အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲမှု အများအပြားဖြစ်ပေါ်လာပါတယ်။ တချို့ကို အိမ်မှာ ကုသနိုင်ပေမယ့် တချို့အတွက်တော့ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ပြဿနာတွေဖြစ်ပါတယ်။

၁။ ဓမ္မတာစက်ဝန်းအလယ်မှာ ဘောင်းဘီသွေးစွန်းခြင်း
အဖြစ်များလှတဲ့ပြဿနာမဟုတ်ပေမယ့် တချို့အမျိုးသမီးတွေက ဓမ္မတာစက်ဝန်းတစ်ခုနဲ့တစ်ခုကြားမှာ တစ်ရက်နှစ်ရက်လောက် သွေးအနည်းငယ် ဆင်းတာနဲ့ ဘောင်းဘီသွေးစွန်းတာတွေဖြစ်တတ်ပါတယ်။ ဒါက မမျိုးဥကြွေချိန်မှာ ဖြစ်တတ်တဲ့ ပြဿနာပါ။ ဒီလိုဖြစ်ရင် ပြက္ခဒိန်မှာ ရက်မှတ်ထားပါ။ နောက်တစ်ကြိမ် ဖြစ် မဖြစ် သတိထားပြီး ဆရာဝန်နဲ့တွေ့စဉ်မှာ ပြောပြပါ။ ဒီလိုဖြစ်တာက ထိတ်လန့်စရာမရှိပေ မယ့် ဓမ္မတာစက်ဝန်းရပ်ဆိုင်းပြီး ရက်အနည်းငယ်အကြာမှာဖြစ်ရင် ဒါမှမဟုတ် ဓမ္မတာလာခါနီး ၅-၆ ရက်အလိုမှာဖြစ်ရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံအပြီးမှာ သွေးဆင်းတာကလည်း လျစ်လျူရှုမထားသင့်တဲ့ပြဿနာမို့ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

၂။ ဓမ္မတာ လကျော်ခြင်း
ကလေးမွေးနိုင်တဲ့အရွယ်မှာ ဓမ္မတာလကျော်တာက ကိုယ်ဝန်ဆောင်တာကြောင့် အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် Test Kit နဲ့ ကိုယ်ဝန် ရှိ မရှိ စစ်ဆေး ပါ။ အကယ်၍ ကိုယ်ဝန်မရှိရင် ၁၀-၁၄ ရက်ခန့် စောင့်ပြီး ပြန်စစ်ကြည့်ပါ။ ဒါက ပထမဆုံးအကြိမ်ဖြစ်တယ်ဆိုရင် နောက်ထပ် ဓမ္မတာ သုံးစက်ဝန်းလောက်ကို မှတ်တမ်းထားထားပါ။ အကယ်၍ ဒီလိုလအမြဲတမ်းကျော်နေတယ်ဆိုရင် ဟော်မုန်းညီညွတ်မျှတမှုမရှိတာ ဖြစ်နိုင်တာမို့ သားဖွားမီးယပ်ဆရာဝန်နဲ့ စစ်ဆေးပါ။

၃။ ရင်သားနာကျင်ခြင်း
ရင်သားနာကျင်နေရင် အများစုက သားမြတ်ကင်ဆာဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။ များသောအားဖြင့် ဟော်မုန်းနဲ့သာ သက်ဆိုင်ပြီး ကင်ဆာကြောင့်က ဖြစ်ခဲပါ တယ်။ အမျိုးသမီးတိုင်း လစဉ် မိမိသားမြတ်မှာ အကျိတ် ရှိ မရှိ၊ အဖုအလုံး ရှိ မရှိ မိမိဘာသာ စစ်ဆေးပါ။ သားမြတ်နာကျင်တဲ့ပုံစံက ဓမ္မတာနဲ့ ဆက်စပ်မှု ရှိ မရှိ မိမိ ဘာသာ မှတ်တမ်းယူထားပြီး သားဖွားမီးယပ်ဆရာဝန်နဲ့ ဆွေးနွေးပါ။ အကယ်၍ သားမြတ်မှာ အကျိတ်တွေ့တယ်ဆိုရင်လည်း ဆရာဝန်နဲ့ စမ်းသပ်ကာ လိုအပ်တဲ့စစ် ဆေးမှုတွေ ခံယူရပါမယ်။

၄။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့ ခြင်းနှင့် အန်ခြင်း
သားဦးကိုယ်ဝန်မှာတော့ ပုံမှန်အားဖြင့် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် အန်လေ့ ရှိပါတယ်။ သင် စားချင်တဲ့အစားအစာကို တစ်ကြိမ်တည်းနဲ့ ခဏခဏ စားရပါမယ်။ မနက်အိပ်ရာထခါစမှာ ပေါင်မုန့်ခြောက်၊ ခရက်ကာနဲ့ ဘီစကစ်လို မုန့်တွေကို စားပေး သင့်ပါတယ်။ သင် တစ်နေ့တာအတွက် အလုပ်ရှုပ်နေရင်လည်း ပျို့အန်ချင်တာကို အာရုံပြောင်းပေးနိုင်ပါတယ်။ အန်တာကြောင့် ဓာတ်ဆားဆုံးရှုံးမှုတွေရှိနိုင်တာမို့ အုန်း ရည်၊ သံပရာရည်၊ ဓာတ်ဆားဖျော်ရည်တွေသောက်ပေးပါ။ အကယ်၍ တစ်နေ့ ၅-၆ ကြိမ်ထက် ပိုအန်နေမယ်ဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။

၅။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း
ဆီးလမ်းကြောင်းပိုးဝင်တာရဲ့ စောစောစီးစီးလက္ခဏာဖြစ်ပါတယ်။ ရေများများ သောက်ပါ။ အနည်းဆုံး သုံးလီတာကနေ လေးလီတာလောက် သောက်ရပါမယ်။ ဆီး သွားချင်ရင် ဆီးမအောင့်ထားပါနဲ့။ အုန်းရည် ဒါမှမဟုတ် ဘာလီရည် သောက်နိုင်ပါ တယ်။ ဆီးကျဉ်တာ သက်သာတဲ့အထိ လိင်ဆက်ဆံမှုမပြုလုပ်ပါနဲ့။ အကယ်၍ ရေ များများသောက်လို့မှ ဝေဒနာမသက်သာရင် ဆရာဝန်နဲ့ ပြသရပါမယ်။

၆။ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းဗိုက်တင်းကျပ်ခြင်း
ကိုယ်ဝန် ငါးလ၊ ခြောက်လအရွယ်ကစတင်ပြီး ဝမ်းဗိုက်ကိုက်ခဲတာတွေ၊ ရင်ဘတ်အောင့်တာတွေဖြစ်ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် အက်စစ်ပြန်ဆန်တက်တာကြောင့်ဖြစ်တာပါ။ နွားနို့အေး ဒါမှမဟုတ် ရေခဲမုန့်စားရင် ဝေဒနာ သက်သာနိုင်ပါတယ်။ လိုအပ်ရင် လေဆေးရည် သောက်ပေးနိုင်ပါတယ်။ ကိုယ်ဝန် ဆောင်ကာလမှာ ဝမ်းချုပ်တာကလည်း အဖြစ်များတဲ့ပြဿနာဖြစ်ပြီး သူ့ကြောင့် ဝမ်းဗိုက် ဘယ်ဘက်ခြမ်းမှာ တင်းကျပ်သလို ခံစားရတတ်ပါတယ်။ အမျှင်ပါဝင်စာတွေ များစွာ စားပေးပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်အောင့်ဗိုက်နာတာကို အထက်ပါ နည်းလမ်းနဲ့ မသက်သာရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

‌#‌‌‌‌‌‌ေဒါက်တာခင်မိုးမိုး
#Usage
#GoodHealthJournal

Post Author: Good Health Journal