အစာမကြေလို့ ရင်ပြည့်ရင်ကယ်ဖြစ်နေလား

အစာမကြေဖြစ်တဲ့အခါ ၀မ်းဗိုက် ပြည့်တင်းပြီး နေရထိုင်ရတာ မအီမသာ ဖြစ်တတ်ပါတယ်။ အများစုက ရောဂါကြီး ကြီးမားမားမရှိဘဲ ခံစားရတတ်ပြီး တချို့ မှာတော့ ရောဂါတစ်ခုရဲ့ လက္ခဏာရပ် အနေနဲ့ ဖြစ်တတ်ပါတယ်။ ဗိုက်အောင့် တာ၊ ရင်ပူတာ၊ လေပွတာ၊ ပျို့အန်တာ၊ ခံတွင်းချဉ်တာ၊ ၀မ်းဗိုက်မအီမသာဖြစ် တာနဲ့ အစာစားချင်စိတ် မရှိတာတွေ ခံ စားရနိုင်ပါတယ်။

ရှောက်သီးနှင့် ချင်း
မီးဖိုချောင်ထဲကရနိုင်တဲ့ ပစ္စည်းတွေ နဲ့ အစာမကြေတာအတွက် အကောင်းဆုံး ဖြေရှင်းနိုင်ပါတယ်။ ရှောက်ရည် ထမင်း စားဇွန်းနှစ်ဇွန်းနဲ့ ချင်းရည် လက်ဖက်စား ဇွန်းနှစ်ဇွန်းကို ဖန်ခွက်ထဲရောထည့်ပြီး ခပ်နွေးနွေးရေကို ဖန်ခွက်ပြည့်တဲ့အထိ ဖြည့်ပါ။ ပျားရည်အနည်းငယ်ရောထည့် ပြီး ထမင်းစားပြီးချိန် သောက်ပေးပါ။

နာနတ်သီး
ထမင်းစားပြီးနောက် နာနတ်သီး ဖျော်ရည်တစ်ခွက်သောက်ပေးပါက အ စာကြေညက်စေပါတယ်။ နာနတ်သီးထဲ မှာပါတဲ့ ဘရိုမီလင်အင်ဇိုင်းက အစာအိမ် ထဲက အက်စစ်ပမာဏကို ပုံမှန်ဖြစ်စေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

သံပရာသီး
သံပရာသီးကပျို့အန်ချင်တာ၊ အ စာမကြေတာနဲ့ လေပွတာအတွက် အ ကောင်းဆုံးအသုံးပြုနိုင်ပြီး အိမ်တွင်းမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ အစာစား ပြီးတဲ့အခါ သံပရာရည်လက်ဖက်စားဇွန်း တစ်ဇွန်းကို ပျားရည်ဆတူရောပြီး သောက်ပေးပါ။

မုန်လာဥနီ
မုန်လာဥနီထဲမှာ အင်ဇိုင်းအမျိုးမျိုး ပါဝင်ပြီး ခံတွင်းမှတံတွေးနဲ့ တခြားအစာ ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေ အထွက်များ အောင် လှုံ့ဆော်ပေးပါတယ်။ အဲဒီလိုလှုံ့ ဆော်မှုကြောင့် အင်ဇိုင်းတွေ ထွက်ရှိပြီး အစာချေဖျက်တာကို ကောင်းမွန်စေပါ တယ်။ မုန်လာဥနီကို အစိမ်းအတိုင်း ၀ါး စားတာ ဒါမှမဟုတ် ဖျော်ရည်လုပ် သောက်နိုင်ပါတယ်။

လိမ္မော်သီး
လိမ္မော်သီးထဲမှာ စစ်ထရစ်အက်စစ် ပါဝင်ပြီး အစာကြေညက်စေဖို့ အိမ်တွင်း ဆေးနည်းတစ်လက်အဖြစ် အသုံးပြုနိုင် ပါတယ်။ လိမ္မော်ရည်တစ်ဖန်ခွက်ကို အ စာမစားခင်သောက်ပါ၊ ဒါမှမဟုတ် အစာ မကြေတာကို ကာကွယ်ဖို့အတွက် အစာ မစားခင် လိမ္မော်သီးတစ်လုံးစားပါ။ အစာ အိမ်ထဲမှာ အက်စစ်ထုတ်လုပ်မှုကို များ စေပြီး အစာကြေညက်မှုကို ကောင်းမွန် စေပါတယ်။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာ ၀မ်းပျော့စေ တဲ့ အာနိသင်နဲ့ အစာချေဖျက်မှုကို အား ပေးတဲ့ အာနိသင်တွေရှိပါတယ်။ ရှား စောင်းလက်ပပ်က အစာအိမ်ထဲက အက် စစ်ကို ဓာတ်ပြယ်စေပြီး အစာမကြေတာ ကြောင့် ခံစားရတဲ့ရင်ပူတာကို အလျင်အ မြန် သက်သာစေပါတယ်။

တလည်းသီး
တလည်းသီးကို ပျားရည်တစ်ဇွန်းနဲ့ ရောပြီး ဖျော်ရည်လုပ်သောက်ပါက မူး ဝေတာ၊ ပျို့အန်ချင်တာနဲ့ အစာမကြေ တာတွေကို သက်သာစေပါတယ်။ တစ် နေ့ကို ၂-၃ ကြိမ် သောက်ပေးပါ။

နွားနို့
အစာမကြေတာကို သက်သာစေဖို့ အစာမစားခင်၊ ဒါမှမဟုတ် အစာစားပြီး ချိန်မှာ နွားနို့ပူပူတစ်ခွက်ကို မှုတ်သောက် ပါ။ နွားနို့ထဲကို ဇီရာစေ့မှုန့် တစ်ဇွန်းထည့် သောက်ပါက အစာမကြေတာကို အလျင် အမြန် သက်သာစေပါတယ်။

လက်ဖက်ရည်ကြမ်း
အစာစားတာ များသွားတဲ့အခါမျိုးမှာ လက်ဖက်ရည်ကြမ်းကို သောက်သုံးပေး ပါက အစာကြေညက်မှုကို ကောင်းမွန်စေ ပါတယ်။ ကြိုက်နှစ်သက်ရာ လက်ဖက် ခြောက်ကို ရေနွေးပူပူထဲထည့်ကာ ငါးမိ နစ်စိမ်ထားပါ။ ပြီးမှ သောက်သုံးပါ။

ပန်းသီး
ပန်းသီးမှာ အမျှင်ဓာတ်များစွာပါဝင် ပြီး အစာမကြေတာကို ကူညီပေးပါတယ်။ ပန်းသီးက အစာအိမ်နဲ့ အူလမ်းကြောင်း ထဲ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလို့ မိနစ် အနည်းငယ်အတွင်းမှာ အစာမကြေတာ သက်သာပြီး ဗိုက်နာဗိုက်အောင့်တာတွေ ပျောက်ကင်းစေပါတယ်။

ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးမှာ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေပါဝင်ပြီး ရင်ပူတာ၊ အစာမကြေ လို့ဖြစ်တဲ့ ၀မ်းဗိုက်ပိုင်း မအီမသာဖြစ်တာ တွေကနေ သက်သာစေပါတယ်။ ဂရိတ် ဖရုသီးက အစာခြေအင်ဇိုင်းတွေ ထုတ် လုပ်မှုကို ကောင်းမွန်စေလို့ အစာအိမ်နဲ့ အူလမ်းကြောင်း လုပ်ငန်းတွေ မြန်ဆန် စေပါတယ်။ ဂရိတ်ဖရုအခွံကို နေခြောက် လှန်းပြီး အမှုန့်ပြုလုပ်ပါ။ ရလာတဲ့ အမှုန့် လက်ဖက်စားဇွန်းတစ်ဝက်ကို ရေနဲ့ သောက်ပေးပါက ဗိုက်နာဗိုက်အောင့်တာ ကို သက်သာစေပါတယ်။

စပျစ်သီး
စပျစ်သီးက အစာအိမ်နဲ့ အူလမ်း ကြောင်းကို ကျန်းမာရေးနဲ့ ညီညွတ်စေပါ တယ်။ စပျစ်သီးကို ဖျော်ရည်လုပ်သောက် ပါက အစာမကြေတာကို သက်သာစေပြီး အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာ ဖြစ်တာကို လျော့နည်းစေပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူက အစာမကြေလို့ဖြစ် တဲ့ ဗိုက်နာဗိုက်အောင့်တာကို သက်သာ စေပါတယ်။ ကြက်သွန်ဖြူနဲ့ ပဲပိစပ်က ထုတ်ထားတဲ့ဆီကို ဆတူရောပြီး ၀မ်းဗိုက် ကို ညင်သာစွာ ပွတ်လိမ်းပေးပါ။ အဆီ တွေ အရေပြားထဲ တဖြည်းဖြည်း စိမ့်ဝင် ပြီး အစာမကြေတာ လျော့နည်းကာ ဗိုက် နာဗိုက်အောင့်ဖြစ်တာ သက်သာလာစေ ပါတယ်။

Tips! 

အစာကို ဖြည်းဖြည်းချင်းဝါး စားပါ။ အစာကို အငမ်းမရ စားသုံးတာမျိုးက လေတွေကို မျိုချမိစေလို့ ၀မ်းဗိုက်ထဲမှာ လေတွေစုကာ လေပွစေပါတယ်။ ညအိပ် ရာမ၀င်ခင် အနည်းဆုံး ၃ နာရီခွာပြီး အစာစားပါ။ ညအိပ်ပျော်နေချိန်မှာ အစာမကြေဖြစ်တာကြောင့်ပါ။

◘ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *