အသည်းခွဲခံရခြင်းကြောင့် ခံစားရနိုင်သော ကျန်းမာရေးဆိုးကျိုးများ

မိမိချစ်ရတဲ့သူက မိမိကိုပစ်ပြီး တခြားတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတဲ့အခါ ဒါမှမဟုတ် မိမိအိမ်ထောင်ဖက်က ဖောက်ပြန်ပြီး အငယ်အနှောင်းထားတဲ့အခါမျိုး ဒါမှမဟုတ် မိမိအိမ်ထောင်ဖက်က မိမိကို ကြမ်းကြမ်းတမ်းတမ်းပြောဆိုဆက်ဆံတာတွေကြောင့် မိမိအသည်းခွဲခံရတာလိုမျိုး ဖြစ်လာတဲ့အခါ မိမိမှာ စိတ်ဆင်းရဲရတဲ့အပြင် အောက်ပါ ကျန်းမာရေးဆိုးကျိုးတွေကိုပါ ရရှိနိုင်ပါတယ်။

♦ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း
အသည်းခွဲခံရတဲ့သူတွေမှာ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာလိုမျိုး ဟိုနေရာက နာသလိုလို၊ ဒီနေရာမှာ ကိုက်ခဲနေသလိုလိုနဲ့ ခန္ဓာကိုယ်အနှံ့မှာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ စိတ်ဆင်းရဲတဲ့အလျောက် နာကျင်မှုဝေဒနာကလည်း အနည်းအများ ကွဲပြားသွားနိုင်ပါတယ်။

♦ စိတ်ဖိစီးမှုများခြင်း
အသည်းခွဲခံရတဲ့သူတွေက စိတ်ဖိစီးမှုများလာတဲ့အလျောက် နာကျင်တဲ့ခံစား ချက်တွေက မြင့်တက်လာပါတယ်။ အနားယူတာနဲ့ စိတ်ဖြေလျှော့နိုင်တဲ့ လေ့ကျင့်ခန်း တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

♦ အစာစားချင်စိတ်ပုံမမှန်ဖြစ်လာခြင်း
အသည်းခွဲခံရတဲ့သူတွေက ခန္ဓာကိုယ်အလေးချိန် မတရားမြင့်တက်လာတာ ဒါ မှမဟုတ် အလွန်အမင်းကျဆင်းသွားတာတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေက အ စာစားချင်စိတ်တောင် လုံးဝပျောက်ကင်းသွားတတ်သလို တချို့ကျတော့လည်း အသည်း ကွဲနေတာကို စိတ်အပြောင်းအလဲဖြစ်ဖို့အတွက် အစာကို ပိုမိုစားတတ်လာပါတယ်။

♦ အလွန်အမင်း ၀မ်းနည်းကြေကွဲခြင်း
သူတို့တွေက များသောအားဖြင့် စိတ်ကျဝေဒနာ ခံစားလာရတတ်ပါတယ်။ သူတို့ ကို ပေါ့ပေါ့တန်တန်သဘောထားလို့ မရပါဘူး။ သူတို့ရဲ့ခံစားချက်တွေကို အလေးအ နက်ထားပြီး နှစ်သိမ့်ပေးဖို့ လိုအပ်ပါတယ်။

♦ ဓမ္မတာလာချိန် နောက်ကျခြင်း
စိတ်ဖိစီးမှုအလွန်များတဲ့အတွက် ဓမ္မတာလာချိန်လည်း နောက်ကျနိုင်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ သိရပါတယ်။

♦ နှလုံးခုန်နှုန်းနှေးကွေးသွားခြင်း
အသည်းကွဲခံရသူတွေက စိတ်ဒဏ်ရာရနေတဲ့အတွက် နှလုံးခုန်နှုန်းကလည်း နှေးကွေးသွားနိုင်ပါတယ်။ သွေးလှည့်ပတ်မှုအဖွဲ့ရဲ့ အလုပ်လုပ်ပုံလည်း နှေးကွေးသွား နိုင်တဲ့အတွက် အဲဒီလိုဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါပြီ။

♦ အိပ်မပျော်ခြင်း
အသည်းခွဲခံရသူအများစုကတော့ အိပ်မပျော်နိုင်ကြပါဘူး။ ဘာကြောင့် ဒီလိုဖြစ် ရတယ်ဆိုတာကို တစ်ချိန်လုံးတွေးမိနေပြီး ၀မ်းနည်းနေတတ်ကြတာကြောင့်ပါ။

♦ စိတ်ခံစားချက်မြင့်တက်လာခြင်း
ဒီလိုလူမျိုးတွေက နာကျင်မှုဝေဒနာနည်းနည်းလေးရရုံနဲ့တောင် အများကြီးရ တယ်လို့ ခံစားရနိုင်သလို အပြစ်နည်းနည်းလုပ်မိရင်လည်း အကြီးကြီးပြုလုပ်မိသလို ထင်မိတတ်ကြပါတယ်။ စိတ်ဖိစီးမှုဒဏ်တွေကို မခံနိုင်တော့တာကြောင့်ပါ။

♦ ခုခံအားစနစ်လျော့နည်းလာခြင်း
ဒီလိုလူမျိုးတွေက စိတ်ဖိစီးမှုများနိုင်သလို ခုခံအားစနစ်လည်း လျော့နည်းလာ တဲ့အတွက် ရောဂါဝေဒနာတွေ အလွယ်တကူ ခံစားရနိုင်ပါတယ်။

♦ ဆံပင်ကျွတ်ခြင်း
စိတ်ဖိစီးမှုများလွန်းတာကြောင့် ပုံမှန်ထက် ဆံပင်ကျွတ်နှုန်းလည်း ပိုမိုများပြား လာပါတယ်။

♦ အာရုံစူးစိုက်၍ မရခြင်း
သင် လုပ်နေကျအလုပ်တွေကိုတောင် အာရုံမရဖြစ်နေတတ်ပါတယ်။ ဥပမာ အားဖြင့် ပစ္စည်း တစ်ခုခုကို အခန်းထဲမှာ ၀င်ယူတဲ့အခါ အခန်းထဲရောက်မှ မိမိ ဘာအတွက် အခန်းထဲဝင်လာမှန်း ပြန်စဉ်းစားမရဖြစ်နေတတ်ပါတယ်။ အလုပ်ကိစ္စတွေမှာ လည်း အမှားမှားအယွင်းယွင်းတွေ ပြုလုပ်မိတတ်ကြပါတယ်။

♦ တစ်ယောက်တည်း နေလိုခြင်း
အသည်းခွဲခံရတဲ့အချိန်မှာ စိတ်က အလွန်ဆတ်နေတဲ့အတွက် တခြားသူတွေနဲ့ မတွေ့ချင်ဘဲ မိမိဘာသာတစ်ယောက်တည်း သီးသန့်နေချင်စိတ်တွေ ပေါ်ပေါက်နေ တတ်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *