အသားအရေ ထိန်းသိမ်းစောင့်ရှောက်နည်း မှန်ရဲ့လား

အသားအရေထိန်းသိမ်းစောင့်ရှောက်မှုအကြောင်း ခေါင်းစ ခြေဆုံးပြောရမယ်ဆိုရင် တော့ အရမ်းကျယ်ပြန့်ပါတယ်။ ဒီထဲမှာ အ သားအရေအလိုက် မိတ်ကပ်ရွေးချယ်မှု၊ Sk­in­care ရွေးချယ်မှု၊ Facial Treatment Plan စတာတွေပါဝင်ပါတယ်။ အသားအရေ အလိုက် ထိန်းသိမ်းစောင့်ရှောက်မှုပုံစံ မှန်ဖို့ အတွက် ဘယ်လိုအသားအရေ ပိုင်ဆိုင်ထား လဲဆိုတာကိုသိထားဖို့ လိုပါတယ်။

♦ ဘယ်လို အသားအရေ ပိုင်ဆိုင်ထားလဲ
အရင်ဆုံးသိထားရမှာက ကိုယ်ရဲ့အသား အရေအမျိုးအစားပါ။ ဒါမှ အလှကုန်တွေဝယ် တဲ့အခါ အသားအရေနဲ့ကိုက်ညီတာကို ရွေး နိုင်မှာပါ။ အသားအရေ အမျိုးအစားဆိုတာ ကလည်း အသက်အရွယ်အလိုက် ပြောင်းလဲ နိုင်သလို၊ ကိုယ်တိုင်ရဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ ကြောင့်လည်း ပြောင်းလဲနိုင်ပါတယ်။ အရေ ပြားရဲ့ ရေဓာတ်ပြည့်မှု၊ ကျုံ့နိုင်ဆန့်နိုင်အား ကောင်းမှု၊ အဆီပြန်မှု၊ နူးညံ့ပျော့ပျောင်းမှု၊ ထိရှလွယ်မှုတွေက အသားအရေ အမျိုးအစား ကို ကွဲပြားသွားစေပါတယ်။ အသားအရေကို ယေဘုယျအားဖြင့် ငါးမျိုးခွဲခြားထားပါတယ်။

(၁) ပုံမှန်အသားအရေ (Normal Skin)
ပုံမှန်အသားအရေဆိုတာကတော့ အရေ ပြားက အရမ်းမခြောက်၊ အရမ်းအဆီမပြန်တဲ့ အသားအရေပါ။ အရမ်းလည်း Sensitive  မဖြစ်ပါဘူး။ အရေပြားမှာ လိုအပ်ချက်အနည်း ငယ်ရှိနိုင်သလို လုံးဝချောမွေ့နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ချွေးပေါက်တွေလည်း သိပ်ပြီး မသိသာတဲ့ အရေပြား ဖြစ်ပါတယ်။ ပုံမှန်အ သားအရေရှိသူအနေနဲ့ Skincare အတော် များများနဲ့ တည့်ပါတယ်၊ အရမ်းပြင်းတဲ့ ဓာတပစ္စည်းတွေအသုံးပြုထားတဲ့ အလှကုန်တွေ တော့ အသုံးမပြုပါနဲ့။

(၂) ပေါင်းစပ်အသားအရေ (Combination Skin)
ပေါင်းစပ်အရေပြားဆိုတာကတော့ မျက် နှာရဲ့ T-Zone (နဖူး၊ နှာခေါင်း၊ မေးစေ့)မှာ အဆီပြန်တတ်ပြီး ကျန်မျက်နှာ အရေပြားမှာ ခြောက်သွေ့တာ ဒါမှမဟုတ် ပုံမှန်အသား အရေရှိတာမျိုးပါ။ ချွေးပေါက်တွေ ကျယ်နေ တတ်တယ်၊ ဆားဝက်ခြံထွက်တတ်ပြီး အဆီ အနည်းငယ်ပြန်တတ်ပါတယ်။ ပေါင်းစပ်အ သားအရေရှိသူအနေနဲ့ ဓာတုပစ္စည်းအရမ်း မပြင်းတဲ့ Skincare တွေ ပုံမှန်အသုံးပြုပေး တာက အဆင်ပြေစေမှာပါ။

(၃) ခြောက်သွေ့တဲ့အသားအရေ (Dry Skin)
အသားအရေမွဲခြောက်တတ်ပြီး အရေး ကြောင်းတွေရှိတတ်ပါတယ်။ အရေပြား ကွဲ တာ၊ ကွာတာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ် ပါတယ်။ ချွေးပေါက်တွေ သိပ်မမြင်ရပေမယ့် အရေပြားရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်အား မကောင်း တတ်ပါဘူး။ ခြောက်သွေ့တဲ့အသားအရေရှိ သူအနေနဲ့ အစိုဓာတ်ထိန်းပေးဖို့ အထူးဂရု စိုက်ပေးပါ။

(၄) အဆီပြန်လွယ်တဲ့အသားအရေ (Oily Skin)
အဆီပြန်လွယ်တဲ့အသားအရေအနေ နဲ့ သိသာတဲ့အချက်က ချွေးပေါက်တွေ ကျယ်တာပါ။ ဆားဝက်ခြံ၊ ဝက်ခြံ တွေနဲ့ အရေပြားရောင်ရမ်းတတ် ပါတယ်။ အပျိုဖော်၊ လူပျိုဖော် ဝင်တဲ့အရွယ်၊ ဟော်မုန်းအ ပြောင်းအလဲ၊ စိတ်ဖိစီးမှု များတာ၊ ရာသီဥတုပူ တာ၊ စိုစွတ်တာဖြစ်ရင် အဆီပြန်တဲ့ အသား အရေ ပိုဖြစ်တတ်ပါ တယ်။ အဆီပြန် လွယ်တဲ့အသားအရေရှိသူဖြစ်ရင် Oily Skin အတွက် သီးသန့်ထုတ်ထားတာကို ရွေးချယ်ပါ။

(၅) ထိရှလွယ်တဲ့အသားအရေ (Sensitive Skin)
ထိရှလွယ်တဲ့အသားအရေကတော့ အ ရေပြားယားယံတာ၊ နီမြန်းတာ၊ ခြောက်သွေ့ တာတွေ အဖြစ်များတတ်ပါတယ်။ ထိရှလွယ် တဲ့ အသားအရေပိုင်ဆိုင်ထားရင် ဘာကြောင့် အရေပြား ပြဿနာတွေ ဖြစ်စေတတ်လဲဆို တာကိုသတိရှိဖို့လိုပါတယ်၊ များသောအား ဖြင့်တော့ အလှကုန်တွေနဲ့ ဓာတ်မတည့်တာ ကြောင့် အလာဂျီပိုဆိုးတတ်ပါတယ်။

♥ Darliko

Post Author: Good Health Journal