အဆုတ်ရောင်ရောဂါ Coronavirus (ကိုရိုနာဗိုင်းရပ်စ်) အကြောင်း

အခုဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါ Coronavirus (ကိုရိုနာဗိုင်းရပ်စ်) အ ကြောင်း ရှင်းပြပေးပါဆရာမ။
Coronavirus (ကိုရိုနာဗိုင်းရပ်စ်) ဟာ ဗိုင်းရပ်စ်မျိုးနွယ်စုဖြစ်ပြီး မျိုးစိတ် အနေနဲ့ များပြားစွာရှိပါတယ်။ ဗိုင်းရပ်စ် အမျိုးအစားပေါ်မူတည်ပြီး သာမန်အ အေးမိတာကနေ ဖျားတာ၊ ချောင်းဆိုး တာ၊ အသက်ရှူကျပ်တာစတဲ့ အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ တွေ ဖြစ်ပွားလေ့ရှိပြီးတော့ ရောဂါပြင်းထန် တဲ့လူနာတွေမှာ အဆုတ်ရောင်ရောဂါ(Pneumonia)၊ ဆားစ်ရောဂါ (SARS)၊ မားစ်ရောဂါ (MERS)၊ ကျောက်ကပ် ပျက်စီးတာတို့ ဖြစ်ပွားနိုင်ကာ အသက် ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပါတယ်။ Coronavirus (ကိုရိုနာဗိုင်းရပ်စ်) ရောဂါပိုးဟာ တိရစ္ဆာန် တွေမှာ အဓိကကူးစက် ပြန့်ပွားလေ့ရှိကြ ပြီး လူမှတစ်ဆင့်လူကို ကူးစက်နိုင်မှု နည်းပါးပေမယ့် တချို့ Coronavirus ပိုးတွေဟာ လူမှတစ်ဆင့် လူကို ကူးစက် နိုင်ပါတယ်။ များသောအားဖြင့် ရောဂါပိုး ကူးစက်ခံရသူနဲ့ အနီးကပ်နေထိုင်သူတွေ ဖြစ်တဲ့ အတူနေမိသားစုဝင်တွေ၊ ကျန်း မာရေးဝန်ထမ်းတွေကို ကူးစက်နိုင်ပါတယ်။

ဒီဗိုင်းရပ်စ်ပိုးက လူအချင်းချင်း ကူးစက်နိုင် ပါသလား ဆရာမ။
Coronavirus တချို့က လူကလူ ကို ကူးစက်နိုင်ပေမယ့် အခု ၂၀၁၉ Novel Coronavirus (၂၀၁၉-nCoV) ရောဂါပိုးဟာ ဒီနေ့အချိန်အထိ လူအချင်းချင်းကူးစက်မှုအနေနဲ့ တိကျ ခိုင်မာတဲ့ အထောက်အထား မတွေ့ရှိရ သေးပါဘူး။ အရင်ဖြစ်ပွားခဲ့ဖူးတဲ့ SARS (ဆားစ်) ရောဂါနဲ့ MERS (မားစ်)ရော ဂါတို့ဟာ အသက်ရှူလမ်းကြောင်းက တစ်ဆင့် ကူးစက်ခဲ့တဲ့အတွက် အခု Novel Coronavirus ပိုးဟာလည်း အ သက်ရှူလမ်းကြောင်းကတစ်ဆင့် ကူး စက်နိုင်ခြေရှိ၊ မရှိ သိရှိနိုင်ဖို့ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ အခု Novel Coronavirus ပိုးဟာ လူနာကတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းအချို့ကို ကူးစက် လျက်ရှိတာကိုတွေ့ရှိရတဲ့အ တွက် အခုရောဂါဖြစ်ပွားမှုဖြစ်စဉ်ဟာ လူ မှလူသို့ ကူးစက်နိုင်တာ ရှိ၊ မရှိနဲ့ပတ် သက်ပြီး ]]Limited Human to Human Transmission}} လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၁၅ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာကော ကိုရိုနာဗိုင်းရပ်စ်ပိုး ကူး စက်သူတွေ ရှိနေပါပြီလား။
ဇန်နဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံ မှာ ရောဂါပိုးတွေ့ရှိရသူ မရှိသေးပါဘူး။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ ကာ ကွယ်ဆေးနဲ့ ကာကွယ်လို့ရပါသလား။
အခုအချိန်ထိ နိုဗယ်ကိုရိုနာဗိုင်း ရပ်စ်ရောဂါပိုးအတွက် ကာကွယ်ဆေး (Vaccine) တွေ မရှိသေးပါဘူး။ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးအတွက် တိကျ တဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ ဒါပေမဲ့ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုတွေကို ဆောင်ရွက်ရပါ တယ်။

ကမ္ဘာတစ်ဝန်းမှာ ဒီနေ့အထိ ရောဂါဖြစ်ပွား သူဦးရေနဲ့ သေဆုံးသူဦးရေ ဘယ်လောက် ရှိပါသလဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ (၂၃-၁-၂၀၂၀) ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ (၂၃-၁-၂၀၂၀) ရက်နေ့အထိ ကမ္ဘာ တစ်ဝန်း ရောဂါဖြစ်ပွားသူဦးရေ ၅၈၁ ဦး ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၅၇၄ ဦး၊ ထိုင်းနိုင်ငံမှာ လေးဦး၊ ဂျပန်နိုင်ငံမှာ တစ်ဦး၊ တောင်ကိုရီးယားနိုင်ငံမှာ တစ်ဦး နဲ့ အမေရိကန်ပြည်ထောင်စုမှာ တစ်ဦး တွေ့ရှိရတယ်လို့ သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန် မြို့မှာ ဇန်နဝါရီ ၂၃ ရက်အထိ ဓာတ်ခွဲအ တည်ပြု သေဆုံးလူနာ ၁၇ ဦးရှိကြောင်း သိရပြီး သေဆုံးသူအများစုမှာ အသက် အရွယ်ကြီးရင့်သူတွေနဲ့ နာတာရှည်ရောဂါ အခံရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်သူတွေ နာတာရှည်ရောဂါအခံရှိသူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် တွေကို အထူးလိုက်နာဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရောဂါစောင့်ကြပ်ကြည့် တဲ့အနေနဲ့ ဘာတွေလုပ်ဆောင်နေပါသလဲ ဆရာမ။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲအနေ နဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် လေဆိပ်တွေမှာ Thermal Scanner တွေနဲ့ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှု တာကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ ပြီး၊ နယ်စပ်ဝင်^ထွက်ပေါက်တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ မြဝတီတို့မှာThermal Scanner တွေ၊ Noncontact Thermometer တွေနဲ့ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုတာကို အထူးအရေး ပေးဆောင်ရွက်လျက်ရှိပါတယ်။ အပြည် ပြည်ဆိုင်ရာလေဆိပ်တွေမှာ သံသယလူ နာတွေ့ရှိပါက အချိန်မီလွှဲပြောင်းကုသ ဖို့အတွက် ရန်ကုန်က ဝေဘာဂီဆေးရုံ ကြီး၊ မန္တလေးက မန္တလေးပြည်သူ့ဆေး ရုံကြီး၊ နေပြည်တော်က ခုတင် ၁၀၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတွေ ကို သတ်မှတ်ဆောင်ရွက်ထားပြီး သီးသန့် လူနာခန်းတွေ ပြင်ဆင်တာ၊ ဆေးနဲ့ဆေး ပစ္စည်းတွေ အဆင်သင့်ရှိစေဖို့ စီစဉ်တာ တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ တုပ် ကွေးဆန်တဲ့ရောဂါ စောင့်ကြပ်ကြည့်ရှု တဲ့လုပ်ငန်းအတွက် f Sentinel Hospita တွေအဖြစ် ဆေးရုံကြီး ရှစ်ရုံကို သတ် မှတ်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ တွေထံမှ ဓာတ်ခွဲနမူနာတွေကို ပုံမှန်ရယူ ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာန (ရန်ကုန်)ကို ပေးပို့စစ်ဆေးလျက် ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆရာဝန် များအသင်း (ရန်ကုန်၊ မန္တလေး) တို့နဲ့ ချိတ်ဆက်ပြီး ရောဂါစောင့်ကြပ် ကြည့်ရှု တဲ့ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်တာ၊ အခါအားလျော်စွာ ဟောပြောပွဲတွေ ပြု လုပ်တာတွေ ဆောင်ရွက်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကော ဘယ်လို ရောဂါထိန်းချုပ်မှုတွေ ဆောင်ရွက်နေပါသလဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ၂၀၁၉ Novel Coronavirus (၂၀၁၉-nCoV) ရောဂါပိုးနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင် ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) နဲ့အညီ ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပ ခဲ့ပါတယ်။ ဒီအစည်းအဝေးဆုံးဖြတ်ချက် အရ အခုဖြစ်ပွားနေတဲ့ ၂၀၁၉ Novel Coronavirus (၂၀၁၉-nCoV) ရောဂါပိုး ကူးစက်ခံရမှုဖြစ်စဉ်ဟာ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of InternationalConcerm – PHEIC) ကြေညာဖို့ အချိန်စောလွန်းပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို ဆက် လက်လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ ပါတယ်။

ဒေါက်တာခင်ခင်ကြီး
ဒုတိယညွှန်ကြားရေးမှူး
ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ
ပြည်သူ့ကျန်းမာရေးဦးစီးဌာန

Post Author: Good Health Journal