အသက် ၃၀ မတိုင်မီ နားကြပ်ဖြင့်သီချင်းကျယ်လောင်စွာနားထောင်သူများ အသက် ၅၀ ကျော်လျှင် နားထိုင်းနိုင်ခြေ များ

အသက် ၃၀ မတိုင်မီမှာ နားကြပ်နဲ့သီချင်းကျယ်လောင် စွာနားထောင်တတ်သူတွေဟာ အသက် ၅၀ ကျော်ရင် နားထိုင်း နိုင်ခြေများတယ်လို့ Central Middlesex Hospital  ရဲ့ နားအထူးကုရိုစဘင်ဆေ့ခ်ျက ဆိုလိုက်ပါတယ်။ ဖျော်ဖြေပွဲတွေ၊ နိုက်ကလပ်တွေမှာ ၁၀၀ ဒယ်ဆီဘယ်ကျော်တဲ့အသံတွေကို နားထောင်လေ့ရှိတဲ့လူငယ်တွေအနေနဲ့လည်း အသက်ကြီးလာ တဲ့အခါ အကြားအာရုံချို့ယွင်းနိုင်ခြေများပြီးတော့ ဒီလိုဆူ ညံမှုကို အနည်းဆုံး ၁၅ မိနစ်ခန့်သာနားထောင်သင့်ပါတယ်။အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်းလူငယ်တွေဟာ နားကြပ် နဲ့ သီချင်းကိုကျယ်လောင်စွာနားထောင်လေ့ရှိကြပြီးတော့ ၄၀ ရာခိုင်နှုန်းလောက်က ဒီလိုနားထောင်ခြင်းဟာ အကြားအာရုံကို ထိခိုက်စေနိုင်မှန်းမသိကြပါဘူး။ ရိုစဘင်ဆေ့ခ်ျကတော့ အသံ ပိုင်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေမှာ သတိပေးချက်တွေထည့်သွင်းရေးသားကြဖို့နဲ့အရည်အသွေးကောင်းတဲ့အသံပိုင်းဆိုင် ရာပစ္စည်းတွေကိုသာ အသုံးပြုကြဖို့ အကြံပြုခဲ့ပါတယ်။

◘ (DM, 7.6.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *