အဆီနဲ့ ကြွက်သား ဘာကွာလဲ . . .

အဆီနဲ့ ကြွက်သားကွဲပြားချက်ကို သိတဲ့သူတွေရှိသလို အမှတ်မှားနေသူ တွေလည်းရှိပါတယ်။ ခန္ဓာကိုယ်ကြီး တည် ဆောက်ရာမှာ အဆီလုံးဝမရှိလို့လည်း မရသလို ကြွက်သားမရှိလို့လည်း မရပါ ဘူး။ ခန္ဓာကိုယ်မှာ အဆီနည်းတာက တော့ ကျန်းမာရေးအတွက် ပိုပြီးကောင်း တယ်ဆိုတာ သိထားကြပြီးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးက ဖျားပြီးပိန်သွားလိုက်၊ အအိပ်၊ အစားများရင် ၀လာလိုက်နဲ့ ဖြစ် တယ်ဆိုတာ အဆီပမာဏ တက်လိုက် ကျလိုက်ဖြစ်လို့ ဖြစ်ပါတယ်။ သူက ခန္ဓာ ကိုယ် အရွယ်အစားကို သိသိသာသာ ပြောင်းလဲနိုင်တယ်ပေါ့။ အဆီ သီးသန့်ချ ပေးတဲ့ Saloon တွေ လည်း ရှိကြပါတယ်။ ဒါပေမဲ့ အဆီချတယ်ဆိုတာ ပုံသေရမယ့် ရလဒ်မျိုးမဟုတ်သလို ကျစ်လျစ်တဲ့ခန္ဓာ ကိုယ်လည်း ရမှာမဟုတ်ပါဘူး။ အဆီကျ ချင်တဲ့ နေရာတစ်နေရာဆီကို ကွက်ပြီး ဆေးပူတွေ ပွတ်လိမ်းတာ၊ အတင်းနှိပ် တာတွေဟာ ရေရှည်မှာ ကျန်းမာရေး အတွက် မကောင်းနိုင်ပါဘူး။
ခန္ဓာကိုယ်မှာ အဆီတက်ဖို့က လွယ်ပါတယ်၊ ချဖို့တော့ခက်ပါတယ်။ ကြွက်သားထုကတော့ တက်ဖို့ခက်ပြီး ချဖို့တော့ လွယ်ပါတယ်။ ခန္ဓာကိုယ်က အဆီတွေဆိုတာက ပိုစားလိုက်တဲ့ အစား အစာတွေကနေ ဖြစ်လာတာဖြစ်ပါတယ်။ အဆီဆဲလ်တွေထဲကို အဆီပိုတွေ စုလာ ဖို့ ကလည်း မခက်ပါဘူး။ ကြွက်သားထု ထည် တက်ဖို့ဆိုရင်တော့ နှစ်ရှည်လများ လေ့ကျင့်ပေးဖို့လိုပြီး ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံမျိုး ရှိရပါမယ်။ ကြွက်သားထုထည် တက်လာ တာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ စွမ်းရည်ပိုမြင့် လာမှာဖြစ်ပြီး အဆီတွေပိုများလာတာက ခန္ဓာကိုယ် အလေးချိန် ပိုတိုးစေပြီး ကျန်း မာရေး ထိခိုက်စေနိုင်ပါတယ်။
နောက်ထပ် အဆီနဲ့ ကြွက်သား ကွာ ခြားချက်က အရွယ်အစားဖြစ်ပါ တယ်။ အဆီတစ်ပေါင်ရဲ့ အလေးချိန်နဲ့ ကြွက်သားတစ်ပေါင် အလေးချိန်က တူတူပါပဲ။ အဆီတစ်ပေါင်ကို ယူပြီး ကြွက်သား တစ်ပေါင်နဲ့ ယှဉ်ကြည့်မယ်ဆို ရင်တော့ အဆီတစ်ပေါင်ရဲ့ ပမာဏက ကြွက်သားတစ်ပေါင်ထက် ပိုများနေပါ တယ်။ ဆိုလိုတာက အဆီတွေက ခန္ဓာ ကိုယ်ထဲမှာ နေရာပိုယူပါတယ်။ ကြွက် သားတက်လာရင် ခန္ဓာကိုယ်အလေး ချိန်လည်း တက်လာမှာပါ။ အဆီတက်ရင် လည်း ကိုယ်အလေးချိန် တိုးလာမှာပါပဲ။ ဒါပေမဲ့ ကြွက်သားထုထည် တက်လာတာ က ကြောက်စရာ မလိုပါဘူး။
ခန္ဓာကိုယ်ထဲက အဆီရှိတဲ့ နေရာ တွေကို ကြွက်သားတွေနဲ့ အစားထိုးလို့ မရပါဘူး။ အဆီဆဲလ်အရေအတွက်ကို လည်း လျှော့ချလို့မရပါဘူး။ ဒါပေမဲ့ အဆီဆဲလ်တွေထဲမှာ အဆီစုဆောင်းမှု ပမာဏကိုတော့ လျှော့ချနိုင်ပါတယ်။ ယေဘုယျအားဖြင့် ကြွက်သားထုထည်က တစ်နေ့ကို အဆီ ၇ – ၁၀ ကယ်လိုရီ လောင်ကျွမ်းနိုင်တယ်ဆိုရင် အဆီတစ် သျှူးတွေ က အဆီကို ၂ – ၃ ကယ်လိုရီပဲ လောင်ကျွမ်းနိုင်ပါတယ်။ ကြွက်သားထု ထည်တက်လာလေ အဆီတွေကို ပိုပြီး လောင်ကျွမ်းနိုင်လေဖြစ်ပြီး သင့်ခန္ဓာကိုယ် ကို ကျစ်လျစ်တဲ့အသွင် ရစေပါတယ်။
အဆီကျချင်လို့ လေ့ကျင့်ခန်းလုပ် တဲ့အခါမှာ သတိထားရမှာက အဆီကျဖို့ ကို အဓိက မဟုတ်ဘဲ သင် အဆီကျချင် တဲ့နေရာက ကြွက်သားထုထည်ကို တက် လာအောင် ကြိုးစားရမှာပါ။ ဥပမာ – ဗိုက်ကအဆီကျချင်တယ်ဆိုရင် ဗိုက်က ကြွက်သားတက်လာအောင် လုပ်နိုင်လေ ဗိုက်တစ်ဝိုက်က အဆီတစ်သျှူးတွေ လျော့နည်းသွားလေ ဖြစ်မှာပါ။ ကြွက် သားထုထည်များလာလေ အဆီပိုပြီး လော င်ကျွမ်းလေ ဖြစ်တာကို မမေ့ပါနဲ့။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *