အမျိုးသားဟော်မုန်းအကြောင်း သင်ဘယ်လောက်သိပါသလဲ (၁)

တက်စ်တိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ အမျိုးသားဟော်မုန်းက အမျိုးသားတွေအတွက် အရေးကြီး ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းတွေက ဘယ်လိုအာနိသင်ရှိလဲ၊ ဘယ်လိုအခြေ အနေတွေမှာ လျော့နည်းလာတတ်လဲ၊ လျော့နည်းလာတဲ့အခါမှာ ဘယ်လို လက္ခဏာရပ်တွေ ပေါ်လာတတ်လဲ စသဖြင့် ဒီဟော်မုန်းနဲ့ ပတ်သက်ပြီး သိ သင့်တာတွေ သိထားပြီးပြီလား ဆန်း စစ်ကြည့်ကြရအောင်။

၁။ လိင်စိတ်က ပုံမှန်လိုမထက်သန် တော့တာ တက်စ်တိုစတီရုန်းဟော်မုန်း လျော့နည်းလာလို့ပါ။
(က) မှန်
(ခ) မှား

၂။ တက်စ်တိုစတီရုန်းဟော်မုန်း လျော့ နည်းလာတာ အသက်ကြီးလာတဲ့ ပုံမှန် လက္ခဏာတစ်ရပ်ပါ။
(က) မှန်
(ခ) မှား

၃။ တက်စ်တိုစတီရုန်းဟော်မုန်းလျော့ နည်းတာရဲ့ လက္ခဏာရပ်တွေက
(က) ရင်သားကြီးလာတာ
(ခ) ဝှေးစေ့ကျုံ့လာတာ
(ဂ) အသားတွေပူလာတာ
(ဃ)လိင်တံထောင်မတ်နိုင်မှု လျော့ လာတာ
(င) အထက်ပါလက္ခဏာရပ်အားလုံး

၎။ တက်စ်တိုစတီရုန်းဟော်မုန်းလျော့ နည်းပါက အရိုးချည့်နဲ့လေ့ရှိတယ်။
(က)မှန်
(ခ) မှား

၅။ တက်စ်တိုစတီရုန်းဟော်မုန်းက ပုံမှန်ထက်နည်းနေတာကို ဘယ်လိုစမ်း သပ်သိရှိနိုင်ပါသလဲ။
(က) ခံစားမှုပေါ်မူတည်ပြီး
(ခ) သွေးစစ်ပြီး
(ဂ) ဆီးစစ်ပြီး
(ဃ)MRI ရိုက်ပြီး

၆။ တက်စ်တိုစတီရုန်းဟော်မုန်းလျော့ နည်းပါက ထိပ်ပြောင်လာနိုင်လား။
(က) မှန်
(ခ) မှား

၇။ ဘယ်လိုလူတွေအနေနဲ့ တက်စ်တိုစတီရုန်းဟော်မုန်းလျော့နည်းမှု ရှိမရှိ စစ်ဆေးသင့်လဲ။
(က) အမျိုးသားအကုန်
(ခ) အသက် ၅၀ အထက်အမျိုးသား
(ဂ) အ၀လွန် လူငယ်အမျိုးသား
(ဃ) ဆီးချိုရှိအမျိုးသား

၈။ တက်စ်တိုစတီရုန်းဟော်မုန်းကို များ အောင်ပြုလုပ်ပေးတာက လိင်တံထောင် မတ်မှု မူမမှန်တာကို သက်သာပျောက် ကင်းစေနိုင်တယ်။
(က) မှန်
(ခ) မှား

၉။ တက်စ်တိုစတီရုန်းဟော်မုန်းလျော့ နည်းတဲ့ လက္ခဏာတွေက အသက် ၄၀ ကျော်တာနဲ့ စပေါ်လာလေ့ရှိတယ်။
(က) မှန်
(ခ) မှား

ကဲ . . . အဖြေလေးတွေ ကြည့်လိုက်ရအောင် ♥ ♥ ♥

၁။ (ခ) မှား
အသက်ကြီးလာတဲ့အခါ လိင်စိတ် လျော့နည်းလာပြီး လိင်တံထောင်မတ်နိုင် တဲ့အကြိမ်အရေအတွက်လည်း ငယ်ငယ် ကထက် လျော့နည်းလာတတ်ပါတယ်။ ဒါပေမဲ့ လိင်စိတ်လျော့နည်းလာတာက တက်စ်တိုစတီရုန်းဟော်မုန်းလျော့နည်းတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါ တယ်။ အသက် ၄၅ နှစ်နဲ့အထက် အမျိုး သားတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးက တက်စ် တိုစတီရုန်းဟော်မုန်းလျော့နည်းနေ တတ်တာကို တွေ့ရပါတယ်။ တက်စ်တိုစ တီရုန်းဟော်မုန်းလျော့နည်းတဲ့ လက္ခဏာ ရပ်တွေက သဲသဲကွဲကွဲမရှိသလို အမျိုး သားတွေအနေနဲ့လည်း ဒီလက္ခဏာရပ် တွေအကြောင်း ဆရာဝန်ကို ဖော်ပြလေ့ မရှိတာကြောင့် တက်စ်တိုစတီရုန်းဟော် မုန်းလျော့နည်းတဲ့ အမျိုးသားတွေ ဒီရာ ခိုင်နှုန်းထက်ပိုများမယ်လို့ ယူဆရပါတယ်။

၂။ (ခ) မှား
အသက်ကြီးတဲ့အခါ တက်စ်တိုစတီ ရုန်းဟော်မုန်းလျော့ကျလာတာ ပုံမှန်ပါပဲ။ တက်စ်တိုစတီရုန်းဟော်မုန်းနည်းတယ်ဆိုတာ ကိုယ့်အသက်အရွယ်မှာ ရှိသင့်တဲ့ ပမာဏထက် သိသိသာသာနည်းနေတာ ကို ဆိုလိုချင်တာပါ။ ဒီလိုသာဆိုရင်တော့ ပုံမှန် မဟုတ်တော့ပါဘူး။ ကျန်းမာရေး ရော၊ Lifestyle ကိုပါ ထိခိုက်စေနိုင် ပါတယ်။

၃။ (င) အထက်ပါလက္ခဏာရပ်အားလုံး
တက်စ်တိုစတီရုန်းဟော်မုန်းလျော့နည်းတဲ့အခါ အမျိုးသားတွေရဲ့ ကျား ကျားလျားလျားသွင်ပြင်ကို ပြောင်းလဲ စေနိုင်ပါတယ်။ ရင်သားတွေနာကျင်လာ တာ၊ ကြီးလာတာက တက်စ်တိုစတီရုန်း ဟော်မုန်းနည်းနေတာကြောင့်ပါ။ တခြား လက္ခဏာတွေကတော့ ကိုယ်ပေါ်ကအ မွေးတွေကျွတ်လာတာ၊ မကြာခဏ ရိတ် စရာမလိုတော့တာပါ။ ဝှေးစေ့ သေးငယ် တာတို့၊ လိင်တံထောင်မတ်နိုင်ဖို့ ခက်ခဲ တာတို့လည်း ဖြစ်နိုင်ပါတယ်။ တက်စ်တို စတီရုန်းဟော်မုန်းအရမ်းနည်းတဲ့ အမျိုး သားတွေမှာတော့ အသားတွေ ပူလေ့ရှိပါ တယ်။

၎။ (က) မှန်
တက်စ်တိုစတီရုန်းဟော်မုန်းက လိင်ကိစ္စတစ်ခုထဲနဲ့ ဆက်စပ်တာမဟုတ် ပါဘူး။ အရိုးတွေ သန်မာဖို့လည်းလိုပါ တယ်။ တက်စ်တိုစတီရုန်းဟော်မုန်းလျော့ နည်းတာက အရိုးချည့်နဲ့တာတို့၊ အရိုးပွ တာတို့ ဖြစ်လာစေပါတယ်။ တက်စ်တို စတီရုန်းဟော်မုန်းက ကြွက်သားတွေကို လည်း သန်မာစေပါတယ်။ သွေးနီဥတွေ ထွက်ရှိဖို့၊ စိတ်ခံစားမှုမြှင့်တင်ဖို့နဲ့ စဉ်း စားနိုင်စွမ်းရှိဖို့အတွက်လည်း ကူညီပေး ပါတယ်။ တက်စ်တိုစတီရုန်းဟော်မုန်း လျော့နည်းပါက သွေးအားနည်းတာ၊ စိတ် ဓာတ်ကျတာနဲ့ အာရုံစူးစိုက်မှုလျော့နည်း တာတို့လည်း ဖြစ်နိုင်ပါတယ်။

၅။ (ခ) သွေးစစ်ပြီး
တက်စ်တိုစတီရုန်းဟော်မုန်းလျော့နည်းတဲ့အမျိုးသားတွေမှာ လက္ခဏာရပ် တွေပေါ်လေ့မရှိပါဘူး။ သွေးစစ်ကြည့် မှသာ သိနိုင်မှာပါ။ တစ်ဒက်စီလီတာမှာ ၃၀၀-၁၂၀၀ နာနိုဂရမ်ကြားဆို ပုံမှန် ဖြစ်ပြီး ၃၀၀ အောက်ဆို နည်းနေတာပါ။

၆။ (ခ) မှား
လူပျိုဖော်ဝင်စကတည်းက ကောင် လေးတွေမှာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး နဲ့ လိင်အင်္ဂါတစ်ဝိုက်အမွေးတွေ ပေါက် လာတတ်ပါတယ်။ တက်စ်တိုစတီရုန်း ဟော်မုန်းက အမျိုးသားတွေမှာ အမွေးအ မှင်သန်စွမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမဲ့ အမွေးအကုန်လုံးနဲ့တော့ မဆိုင် ပါဘူး။ တက်စ်တိုစတီရုန်းဟော်မုန်း လျော့နည်းတာက ခန္ဓာကိုယ်နဲ့ မျက်နှာရှိ အမွေးအမှင်တွေကို လျော့နည်းစေနိုင် ပေမဲ့ ဆံပင်နဲ့တော့ ဆက်စပ်မှုမရှိလို့ ထိပ်ပြောင်တာ ဒီဟော်မုန်းနဲ့ မဆိုင်ပါဘူး။ မျိုးရိုးဗီဇကြောင့်သာ အဖြစ်များပါတယ်။

၇။ (ဃ)
ကျန်းမာပြီး တက်စ်တိုစတီရုန်းဟော် မုန်းလျော့နည်းတဲ့ လက္ခဏာတွေမရှိဘူး ဆိုရင် ဟော်မုန်းကိုစစ်ဆေးစရာမလို ပါဘူး။ ဒါပေမဲ့ အမျိုးအစား (၂) ဆီးချိုသ မားအများစုမှာတော့ တက်စ်တိုစတီရုန်း ဟော်မုန်းလျော့နည်းနေတတ်ပါတယ်။ ဒါကြောင့် ဒီဆီးချိုရှိရင် ဟော်မုန်းစစ်ဆေး ကြည့်သင့်ပါတယ်။ မျိုးမပွားနိုင်ဘဲ မြုံနေ တဲ့အမျိုးသား၊ နာတာရှည်အဆုတ်ပိတ် ဆို့ရောဂါဝေဒနာရှင်၊ အရိုးပွရောဂါရှိသူ၊ ထိခိုက်ဒဏ်ရာကြောင့် အရိုးအက်ဖူးသူ တွေမှာလည်း ဟော်မုန်းပမာဏ သွေးစစ် ကြည့်သင့်ပါတယ်။

၈။ (ခ) မှား
တက်စ်တိုစတီရုန်းဟော်မုန်းလျော့နည်းတာက လိင်တံထောင်မတ်မှု မူမ မှန်တာကိုဖြစ်စေနိုင်ပါတယ်။ လိင် ထောင်မတ်နိုင်စွမ်းလျော့တာ၊ ကြာရှည် ထောင်မတ်အောင် ထိန်းမထားနိုင်တာတို့ လိုမျိုးပေါ့။ တချို့ကိစ္စတွေမှာတော့ တက်စ်တိုစတီရုန်းဟော်မုန်းကုသမှုက လိင်တံထောင်မတ်မှု မူမမှန်တဲ့လက္ခဏာ ကို ပိုမတိုးတက်စေနိုင်ပါဘူး။ ဥပမာအား ဖြင့် အာရုံကြောနဲ့ သွေးကြောရောဂါ တွေက လိင်တံကိုထိခိုက်စေပြီး လိင်တံ ထောင်မတ်မှု မူမမှန်တာကိုဖြစ်စေပါ တယ်။ ဆရာဝန်နဲ့ ပြသတိုင်ပင်တာ အ ကောင်းဆုံးပါ။

၉။ (ခ) မှား
အသက် ၄၀ အရွယ်ကစတင်ပြီး တက်စ်တိုစတီရုန်းဟော်မုန်းက တစ်နှစ် ကို ၁ ရာခိုင်နှုန်းလျော့နည်းလာလေ့ရှိပါတယ်။ ဒါဟာအသက်အရွယ်ရလာတဲ့ အ မျိုးသားတိုင်းပုံမှန်ကြုံတွေ့ရတာမျိုးပါ။ တက်စ်တိုစတီရုန်းဟော်မုန်းပမာဏ ပုံ မှန်ထက်လျော့နည်းနေတဲ့ အမျိုးသား တွေမှာ တက်စ်တိုစတီရုန်းဟော်မုန်းနည်း တဲ့လက္ခဏာတွေ ရှိကောင်းရှိနိုင်သလို။ မရှိရင်လည်း မရှိနိုင်ပါဘူး။ ရှိခဲ့ရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး ကုသမှုခံယူရ ပါမယ်။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *