အရိုးအဆစ်များ ရောင်ရမ်းနာကျင်တာကြောင့်အိပ်စက်ဖို့ခက်ခဲနေလား

ရိုးဆစ်ရောင်ရမ်းမှုဝေဒနာ ခံစားနေ ရတဲ့ လူပေါင်း ၂၇ သန်းထဲမှာ သင်လည်း တစ်ယောက်အပါအဝင်ဖြစ်နေပြီး နာကျင် မှုကြောင့် အိပ်စက်ဖို့ ခက်ခဲနေပါက အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြည့်ပါ။

(၁) ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးဝါးသောက် သုံးပါ
တချို့ စိတ်ကျရောဂါကုဆေးတွေ က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး နာ ကျင်မှု သက်သာစေဖို့ ကူညီပေးတယ်လို့ Duke ဆေးပညာတက္ကသိုလ်မှ ရိုးဆစ် ရောဂါကုသမားတော် David Pisetsky က ပြောပါတယ်။ ဆရာဝန်ညွှန်ကြားချက် နဲ့ သောက်သုံးဖို့တော့ လိုပါတယ်။

(၂) အိပ်ပျော်နေစဉ် အသက်ရှူခဏရပ်ခြင်း ကို ကုသပါ
အဝလွန်တာက ရိုးဆစ်ရောင်ရမ်း နာကျင်မှု ဖြစ်ပေါ်စေတဲ့ အဓိကအ ကြောင်းပါ။ ဒီလိုအခြေအနေဟာ ည ဘက်အိပ်ပျော်နေစဉ်မှာ အသက်ရှူခဏ ရပ်တာ ဖြစ်စေပါတယ်။ ညဘက် အသက် ရှူခဏရပ်တာကို ကုသလိုက်ပါက နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေပြီး နာကျင်မှုကိုပါ သက်သာစေပါတယ်။

(၃) အိပ်စက်ပုံ အနေအထားပြောင်းပါ
ရိုးဆစ်နာကျင်သူတွေဟာ အိပ်စက် တဲ့အခါ နာကျင်တဲ့နေရာပေါ်မူတည်ပြီး နာကျင်မှုသက်သာအောင် အိပ်စက်လေ့ရှိ ပါတယ်။ ဒါကြောင့် အိပ်စက်တဲ့ပုံစံက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အနေအထား ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်။ ပက် လက်အနေအထားအတိုင်း ခြေထောက် အောက်မှာ ခေါင်းအုံး၊ ဒါမှမဟုတ် စောင် ခံပြီး အိပ်စက်တာက အိပ်စက်သင့်တဲ့ အကောင်းဆုံးအနေအထား ဖြစ်ပါတယ်။

(၄) အိပ်ရာ ရွေးချယ်ပါ
သင့်အိပ်စက်တဲ့ အိပ်ရာအပြင်အ ဆင်က အိပ်စက်မှုအပေါ်အနှောင့်အ ယှက် ဖြစ်စေရုံသာမက ရိုးဆစ်နာကျင်နေ သူတွေမှာ နာကျင်မှုကို ပိုမိုခံစားရနိုင်ပါ တယ်။ သင်အိပ်စက်တဲ့ မွေ့ရာက မာလွန်း တာမျိုး မဖြစ်သင့်ပါဘူး။ သက်သောင့် သက်သာ အိပ်စက်ဖို့အတွက် အဆင်ပြေ တဲ့ မွေ့ရာမျိုးသာ ဖြစ်သင့်ပါတယ်။

(၅) ခေါင်းအုံး ခုပေးပါ
ရောင်ရမ်းနာကျင်မှုဖြစ်နေတဲ့ အရိုး အဆစ်နေရာအောက်မှာ ခေါင်းအုံးခုပေး တာက နာကျင်မှုကို သက်သာစေပါတယ်။ ဥပမာ-ဒူးခေါင်း နာကျင်နေသူတွေအနေ နဲ့ ပက်လက်အိပ်ပြီး ဒူးခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံးခုထားပေးတာက နာ ကျင်မှုကို သက်သာစေပါတယ်။

(၆) အကိုက်အခဲပျောက်ဆေးသောက်ပါ
ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်လို့ရတဲ့ အကိုက်အခဲပျောက် ဆေးတွေကို ညနေ ထမင်းစားပြီးတဲ့အခါ သောက်ပေးတာက ညဘက်မှာ ကောင်း စွာ အိပ်ပျော်စေပါတယ်။ ညဘက် အိပ်ရာ မဝင်ခင် တစ်နာရီလောက်အလိုမှာ အကိုက်အခဲပျောက်ဆေး သောက်ပေး တာက သင်အိပ်ချိန်မှာ ဆေးအာနိသင် က သွေးတွင်းမှာ အမြင့်ဆုံးရောက်ရှိနေ တာကြောင့် နာကျင်မှုကို သက်သာစေ တယ်လို့ Taylor Hospital မှ ရိုးဆစ်ရော ဂါကုသမားတော်ကြီး Martin Jan Bergman က ပြောပါတယ်။

(၇) ရေခဲကပ်ပါ
ရောင်ရမ်းနာကျင်နေတဲ့ ရိုးဆစ်ပေါ် ကို ရေခဲကပ်ပေးတာက အပူကပ်ပေးတာ ထက် ပိုမိုထိရောက်မှုရှိတယ်လို့ Breus က ပြောပါတယ်။

(၈) ရိုးဆစ်ရောင်ရမ်းနာကျင်မှုကို ကုသပါ
ရိုးဆစ်ရောင်ရမ်းနာကျင်မှုဝေဒနာ ခံစားနေရပါက ခံစားနေရတဲ့ရောဂါကို ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူပါလို့ Bergman က ပြော ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်လို့ရတဲ့ ဆေးတွေ၊ ဆရာဝန်ညွှန် ကြားချက်နဲ့မှ အသုံးပြုရမယ့်သောက် ဆေးတွေ၊ ထိုးဆေးတွေနဲ့ နာကျင်မှု သက်သာအောင် ကုသနိုင်ပါတယ်။

(၉) နေ့စဉ်လေ့ကျင့်ခန်း လုပ်ပါ
ရိုးဆစ်ရောင်ရမ်းနာကျင်မှု ခံစားနေ ရသူတွေမှာ နေ့စဉ် လေ့ကျင့်ခန်းလုပ်တာ က နာကျင်မှုကို သက်သာစေတဲ့အပြင် ညဘက်မှာ ကောင်းစွာ အိပ်ပျော်စေပါ တယ်။ လေ့ကျင့်ခန်းလုပ်ရာမှာ သင်လုပ် နိုင်တဲ့ အတိုင်းအတာပဲလုပ်ပါ။ အလွန်အ ကျွံမလုပ်ပါနဲ့။ အိပ်ရာဝင်ခါနီး အချိန်မျိုး မှာလည်း မလုပ်မိပါစေနဲ့။

(၁၀) ပုံမှန်အိပ်ချိန်ထားရှိပါ
အိပ်ချိန်ပုံမှန်ထားရှိပြီး ပုံမှန်နိုးထ ပါ။ နောက်ကျမှ အိပ်ရာဝင်ပြီး အိပ်ရာထ နောက်ကျတာမျိုးကို ရှောင်ပါ။ နေရောင် ထွက်နေချိန်မှာ အိပ်စက်တာက စွမ်းအင် အပြည့်အဝ မရရှိနိုင်ပါဘူး။ အိပ်ချိန်အ ပြည့်အဝ အိပ်ပေမယ့် အိပ်ရေးမဝသလို ခံစားရနိုင်ပါတယ်။

Tips
– ညအိပ်ခါနီးမှာ ကဖင်းဓာတ်ပါရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်နဲ့ ချောကလက် စားတာကို ရှောင်ပါ။
– အိပ်ခန်းက မှောင်ပြီး အေးမေးချမ်းချမ်း ရှိမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီရာ ရောက်ပါတယ်။
– အိပ်ခန်းထဲမှာ တီဗီထားပြီး မအိပ်ဘဲ တီဗီကြည့်တာကိုရှောင်ပါ။
– အိပ်ခါနီးမှာ ညစာကိုဗိုက်တင်းအောင် အလွန်အမင်း မစားသင့်ပါ။
– အိပ်ရာမဝင်မီ သက်သောင့်သက်သာ နေထိုင်ပါ
– သက်သောင့်သက်သာဖြစ်စေမယ့် အဝတ်အစားတွေကို ဝတ်ဆင်ပြီးမှ အိပ် စက်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal