အရိုးအဆစ်မပျက်စီးအောင် ရှောင်သင့်သောအချက်များ

သန်မာတဲ့ အရိုးအဆစ်တွေသာ မရှိခဲ့ရင် အရိုးသိပ်သည်းဆ လျော့နည်းပြီး အနည်းငယ်ထိခိုက်ရုံနဲ့ ကျိုးနိုင်ပါတယ်။ ဒါကြောင့် အရိုးအဆစ်သန်မာမှုကို ဖျက် ဆီးနေတဲ့ အောက်ပါအကြောင်းတွေကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ . . .

ကဖင်းဓာတ် အများအပြား သောက်သုံးခြင်း

ကဖင်းဓာတ်က အရိုးတွေကို အား နည်းစေသလို အဆစ်တွေကိုလည်း အားနည်းစေပါတယ်။ အရိုးအဆစ်တွေ သန်မာဖို့ဆိုရင်တော့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် စတာတွေ သောက်သုံးမှုကို လျှော့ချ လိုက်ပါ။

ရေ လုံလုံလောက်လောက် သောက်သုံးမှု မရှိခြင်း

အရိုးအဆစ်တွေ ကျန်းမာဖို့ ရေ လုံလောက်စွာ သောက်သုံးဖို့ လိုပါ တယ်။ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၇၀ ရာခိုင်နှုန်းက ရေရဲ့အလေးချိန်ပါ။ ရေဓာတ်ခန်းခြောက်ပါက အဆစ်တွေ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ တစ် နေ့ကို အနည်းဆုံး ရေ ၈-၁၀ ဖန်ခွက် သောက်သုံးဖို့လိုပါတယ်။

အနေအထား မမှန်ကန်ခြင်း

ပုံမှန်အနေအထားနဲ့ နေထိုင်တယ် ဆိုရင်တောင် အရိုးကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သင်သိပါရဲ့လား။ ဒီနေ့ခေတ်မှာ အများစု ခံစားနေရတာက ဦးခေါင်းရှေ့ငိုက်နေတဲ့ ပြဿနာပါ။ ဖုန်း၊ ကွန်ပျူတာ၊ တီဗီစတာတွေကို တစ်စိုက် မတ်မတ် ကြည့်ရှုနေတာကြောင့် ကြွက် သားတွေကို ဒဏ်ဖြစ်တာ၊ အရိုးပါး ရောဂါ ခံစားရတာ စတာတွေ ဖြစ်နိုင်ပါ တယ်။

အိပ်ပျက်များခြင်း

သက်တမ်းတစ်လျှောက်မှာ အိပ် ရေးပျက်များတာက ကြီးထွားမှု၊ သက် ရွယ်ကြီးရင့်မှုတွေအပြင် အရိုးကျန်းမာ သန်စွမ်းမှုအပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ လေ့လာသူတွေက ကြွက်တွေ ကို စမ်းသပ်စစ်ဆေးခဲ့ရာမှာ အိပ်ပျက်များ တဲ့ ကြွက်တွေက အရိုးဖြစ်ပေါ်မှုတွေ ထက်ဝက်လောက် လျော့ကျတာကို တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုမှာ ဦးဆောင် တဲ့ သုတေသီက အိပ်ပျက်များသူတွေဟာ အရိုးပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်စွမ်း အားနည်းစေတယ်လို့ ဆိုပါတယ်။ အိပ် ပျော်စေဖို့ သဘာဝနည်းလမ်းကို အသုံး ပြုမယ်ဆိုရင် လာဗံဒါဆီက အိပ်ပျော် စေဖို့ ကူညီနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ မက်လတိုနင်ဟော်မုန်းက အိပ်စက်မှု ကိုထိန်းချုပ်ပေးပါတယ်။

 

မှန်ကန်သော လေ့ကျင့်ခန်း လုပ်ဆောင်မှု မရှိခြင်း

လေ့လာမှုများစွာအရ ကိုယ်အလေး ချိန် ပုံမှန်ဖြစ်အောင် လေ့ကျင့်ရတဲ့ လေ့ ကျင့်ခန်းတွေက အရိုးသိပ်သည်းဆနဲ့ သန်စွမ်းကျန်းမာမှုကိုပါ ကောင်းမွန်စေ ပါတယ်။ လေ့လာမှုတစ်ခုမှာ အသက်ကြီး အမျိုးသမီးတွေက ကိုယ်အလေးချိန်ပုံမှန် ဖြစ်အောင် လေ့ကျင့်ခန်းကို တစ်ပတ် လေးနာရီ လုပ်ဆောင်တာကြောင့် အရိုး ကျိုးနိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းစေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *