အသည်းအစားထိုးလူနာများအတွက် လိုအပ်သော အာဟာရ

အသည်းရောင်အသားဝါ စီရောဂါ ပိုးရှိပြီး ရောဂါခံစားနေရတဲ့လူနာတွေ၊ အရက်အရမ်းသောက်တဲ့ လူနာတွေမှာ အသည်းက လုံး၀ အလုပ်မလုပ်တော့တဲ့ အခါ အသည်းအစားထိုးပြီး ကုသမှုခံယူ တာတွေလုပ်ကြပါတယ်။ ဒီတော့ အ သည်းအစားထိုးကုသမှုခံယူထားတဲ့ လူ နာတွေအနေနဲ့အစားအသောက် အနေ အထိုင်တွေမှာ ပိုပြီးဂရုစိုက်ရမယ့်အချက် တွေ ရှိနေပါတယ်။

♦ ဘယ်လိုဂရုစိုက်နေထိုင်သင့်လဲ
အသည်း အစားထိုးကုသမှုခံယူထား တဲ့ လူနာတွေအနေနဲ့ ဘယ်လိုနေထိုင် စားသောက်ရမလဲဆိုတော့ ဒီလူနာတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေများနေ တတ်တာကြောင့် ရေသောက်တဲ့ပမာဏ ကို လျှော့ချဖို့လိုအပ်ပါမယ်။ အသည်း အစားထိုး ကုသမှုခံယူလို့ပြီးတာ မကြာ သေးတဲ့ လူနာတွေအနေနဲ့လည်း ဂရုတ စိုက်နဲ့ နေထိုင်စားသောက်ကြဖို့ အရမ်း ကိုအရေးကြီးပါတယ်။

♦ အသည်းအစားထိုးကုသထားရင်
အသည်းအစားထိုးကုသမှု ခံယူ တယ်ဆိုတာ ကိုယ်ရဲ့ ဆွေမျိုးသားချင်း တွေ၊ ဒါမှမဟုတ် ကိုယ်နဲ့ အမျိုးအစားတူ တဲ့ အသည်းတစ်ခြမ်းကိုယူပြီး အစားထိုး ကုသထားတယ်ဆိုပေမယ့် ဘယ်လိုဖြစ် ဖြစ် အဲဒီအသည်းက ကိုယ့်အသည်းအစစ် မဟုတ်ပါဘူး။ ဒီတော့ ခန္ဓာကိုယ်မှာ ရှိနေ တဲ့ ခုခံအားတွေရဲ့ သဘာဝတရားအရ အဲဒီအစားထိုးကုသထားတဲ့ အသည်းကို အနည်းနဲ့အများတော့ ပြန်တိုက်ထုတ် တာ၊ အန္တရာယ်ပေးတာမျိုးတွေရှိတတ်ပါ တယ်။ နောက်ပြီး အဲဒီအစားထိုးခွဲစိတ်ထားတဲ့နေရာကို ရောဂါပိုးတွေဝင်ရောက် တာကြောင့် အနာမကျက်ဘဲ ဖျားနာနေ တာမျိုးလည်း ဖြစ်တတ်ပါတယ်။

♦ ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိ
ဒီတော့ အသည်းအစား ထိုးကုသမှု ခံယူထားတဲ့ လူနာတွေမှာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေအချင်းချင်းမတိုက် ခိုက်နိုင်အောင် Immuno
-suppre­ssant လို့ခေါ်တဲ့ ကိုယ်ခံအား ကျဆင်းစေတဲ့ ဆေးမျိုးတွေပေးထားရပါ တယ်။ ဒီဆေးတွေသောက်တဲ့အခါ ဘေး ထွက်ဆိုးကျိုးအနေနဲ့ လူနာကိုပျို့ချင်၊ အန်ချင်စိတ်တွေ၊ အစာစားချင်စိတ်မရှိ တာတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ကြာလာရင် တဖြည်းဖြည်းနဲ့ သွေးတွင်း မှာသကြား ဓာတ်လွန်ကဲတာတွေဖြစ်ပြီး ဆီးချိုသွေးချိုရောဂါဖြစ်လာနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါကို မထိန်းနိုင် ရင်တော့ အနာမကျက်တာတွေ ဖြစ်လာ နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့က သွေးတိုးမယ်၊ ကိုလက်စထရောဓာတ် တွေ အလိုအလျောက်တက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အသားဓာတ်ကို ချေဖျက်နိုင်စွမ်းလည်း ပြောင်းလဲသွားပါ တယ်။ အရိုးပွတဲ့နှုန်းကလည်း ပိုများလာ ပါတယ်။

♦ ဘယ်လိုအာဟာရတွေ ကျွေးသင့်လဲ
အသည်းအစားထိုးကုသမှု ခံယူ ထားတဲ့ လူနာတွေကိုအကြောကနေ အာဟာရဓာတ်တွေသွင်းပေးတာမျိုးပဲ အရင် လုပ်ရပါတယ်။ နောက်မှ တဖြည်းဖြည်း ကျန်းမာလာမှ အသားဓာတ်များများပါတဲ့ အစာတွေစားဖို့ ပြုလုပ်ပေးရပါတယ်။

♦ ဆရာဝန်နဲ့ တိုင်ပင်ပါ
အသည်းခြောက်တဲ့သူ ဖြစ်ဖြစ်၊ အ သည်းကင်ဆာ လူနာပဲဖြစ်ဖြစ် အရမ်းဆိုး ရွားနေတဲ့ အခြေအနေမျိုးဆို အာဟာရ ဓာတ်မပြည့်ဝတာ၊ လုံးဝမစားနိုင်တော့ တာမျိုးကြုံရတတ်ပါတယ်။ ဒါကြောင့် အဲဒီလိုရောဂါတွေဖြစ်ပြီလို့ သိရှိပြီဆိုတာ နဲ့ ဘယ်လိုအာဟာရဓာတ်တွေ မျှမျှတတ စားရမယ်ဆိုတာ ဆရာမတို့တွေကို လာ တိုင်ပင်တာမျိုး လုပ်သင့်ပါတယ်။ ဒါမှ လည်း ဆရာမတို့က လူနာတွေကို အချိန် မီကုသပေးနိုင်မှာပေါ့နော်။
ဒါပေမဲ့ ဘယ်လိုမှ အစာမစားတော့ တဲ့ အချိန်မျိုးမှာမှ ဆရာမတို့ဆီ ရောက် လာမယ်ဆိုရင်တော့ ကုသမှုအပိုင်းမှာ လည်း မထိရောက်တော့မှာ စိုးရိမ်ရပါ တယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် တကယ် ပဲ အစာမစားနိုင်တော့တာလား၊ ကိုယ်အ လေးချိန် တစ်လမှာ ရှစ်ပေါင်လောက်ကျ သွားတာမျိုးဖြစ်လာတယ် ဆိုရင်တော့ ဆရာမတို့နဲ့ လာတိုင်ပင်ဖို့လိုပါတယ်။ အ ရမ်းကြီး အသိနောက်ကျမှ ဆရာဝန်တွေ ဆီရောက်တာမျိုးမဖြစ်အောင် ကိုယ့် ကိုယ်ကိုယ်ဆန်းစစ်ပေးကြပါလို့ အကြံပြု လိုက်ရပါတယ်။

♥ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal