အသက် နှစ်ဆယ်ဝန်းကျင်မှာ သိထားသင့်တဲ့ ၅ ချက်

လူတိုင်း ငယ်ရာကနေ အသက်တွေ ကြီးလာတဲ့အထိ ဖြတ်သန်းရတဲ့ ဘ၀တွေ က မတူညီကြဘူး။ မိဘပြောစကား၊ လူ ကြီးသူမပြောစကား နားထောင်ခိုင်းတယ် ဆိုတာ သူတို့ဖြတ်သန်းခဲ့ပြီးတဲ့ ဘ၀အ တွေ့အကြုံတွေပေါ်အခြေခံပြီး အကောင်း အဆိုးကို သိခွင့်ရစေပါတယ်။ ဒီ ဆောင်း ပါးမှာ ဖော်ပြပေးမယ့် (၅) ချက်ကတော့-

(၁) အမှားတွေလုပ်မိနိုင်ပါတယ်

လူတိုင်းအမှားနဲ့ မကင်းကြပါဘူး။ အမှားသေးသေးလေးကနေ အကြီးကြီး ထိ လုပ်မိနိုင်ပါတယ်။ မသိလို့မှားတာနဲ့ သိရက်နဲ့မှားတာတွေလည်း ရှိပါတယ်။ မ သိလို့မှားခဲ့တာကနေ သင်ခန်းစာယူပြီး နောက်မမှားအောင် ကြိုးစားရမှာပါ။ အ ရှုံးတွေနဲ့အတူနောင်တတွေပါ ခံစားဖူး တဲ့အခါ ဘယ်အရာမဆို ပြီးစလွယ်မလုပ် တော့ဖို့ မျှော်လင့်ပါတယ်။ ကြိုတင်ပြင် ဆင်မှုက အရေးကြီးတယ်၊ ကြိုးစားမှုက အရေးကြီးတယ်ဆိုတာတွေကို နားလည် လာမှာပါ။ အမှားတွေကနေ သင်ယူပြီး ဆင်ခြင်မှသာလျှင် ရခဲ့ဖူးတဲ့ ရှုံးနိမ့်မှုတွေ က တန်မှာဖြစ်ပါတယ်၊ အမှားလုပ်ပြီး မေ့ လိုက်တယ်၊ မဆင်ခြင်ဘူး၊ အမှတ်မထား ဘူးဆိုရင် အလကားပဲ ဖြစ်စေပါလိမ့်မယ်။

(၂) ပိုက်ဆံစုပါ

အသက်နှစ်ဆယ်ဝန်းကျင်မှာ သင် အလုပ်တစ်ခုလည်းရနေပြီ၊ သင့်ငွေနဲ့ သင်လည်ပတ်နေနိုင်ပြီဆိုရင် ပိုက်ဆံစစု ဖို့ မမေ့ပါနဲ့။ မပြောပလောက်တဲ့ ပမာဏ လေးကိုပဲ စုစုသွားပါ၊ တစ်ချိန်မှာ အလုံး အရင်း ပမာဏအများကြီး ဖြစ်လာမှာပါ။ အသက်နှစ်ဆယ်ဝန်းကျင် ရွယ်တူတွေ ကို သင်ကြည့်တဲ့အခါ အတော်များများ ဟာ သုံးစွဲပျော်ပါးနေကြတာကို တွေ့ရမှာ ပါ။ သင့်အနေနဲ့ ခုချိန်မှာ ပိုက်ဆံစစုမယ် ဆိုရင် တစ်နှစ်လုပ်အားခရဲ့ ဆယ်ရာခိုင် နှုန်းကိုပဲ နှစ်စဉ်စုသွားဖို့ လိုပါတယ်။ ဒါ ကြောင့် ပိုက်ဆံစစုပါ။

(၃) တစ်သမတ်တည်းပုံသေဆိုတာမျိုး ရှိချင်မှရှိပါမယ်

သင်ငယ်ငယ်ကတည်းက ပေါင်းခဲ့ တဲ့ သူငယ်ချင်းတွေထဲမှာ တချို့က ငယ် ရွယ်စဉ်ကတည်းက ရည်မှန်းချက်ထားပြီး ကြီးလာရင် ဘာလုပ်မယ်ဆိုပြီး ကြိုးစား သူတွေကို တွေ့ဖူးမှာပါ။ တချို့က မှန်း ထားတဲ့အတိုင်း ဖြစ်လာပြီး၊ လုပ်ငန်းခွင် ၀င်ပြီးမှ နောက်ဝါသနာ၊ အလုပ်ခွင်သစ် ကို ပြောင်းသွားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဒီလိုရည်မှန်းချက်ပြောင်းလဲမှု တွေလည်း ကြုံတွေ့လာရနိုင်ပါတယ်။ သင်စိတ်မ၀င်စားဘူးလို့ ထင်ထားတဲ့ အ ရာတွေကပဲ သင့်ဘ၀ကို အောင်မြင်မှု တွေ၊ ပျော်ရွှင်မှုတွေရစေနိုင်တာမျိုး လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အ ကောင်းဆုံးကတော့ ဘယ်နေရာရောက် ရောက် အကောင်းဆုံး ကြိုးစားပါ။ ရည် မှန်းချက်ထားပြီး အလုပ်လုပ်ပါ။ 

(၄) ခန္ဓာကိုယ်ကိုစောင့်ရှောက်ပါ

အသက်နှစ်ဆယ်ဝန်းကျင်မှာ ကျန်း မာရေးစောင့်ရှောက်မှုတွေက အသက် ကြီးလာတဲ့အခါ အကျိုးသက်ရောက်မှု တွေ ပေးနိုင်ပါတယ်။ အသက်နှစ်ဆယ် ၀န်းကျင်ဆိုတာ အပျော်အပါးတွေ ခုံမင် လွန်တတ်တဲ့အရွယ်လည်း ဖြစ်ပါတယ်။ ဆေးလိပ်၊ အရက် စတာတွေကို စမ်းသပ် လာကြနိုင်ပါတယ်။ ဒါပေမဲ့ ဆေးလိပ်၊ အရက်သောက်သုံးမှုတွေဟာ နှလုံးရော ဂါဖြစ်စေမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ ကြောင့် သင် အသက်သုံးဆယ်၊ လေး ဆယ်၊ ငါးဆယ်အရွယ်မှာ ကျန်းကျန်းမာ မာနဲ့ ဘ၀ကို ဖြတ်သန်းချင်တယ်ဆိုရင် ဆေးလိပ်နဲ့ သေရည်အရက်ကို ရှောင်ပါ။ 

ဒါတွေက ပျော်ရွှင်မှုအစစ်အမှန်ကို မပေး နိုင်ပါဘူး။ 

(၅) အတွေ့အကြုံစုပါ 

သင် အသက်နှစ်ဆယ်ဝန်းကျင်မှာ  ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ဗဟုသုတ တွေဟာ ကျန်နေတဲ့ ဘ၀သက်တမ်းအ ပေါ် သက်ရောက်မှုပေးနိုင်ပါတယ်။ သင် လုပ်ခဲ့တဲ့ အလုပ်တွေကနေ အတတ် ပညာ၊ အတွေ့အကြုံတွေများစွာ ရရှိနိုင် ပြီး ဒီလိုရရှိထားတဲ့ ဗဟုသုတတွေကို တစ်ချိန်မှာ ပြန်အသုံးချသွားရမှာပါ။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *