အသက် ၆၀ မှာ နုပျိုနေဖို့ အသက် ၃၀ ကတည်းက လုပ်သင့်တဲ့အရာ

နုပျိုမှုကို အပြင်ပန်းပြင်ဆင်လိမ်းခြယ်ထားရုံနဲ့ ဖုံးကွယ်လို့မရပါဘူး။ ခန္ဓာကိုယ် တွင်းရော ပြင်ပကပါ နုပျိုနေမှသာ အမှန်တကယ် နုပျိုတယ်လို့ ဆိုနိုင်မှာပါ။ အသက် ၆၀ အရွယ်မှာ နုပျိုလှပနေတာဟာ အသက် ၃၀အရွယ်ကတည်းက ကိုယ့် ကိုယ်ကိုလှပအောင်ဆင်ခြင်နေထိုင်တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ အသက် ၃၀ အရွယ်မှာ အောက်ပါအလေ့အကျင့်တွေရှိနေဖို့ ဒီနေ့ပဲစလိုက်ကြရအောင် . . .

ပျော်စရာအတွေးတွေ အမြဲတွေးတယ်
စိတ်ပျိုကိုယ်နုဆိုတဲ့စကားကို ကြား ဖူးကြမှာပါ။ အကောင်းမြင်စိတ်ရှိတာ၊ တစ်ပါးသူတွေအပေါ် အကောင်းမြင်စိတ် နဲ့ တွေးတောပေးတာတွေက သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို နုပျိုနေစေပြီး အသက်ရှည် စေပါတယ်။ အတိတ်က ပျော်ရွှင်စရာဖြစ် ရပ်တွေကို ပြန်လည်တွေးတောတာက သက်ရှည်နုပျိုစေတယ်လို့ “ပျော်ရွှင်ဖွယ် အကောင်းဆုံးဘ၀”စာအုပ်ကို ရေးသားခဲ့ သူ ကယ်ရိုလင်းအဒမ်မိုင်လာက ပြောပါ တယ်။

စောစောအိပ်လို့ စောစောထကြပါစို့
နုပျိုစေတဲ့ အကောင်းဆုံး လျှို့ဝှက် ချက်က အိပ်ရာစောစောဝင်တာပါ။ ဒီ အကျင့်ကိုဖြစ်နိုင်ရင် အသက် ၃၀ မတိုင် ခင်ကတည်းက လေ့ကျင့်ယူထားသင့်ပါ တယ်။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ လိုအပ်တာတွေကို ပြန်လည် ပြုပြင် ပေးပြီး အကောင်းဆုံး ဖြစ်စေပါတယ်။ အိပ်ရေး၀၀အိပ်စက်တာကြောင့် သင့် ခန္ဓာကိုယ်ကို နုပျိုစေပြီး ဦးနှောက်ဉာဏ် ရည် ထက်မြက်စေပါတယ်။ အိပ်စက်တဲ့ အခါ အိပ်ရာစောစောဝင်ပြီး တစ်ညကို ရှစ်နာရီကြာ အိပ်စက်သင့်ပါတယ်။

နုပျိုစေတာတွေ ရွေးစားတယ်
စားသုံးလိုက်တဲ့ အစားအသောက် တွေက နုပျိုလှပဖို့အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစားအ သောက်တွေ စားတိုင်းမှာ သစ်သီး၊ ဟင်း သီးဟင်းရွက်နဲ့ ရေ တစ်ဖန်ခွက် ပါဝင် အောင်စားသောက်သင့်တယ်လို့ Dr.­Lodge က ပြောပါတယ်။ ဒီလို စား သောက်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်၊သတ္တုဓာတ်နဲ့ အင်တီ အောက်ဆီးဒင့်တွေရရှိပြီး စွမ်းအင်ပြည့်ဝ ကာ လန်းဆန်းစေပါတယ်။ နေ့လယ်စာ၊ ညစာတွေ စားပြီးတဲ့အခါ အချိုပွဲစားတဲ့ အကျင့်ကိုဖျောက်ပစ်ဖို့ မလိုပါဘူး။ ကျန်း မာရေးနဲ့ ညီညွတ်တဲ့ သီးနှံတစ်မျိုးမျိုး ဒါမှမဟုတ် သီးနှံတွေနဲ့ ပြုလုပ်ထားတာ ကို ရွေးချယ်စားဖို့သာ လိုအပ်တာပါ။

ကြွက်သားတိုင်း သန်မာစေရမယ်
လက်ရှိအသက်အရွယ်ထက် ဘယ် လောက် အတိုင်းအတာအထိ ငယ်ရွယ် နုပျိုချင်ပါသလဲ။ ဒီမေးခွန်းကို လေ့ကျင့် ရေးနည်းပြတွေက မေးတဲ့အခါ အများစု က လက်ရှိအသက်ထက် ၂၀ နှစ်ခန့် နုပျို ချင်တယ်လို့ ပြောကြပါတယ်။ ဆွဲဆန့် လေ့ကျင့်ခန်း၊ အလေးအသုံးပြုပြီး လေ့ ကျင့်တာတွေ ပြုလုပ်တာကြောင့် ကြွက် သားတွေပိုမိုသန်မာလာပြီး သက်လုံ ပိုမို ကောင်းလာစေပါတယ်။ သင့်ကိုသင် လည်း အသက် ၂၀ လောက် ပိုငယ်သွား တယ်လို့ ထင်မြင်လောက်အောင်ကို သွက်သွက်လက်လက် လှုပ်ရှားသွားလာ နိုင်မှာဖြစ်ပါတယ်။

ဆံပင်ပုံစံ အမျိုးမျိုးနဲ့လန်းမယ်
လက်ရှိအသက်ထက် ပိုနုငယ်တယ် လို့ ထင်မြင်အောင် သင်ရဲ့ အပြင်အဆင် တွေနဲ့ ပြောင်းလဲယူလို့ရပါတယ်။ ဆံပင် ပုံစံကို လက်ရှိပုံစံနဲ့ လုံးဝမတူအောင် အ သွင်ပြောင်းလိုက်တာက သင့်ရုပ်သွင်ကို ထူးခြားစွာ ပြောင်းလဲသွားစေပါတယ်။အသားအရေ၊ ဆံပင်ပုံစံနဲ့ ခန္ဓာကိုယ် အ ချိုးအစားပြောင်းလဲမှုတွေကို အနည်း ငယ်ပြောင်းလဲမှုလုပ်လိုက်တာနဲ့ လက်ရှိ အသက်ထက် ငယ်ရွယ်တယ်လို့ ထင်မြင် နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုတိုး လာစေပါတယ်။

ဦးနှောက်ကို အလုပ်ပေးတယ်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အစာတွေ စားတာ၊ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ လုံလောက်တာ၊ မျက်နှာပေါင်း တင်တာကို ပုံမှန်ပြုလုပ်တာတွေ ဆောင် ရွက်ပေမယ့်လည်း ဇရာကို အန်တုနိုင်ဖို့ တော့ ခဲယဉ်းပါတယ်။ အသက်အရွယ်ရ လာချိန်မှာ ဇရာရဲ့ ပြောင်းလဲလာမှုတွေကို ရင်ဆိုင်ရမှာပါပဲ။ ဦးနှောက်ကို လှုံ့ဆော်မှု ပေးတာကသာ သင့်စိတ်ကို အစဉ်နုပျို လန်းဆန်းနေမှာပါ။ ပတ်ဝန်းကျင်အသစ် ကို လေ့လာစူးစမ်းတာ၊ ပညာရပ်ဆိုင်ရာ အသစ်အဆန်းတွေ လေ့လာတာကို ဆောင်ရွက်ပါ။

အတိတ်ကို အမှတ်တရ ရှိတယ်
အတိတ်က ပျော်ရွှင်ခဲ့ဖူး၊ သွားလာခဲ့ ဖူးတဲ့နေရာတွေကို ပြန်သွားတာ၊ ကြိုက် ခဲ့ဖူးတဲ့ အရောင်၊ အင်္ကျီပုံစံတွေကို ပြန် လည်ဝတ်ဆင်တာ၊ ကြိုက်ခဲ့ဖူးတဲ့ ဂီတ အမျိုးအစားကို နားထောင်တာ စတဲ့ လုပ် ဆောင်မှုတွေက မှတ်ဉာဏ်တွေ ပိုမို ကောင်းမွန်လာပြီး ပျော်ရွှင်မှုတွေ တိုးပွား တဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်း မွန်စေပါတယ်။ အသက် ၃၀ ကတည်းက ဒီအကျင့်ကောင်းလေးတွေ ရှိနေမယ်ဆို ရင် အသက် ၆၀ အရွယ်မှာ သင်က အ များက အားကျရလောက်အောင် စိတ်သ ဘောထား နုနယ်သူတစ်ယောက်ဖြစ်နေ မှာပါ။

အကောင်းမြင်စိတ် မွေးမြူတယ်
ဘယ်လိုပဲ အခက်အခဲ၊ အတားအ ဆီး၊ အဟန့်အတားနဲ့ စိတ်အနှောင့်အ ယှက် ဖြစ်စရာတွေ ကြုံတွေ့ပေမယ့် အ ကောင်းမြင်စိတ်ထားနဲ့ အရာရာကို ရှုမြင် တတ်သူတွေဟာ နုပျိုလှပနေတတ်ကြပါ တယ်။ အကောင်းမြင်စိတ်ရှိသူတွေမှာ စွမ်းအင်သတ္တိတွေဟာလည်း သူ့အလိုလို ဖြစ်ပေါ်လာတာကြောင့် အရာရာကို အောင်မြင်စွာ ကျော်လွှားသွားနိုင်ပါလိမ့် မယ်။ အကောင်းမြင်စိတ်ဆိုတာ အခုမွေး အခုအကောင်းမြင်နေတာမျိုးတော့ မဟုတ်ပါဘူး။ စွဲစွဲမြဲမြဲ လေ့ကျင့်ထားမှ အရာအားလုံးအပေါ်မှာ အကောင်းမြင် စိတ်နဲ့ရှုမြင်နိုင်မှာ ဖြစ်ပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *