမွန်စေနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *