အမျိုးသားတွေမှာကော ရင်သားကင်ဆာဖြစ်ပွားနိုင်လား

အမျိုးသားတွေမှာကော ရင်သားကင်ဆာ ဖြစ်ပွားနိုင်ပါသလား ဆရာ။
အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမျိုး သားတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုက အမျိုးသမီးတွေလောက်တော့ မများပါ ဘူး။ ဆရာဆီရောက်လာတဲ့ လူနာအရေ အတွက်နဲ့ ပြောရမယ်ဆိုရင်တော့ ၁ ရာ ခိုင်နှုန်းလောက်ပဲရှိပါတယ်။ အမျိုးသမီး ရင်သားကင်ဆာဖြစ်ပွားသူ အယောက် ၁၀၀ မှာ အမျိုးသားရင်သားကင်ဆာဖြစ် ပွားသူက တစ်ယောက်ပေ့ါ။ တစ်နှစ်အ တွင်းမှာရှိရင်တော့ အမျိုးသား ရင်သား ကင်ဆာဖြစ်ပွားသူ တစ်ယောက်၊ နှစ် ယောက်လောက်ပဲ တွေ့ရပါတယ်။ ဒါက ဆရာတို့ဆေးရုံကို ရောက်လာတဲ့၊ ဆရာ ကုသတဲ့ လူနာတွေထဲကပဲ ပြောတာပါ။ လက်ရှိလည်း ဆရာကုပေးနေတဲ့ အမျိုး သားရင်သားကင်ဆာလူနာတွေလည်း ရှိပါတယ်။ အမျိုးသားရင်သားကင်ဆာ ရောဂါက အဖြစ်နည်းပေမယ့် ဖြစ်နိုင် တယ်ဆိုတာ သိစေချင်ပါတယ်။

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ် ပွားတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ ရပါသလဲ ဆရာ။
အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားရင် အမျိုးသမီးတွေနဲ့ မကွဲပြားပါ ဘူး။ ဒါပေမဲ့ အမျိုးသားတွေမှာက အမျိုး သမီးလို ရင်သားမျိုး မဟုတ်တာကြောင့် အဖုအကျိတ်ဖြစ်ရင် နို့က သိသိသာသာ စူထွက်လာပါတယ်။ အများအားဖြင့် ဆရာတို့ဆီကို ရောက်လာတဲ့လူနာတွေ က နို့စူထွက်လာလို့၊ ရင်သားမှာ အကျိတ် တွေ့လို့၊ တချို့လည်း နို့သီးခေါင်း ချိုင့် ဝင်သွားတာ၊ နို့သီးခေါင်းမှာ အနာဖြစ် တာ၊ တချို့ဝတဲ့လူတွေမှာကျတော့ သိပ် မသိသာလို့ သတိမထားမိတာကြောင့် ချိုင်းမှာ ကိန္နရာနာလို အကျိတ်ကြီးတွေ ဖြစ်လာမှ ရောက်လာတယ်။ ကြည့်လိုက် တော့ ရင်သားမှာ ကင်ဆာပျံ့တာကြောင့် ဖြစ်တာတွေ့ရတယ်။ တချို့ သိပ်ဆိုးတဲ့ အခြေအနေရောက်နေတဲ့လူနာတွေမှာ ၅ နှစ်၊ ၁၀ နှစ်လောက် ရောဂါကို မကုသ ဘဲ ဒီတိုင်းထားတယ်။ အများအားဖြင့် ကျန်းမာရေး အသိပညာအားနည်းတဲ့ ကျေးလက်တောရွာမှာ နေသူတွေပေါ့။ တချို့လည်း ကျန်းမာရေးဗဟုသုတနည်း တော့ ဆရာဝန်မပြ၊ မကုသတာကြောင့် အသည်းကိုပျံ့ပြီး ရေဖျဉ်းစွဲတာ၊ အ ဆုတ်ကိုပျံ့ပြီး ချောင်းဆိုးသွေးပါတာ၊ အရိုးကိုပျံ့ပြီး အရိုးကျိုးတာ စတာတွေ ဖြစ်မှ ဆရာဝန်တွေဆီ ရောက်လာကြ တယ်။

ကိုယ်ကိုယ်တိုင်ကော ရင်သားကင်ဆာ ဖြစ်တာကို ဘယ်လိုသိနိုင်မလဲ ဆရာ။
အမျိုးသားတစ်ယောက်အနေနဲ့ ရင် သားမှာ ကင်ဆာရှိ၊ မရှိကို ကိုယ်ကိုယ် တိုင် ဘယ်လိုသိနိုင်မလဲဆိုရင် ရင်သား မှာ အကျိတ်ဖြစ်တာ၊ အမျိုးသားဆိုရင် နို့သီးခေါင်းကနေ နို့မထွက်ရဘူး။ အဲဒါ ကို နို့ရည်လိုမျိုး သွေးအရည်လေးတွေ ထွက်တာ၊ နို့သီးခေါင်း ချိုင့်ဝင်တာ၊ တင်း ပြီးနာတာ (အမျိုးသမီးတွေမှာ ရာသီလာ ခါနီးရင် ရင်သားတွေတင်းပြီး နာသလို မျိုး)၊ အနာပေါက်လို့ နာတာ၊ ချိုင်းမှာ အကျိတ်တွေ ဖြစ်တာတွေ ဖြစ်နိုင်ပါ တယ်။

အမျိုးသားရင်သားကင်ဆာဖြစ်နိုင်ခြေ များသူများတွေကိုလည်း ပြောပြပါ ဆရာ။
အမျိုးသားရင်သားကင်ဆာဖြစ်နိုင် ခြေများသူတွေက မျိုးရိုးဗီဇပေါ့။ Oncogene တွေကြောင့် Mutation ဆိုတဲ့ ဆဲလ်တွေမှာ ထွန်းတာပေါ့။ နောက်ပြီး Oncogene ကို တားတဲ့ Tumour Supressor Gene က ပျောက်သွားတာ၊ အမျိုးသားတွေမှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အဆီများတဲ့ အစာ တွေ စားတာ၊ ပတ်ဝန်းကျင်အကြောင်းတ ရားတွေနဲ့ ဆိုင်တာ၊ နေထိုင်မှုပုံစံက အ နောက်တိုင်းဆန်သွားတာ၊ အဆီအအိမ့် စားတာ၊ အကင်တွေ စားတာ စတဲ့လူတွေ မှာ တခြားသူတွေထက် ဖြစ်နိုင်ခြေ ပိုများပါတယ်။

အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင် ဆာက အမျိုးသမီးတွေမှာနဲ့ ဘယ်လိုကွာ ခြားနိုင်ပါသလဲ။
မျိုးသားမှာဖြစ်တဲ့ရင်သားကင် ဆာနဲ့ အမျိုးသမီးမှာဖြစ်တဲ့ ရင်သားကင် ဆာဆိုရင် အမျိုးသားတွေမှာ ပိုပြီး ဂရု စိုက်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် သတိမထားမိတတ်ကြဘူး။ နောက်ပြီး အမျိုးသားမှာဖြစ်တဲ့ ရင်သားကင်ဆာက အမျိုးသမီးတွေမှာထက် ပိုပြီးပျံ့တာ မြန်ပါတယ်။ အမျိုးသားတွေက လှုပ်လှုပ် ရှားရှား နေထိုင်တာကြောင့် သွေးလှည့် ပတ်မှု ပိုကောင်းတယ်၊ နောက်ပြီး အမျိုး သမီးတွေလို ရင်သားက အဆီသိပ်မများ တဲ့အတွက် ဂရုတစိုက်မကုသရင် ရင် သားအောက်မှာရှိတဲ့ Subcutaneous အလွှာနဲ့ ကြွက်သားတွေကို ထိုးဖောက်ပြီး နံရိုးတွေကို လှိုက်စားသွားနိုင်တယ်။ နောက်ပြီး ချိုင်းကို ပျံ့တာကလည်း အမျိုးသမီးတွေထက် ပိုမြန်ပါတယ်။

ဘယ်လိုကုသနိုင်မလဲ ဆရာ။
ကုသမှုက အမျိုးသမီးတွေမှာ ကုသသလိုမျိုးပဲ အမျိုးသားတွေကိုလည်း ကုသပေးရပါတယ်။ အများအားဖြင့် ရင် သားကင်ဆာ အဆင့် (၁) နဲ့ အဆင့် (၂) ဆိုရင် ရင်သားတစ်ခုလုံးကို ထုတ်ပြီး ကု သတာ များပါတယ်။ အမျိုးသားတွေမှာက အမျိုးသမီးတွေလို အလှအပမလိုတဲ့အ တွက် ရင်သားတစ်ခုလုံးထုတ်ပြီး ကုသမှု ပေးပါတယ်။ ရင်သားကို ခွဲစိတ်တဲ့အခါ တစ်ဆက်တည်း ချိုင်းမှာရှိတဲ့ အကျိတ် တွေကိုပါ ဖယ်ရှားပါတယ်။ ပြီးရင် ဓာတ် ရောင်ခြည်ပေးပြီး ကုသပါတယ်။ ဆေးကုသမှုအပိုင်းမှာ အခုနောက်ပိုင်း ပေါ်လာတဲ့ Hormone Receptorက သုံးမျိုးရှိတယ်။ Estrogen Receptor (ER), Proge-strone Receptor (PR), Herceptin အဲဒီသုံးခုရှိတာ၊ မရှိတာပေါ် မူတည်ပြီး ဆေးတွေကို ရွေး ပြီးပေးရပါတယ်။ အထူးသဖြင့် အမျိုး သားရင်သားကင်ဆာက အဆုတ်၊ အ သည်း၊ အရိုးနဲ့ ဦးနှောက်တွေဆီ မပျံ့ အောင် ကုသမှုပေးရပါတယ်။ ဒီ Receptor သုံးမျိုးစလုံး positive ဖြစ်တယ် ဆိုရင် Triple positive ၊ သုံးရတဲ့ ဆေး က တစ်မျိုး၊ တချို့လည်း သုံးမျိုးစလုံး Negative ဖြစ်တယ်ဆိုရင် Triple Negative ၊ သူ့ကိုလည်း သုံးရတဲ့ဆေးက တစ်မျိုးပါ။ တချို့လည်း ER တစ်ခုပဲ Positive ဆိုတာမျိုးလည်း ရှိသေးတယ်။ အခုနောက်ပိုင်းမှာဆေးကုသမှုက ရောဂါ ဖြစ်တာချင်း တူရင်တောင် ကုသမှုအပိုင်း မှာ တစ်ယောက်နဲ့တစ်ယောက် မတူ တော့ဘူး။ ဆရာတို့ ခေါ်တာကတော့ Individualized Medicine ပေ့ါ။ တစ်ယောက်ချင်းစီကို ကုသရတဲ့ဆေး ဖြစ်တာကြောင့် Personalized Medicine လို့ ခေါ်လို့ရပါတယ်။ လိုအပ်ရင် အမျိုးသမီးတွေမှာ ကုသသလိုပဲ ဟော် မုန်းဆေးတွေ ပေးရပါတယ်။ ER, PR တွေ positive ဖြစ်တယ်ဆိုရင် အဲဒီ Receptor တွေကို ပိတ်တဲ့ တာမောက်စီ ဖန်ပေးပါတယ်။ အဲဒီမှာ သွားတဲ့ Partway တစ်ခုရှိတယ်။ အီစထရို မထွက်အောင် ပိတ်တဲ့ အင်ဇိုင်းတွေ ပေး တယ်။ တခြားဆေးတွေလည်း အများ ကြီးရှိပါတယ်။ အဲဒါတွေလည်း သုံးပါ တယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့် တင်ပေးတဲ့ နည်းလမ်းတွေ သုံးပြီးလည်း ကုသပေးပါတယ်။ ကုသမှုနည်းလမ်းတွေ ကတော့ အများကြီးရှိပါတယ်။

အမျိုးသားတွေအနေနဲ့ ရင်သားကင်ဆာ မဖြစ်ပွားအောင် ဘယ်လိုကာကွယ်နိုင် မလဲ ဆရာ။
အမျိုးသားတွေရဲ့ ရင်သားမှာ မသင်္ကာစရာ အကျိတ်တွေ့တယ်၊ နို့သီး ခေါင်းကနေ အရည်လေးတွေထွက်တယ်၊ ချိုင်းမှာလည်း အကျိတ်ရှိတယ်ဆိုရင် မရှက်ပါနဲ့။ ဆရာဝန်တွေဆီကို ပြသပါ။ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင် ဆာက အမျိုးသမီးမှာဖြစ်တဲ့ ရင်သား ကင်ဆာထက် ပျံ့တာမြန်တာကြောင့် အချိန်ဆွဲမနေသင့်ပါဘူး။ သေသေချာချာ ကုသမယ်ဆိုရင် ပျောက်ကင်းပါတယ်။ အဆင့် (၁) မှာ ကင်ဆာကို စတင်တွေ့ ရှိပြီး ကုသပါက ၅ နှစ်ကနေ ၁၀ နှစ်အ တွင်း ရောဂါပျောက်ကင်းမှုက ၉၅ ရာ ခိုင်နှုန်း ရှိပါတယ်။ စောစောစီးစီး သိရှိပြီး ကုသမယ်ဆိုရင် သက်တမ်းစေ့နေနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

◘ ပါမောက္ခဦးစိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *