အဆီတွေက ရန်သူလား

အဆီကျချင်တဲ့သူပဲရှိပါတယ်၊ အဆီ ပိုတွေတိုးချင်တဲ့သူတော့ မရှိသလောက် ရှားပါတယ်။ လူအတော်များများကတော့ အဆီဆဲလ်တွေကို ရန်သူအနေနဲ့ သတ် မှတ်ထားကြလေ့ရှိပါတယ်။ အဆီဆဲလ် တွေ ခန္ဓာကိုယ်မှာ လုံးဝမရှိလို့တော့ မ ဖြစ်ပါဘူး။ သူတို့မရှိရင် ခန္ဓာကိုယ်ကြီး အေးခဲသွားမှာပါ။

အဆီဆဲလ်တွေဆိုတာ …
အဆီဆဲလ်တွေက ခန္ဓာကိုယ်ကြီး ထဲက တခြားဆဲလ်တွေလိုမျိုးပါပဲ ဆဲလ် အမြှေးပါးနဲ့ နျူကလီးယက်စ်တစ်ခု ပါဝင် ပြီး ဆဲလ်အတွင်းမှာတော့ ဖက်တီးအက် စစ်မော်လီကျူးတွေပါဝင်တဲ့ ထရွိုင်ဂလစ် စရိုက်တွေ ပါဝင်ပါတယ်။
အဆီတွေ (Adipocytes) မှာWhite Fat နဲ့ Brown Fat ဆိုပြီး ထပ်ကွဲပါသေး တယ်။ အဖြူရောင်အဆီ (White Fat) က စွမ်းအင်သိုလှောင်ဖို့ အဓိကဖြစ်ပြီး အစာစားပြီး ဖက်တီးအက်စစ်တွေ သို လှောင်တဲ့အခါ အရွယ်အစားကြီးလာပါ တယ်။ သွေးတွင်းအင်ဆူလင် ကျဆင်း လာတဲ့အခါ သိုလှောင်ထားတဲ့ စွမ်းအင် တွေထုတ်ပေးပါတယ်။ သွေးတွင်းသ ကြားဓာတ်ကို ထိန်းညှိပေးတဲ့အလုပ်ကို လည်း လုပ်နိုင်ပါတယ်။ အင်ဆူလင် ထွက်ရှိလာတဲ့အပေါ် မူတည်ပြီး သွေး တွင်းမှာ ပိုနေတဲ့ သကြားဓာတ်တွေ ဂလူး ကို့စ်တွေကိုဆွဲယူပြီး သိမ်းဆည်းပေးပါ တယ်။
အညိုရောင်အဆီ (Brown Fat) က အညိုရောင်ဖြစ်နေရတာဟာ iron-containing မိုက်တိုကွန်ဒရီယာတွေ ကြောင့် ဖြစ်ပါတယ်။ အညိုရောင်အဆီ တွေကလည်း ခန္ဓာကိုယ်တွင်း တစ်သျှူး တွေဆီကို အောက်ဆီဂျင်နဲ့ အစာအာ ဟာရတွေ ထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို လည်ပတ်ပေးပြီး တော့ ခန္ဓာကိုယ်ကြီး အနွေးဓာတ် ရရှိဖို့ အပူထုတ်ပေးပါတယ်။ တချို့အဆီတွေကတော့ ခန္ဓာ ကိုယ်တွင်းအင်္ဂါတွေကို အထောက်အပံ့ Cushion အနေနဲ့ ကြားခံပေးတဲ့ အလုပ် လုပ်ပါတယ်။ ဥပမာ – မျက်လုံးတစ်ဝိုက် အဆီတွေဆိုရင် မျက်လုံးအတွက် Cushion အနေနဲ့ ထောက်ပံ့ပေးထားတာပါ၊ သူတို့က စွမ်းအင်ထုတ်လုပ်ပေးနိုင်စွမ်း နည်းပါတယ်။ စွမ်းအင်ထုတ်ပေးမယ့် အ ဆီဆဲလ်တွေ အကုန်လုံးမရှိတော့မှ ထုတ်ပေးတာမျိုးပါ။

သတိထားပါ . . .
သင်ရဲ့BMI (Body Mass Index) ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘောင် အတွင်းမှာပဲ ရှိသင့်ပါတယ်။ အထူးသ ဖြင့် ၀မ်းဗိုက်အဆီ၊ ခါးဆိုက်က ရှိသင့်တာ ထက် ပိုနေပြီဆိုရင် အ၀လွန်တာနဲ့ ဆက် စပ်တဲ့ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ ကင် ဆာနဲ့ တခြားကျန်းမာရေးဆိုးကျိုးတွေ ရလာမှာပါ။ နောက်ပြီး ၀မ်းဗိုက်အဆီက ရောင်ရမ်းမှုဖြစ်စဉ် ဖြစ်စေတဲ့ inflamm-atory cytokines တွေ ထုတ်လုပ်ပေးနိုင် လို့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အဆီတွေလျှော့ချနိုင်လား . . .
မွေးခါစမှာ အညိုရောင်အဆီတွေ ပိုများများရှိနေမှာဖြစ်ပြီး အသက်ကြီးလာ တာနဲ့အမျှ လျှော့နည်းလာပါတယ်။ လူ လတ်ပိုင်းအရွယ်ရောက်ရင်တော့ အဆီ ဆဲလ်တွေရဲ့ ပမာဏက ပုံသေတည်ငြိမ် သွားပါတယ်။ ခန္ဓာကိုယ်အလေးချိန် ကျ လိုက်၊ တက်လိုက် ဖြစ်တယ်ဆိုတာ အ ဆီဆဲလ်အရေအတွက် နည်းသွားလိုက် ပြန်များလာလိုက် ဖြစ်လို့မဟုတ်ပါဘူး။ အဆီဆဲလ်အတွင်းက သိုလှောင်ထားတဲ့ အဆီတွေကို စွမ်းအင်အဖြစ်ထုတ်သုံး လိုက်၊ ပိုလာတဲ့ စွမ်းအင်တွေကို ပြန်ပြီး သိုလှောင်လိုက်နဲ့ အဆီဆဲလ်အရွယ်အ စား ကြီးလာလိုက်၊ ကျုံ့သွားလိုက် ဖြစ် နေလို့ပါ။
အဆီတွေလောင်ကျွမ်းအောင် လုပ် တယ်ဆိုတာ အဆီဆဲလ်တွေအလုံးလိုက် သေသွားတာမျိုး မဟုတ်ပါဘူး။ သို လှောင်ထားတဲ့အဆီပိုတွေကိုပဲ လောင် ကျွမ်းအောင်လုပ်လို့ရတာ ဖြစ်ပါတယ်။ အဆီဆဲလ်တွေက မသေတော့တာတော့ မဟုတ်ပါဘူး။ သေပါတယ်။ ဒါပေမဲ့ သေ သွားတဲ့အဆီဆဲလ်အရေအတွက် နေရာ မှာ ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇအရ ရှိနေကျ အဆီဆဲလ် အရေအတွက်အတိုင်း ထပ် ပြီး ပြန်ရှိလာမှာဖြစ်ပါတယ်။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *