အစားလျှော့စားသည့်မိန်းကလေးများ အရက်အလွန်အကျွံသောက်နိုင်ခြေများ

အစားလျှော့စားနေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ဟာ ပါတီတွေသွားပြီး အရက်၊ ဆေးလိပ်အလွန်အကျွံ သောက် နိုင်ခြေ များတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ၀ိတ်ချဖို့ ကြိုးစားရင် အစားရှောင်တာအပါအ၀င် ကျန်းမာရေးအတွက် မကောင်းတဲ့တခြားအပြုအမူတွေပါ လုပ်မိသွားနိုင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။ ကနေဒါက အထက်တန်းကျောင်းသူ ၃၃၀၀ ကျော်ကို လေ့လာအပြီးမှာမှ သုတေသီတွေက အခုလို ကောက်ချက်ဆွဲခဲ့တာဖြစ်ပါတယ်။ အစားရှောင်တာနဲ့ တခြား ကျန်းမာရေးထိခိုက်စေတဲ့အပြုအမူတွေကို လုပ်တာဟာ ကိုယ့် ခန္ဓာကိုယ်ကို စိတ်တိုင်းမကျတာအပါအ၀င် တခြားအကြောင်း တွေနဲ့လည်း ဆက်စပ်နေနိုင်တယ်လို့ ခေါင်းဆောင်သုတေသီက ဆို ပါတယ်။ မိန်းကလေးတွေထဲမှာ ၇၀ ရာခိုင်နှုန်းက ၀ိတ်ချတဲ့ အနေနဲ့ အစားရှောင်နေကြတယ်ဆိုတော့ ကျန်းမာရေးနဲ့မညီ ညွတ်တဲ့အပြုအမူတွေ ဘယ်လောက်တောင်လုပ်မိမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ အစားမမှန်တာတွေဖြစ်လာနိုင်တဲ့အ တွက် မိန်းကလေးငယ်လေးတွေကို ၀ိတ်လျှော့ဖို့ ဖိအားမပေး သင့်ဘူးလို့ သူက ဆက်ပြောပါတယ်။ 

◘ (DM, 14.6.18) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *