အမျိုးသမီးတို့ အချစ်စွမ်းအင် တိုးပွားစေရန်

♦ ပင်လယ်စာ
လေ့လာမှုအရ ပင်လယ်စာ တွေထဲမှာ ဗီတာမင် B ၁၂ များ စွာပါဝင်လို့ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်မှုကို များစွာအထောက် အကူပြုပါတယ်။ အမျိုးသမီး တွေရဲ့ ခန္ဓာကိုယ်တွင်းမှာ မဟော် မုန်း အီစထရိုဂျင် ထုတ်လုပ်မှုကို ပုံမှန်ဖြစ်အောင် ထိန်းပေးလို့ သားဥကြွေတာကို ပုံမှန်ဖြစ်စေ ပါတယ်။

♦ ကညွတ်
ကညွတ်ထဲမှာ ဖောလစ်အက် စစ်ပမာဏ များစွာပါဝင်လို့ အမျိုးသမီး တွေရဲ့ မျိုးပွားနိုင်မှုကို အထောက် အကူဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင် မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက် တွေမဖြစ်အောင် ဖောလစ်အက်စစ် လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ မျိုးဗီဇပြောင်းလဲမှု မဖြစ်အောင်နဲ့ သား ဥကြွေတာနဲ့ ပတ်သက်တဲ့ ပြဿနာ တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

♦ ငှက်ပျောသီး
ဗီတာမင် B ၆ က မဟော်မုန်းကို ပုံမှန်ဖြစ်စေပြီး အမျိုးသမီး တွေရဲ့ မျိုးပွားအင်္ဂါနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုကို ကောင်း မွန်စေပါတယ်။ ငှက်ပျောသီးကို နေ့စဉ် ပုံမှန်စားပေးပါက တစ်လတစ်ကြိမ်သား ဥကြွေတာ၊ ဓမ္မတာ ပုံမှန်လာတာ စတဲ့ အမျိုးသမီးကိစ္စတွေကို ပုံမှန်ဖြစ်စေပါတယ်။

♦ ဥအမျိုးမျိုး
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ဗီတာမင် D ချို့တဲ့တာက သားသမီး မရနိုင်တဲ့ အကြောင်းတစ်ချက်ဖြစ်တယ်ဆိုတာ သင် သိပါရဲ့လား။ ဥအမျိုးမျိုးက နေ ခန္ဓာကိုယ်အတွက် လို အပ်တဲ့ ဗီတာမင် D ကို လုံ လောက်စွာ ရရှိနိုင်ပါတယ်။ ဒါ့အပြင် မနက်ခင်း နေခြည်နု နုကို ခံယူတာကလည်း ဗီတာ မင် D ကို ငွေကြေးကုန်ကျမှု မရှိဘဲ ရရှိနိုင်ပါတယ်။

♦ ဗာဒံစေ့
ဗာဒံစေ့က အမျိုးသား တွေရဲ့ စွမ်းဆောင်နိုင်ရည် မြင့်မားစေတယ်ဆိုတာ သိပြီး ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အမျိုး သမီးတွေမှာလည်း ထပ်တူထပ်မျှ အာနိသင် ရရှိစေပါတယ်။ ဗာဒံစေ့ထဲမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် E များစွာ ပါဝင်လို့ ဓာတ်တိုးပစ္စည်းတွေရဲ့ ဖျက်ဆီးမှုကြောင့် သားဥရဲ့မျိုးဗီဇထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

♦ တိုဟူး
မျိုးအောင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် တိုဟူးကို စားသုံးသင့်ပါတယ်။ တိုဟူးမှာ သံဓာတ်များစွာပါဝင်ပြီး သံဓာတ်က အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်စွမ်းကို မြင့်မား စေပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့ပါက ဓမ္မတာလာတာ ပုံမမှန်ဖြစ် တာ၊ သားဥကြွေတာ ပုံမမှန်တာ၊ သားဥမှာ ချို့ယွင်းမှုတွေဖြစ်တာ စတာတွေ ဖြစ်နိုင်လို့ သားသမီးရယူဖို့ ကြိုးစားနေသူတွေအနေနဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ် ကို လုံလောက်စွာရရှိအောင် တိုဟူးကို စားသုံး ပေးဖို့ လိုပါတယ်။

♦ ပဲအမျိုးမျိုး
ပဲအမျိုးမျိုးကနေ ဇင့်ဓာတ် ကို ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။ ဇင့် ဓာတ်က အမျိုးသားတွေမှာ စွမ်း ဆောင်ရည်အား မြင့်မားစေသလို အမျိုးသမီးမှာလည်း စွမ်းရည်မြင့် မားစေပါတယ်။ ဇင့်ဓာတ်က ခန္ဓာကိုယ်တွင်း ဟော်မုန်းပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးလို့ အမျိုးသမီးတွေမှာ မျိုးအောင်နိုင် စွမ်းအားကို မြင့်မားစေပါတယ်။

အချဉ်ဓာတ်ပါသော သစ်သီးများ
♦ အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး စတဲ့ သစ်သီးတွေမှာ အင်တီ အောက်ဒင့်ဖြစ်တဲ့ ဗီတာမင် C များစွာပါဝင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းထုတ်လုပ်မှုကို ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal