“ဆနွင်းရဲ့ ကောင်းကျိုးများ – ဒေါက်တာညီညီကျော်”

ဆနွင်းမှုန့်လို့ပြောမယ်ဆိုရင် ကျွန်တော် တို့ မြန်မာ လူမျိုးတွေ နဲ့ မစိမ်းတဲ့ ပာင်းခတ် အမွှေးအကြိုင် တွေထဲက တစ်မျိုးပါ။ နေ့တိုင်းစားနေပေမယ့် သူက ဘယ်လောက်တောင် အကျိုးကျေးဇူးရှိနိုင်လဲ ဆိုတာ ကျွန်တော် တို့ ကိုယ်တိုင် အမှု့ မဲ့ အမှတ်မဲ့ ဖြစ်နေတာပါ။ အခုတော့ သုတေသန စာရွက်စာတမ်း တွေ နဲ့ တကွ လေ့လာတွေ့ရှိချက်တွေ ခိုင်ခိုင်မာမာ တွေ့ရှိလာတဲ့ အတွက် အားလုံးဂသိရှိနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

ဆနွင်း ဘယ်က ရလဲ ဆိုတာ ကနေစပါမယ်။ ဆနွင်း က ဆနွင်းပင်ဆိုပြီးတော့ ရှိပါတယ်။ ကျွန်တော်တို့ အာရှတိုက် က လူမျိုးစုတွေ အတွက် က တော့ ဆနွင်း ကို အထူးတလည် မိတ်ဆက်ပေးစရာတောင် မလိုတော့ပါဘူး။ အသားတမျိုးမျိုး ချက်ရင်ကို များသော အားဖြင့် ဆနွင်းထည့်ထည့် ချင်လေ့ချက်ထ ရှိကြပါတယ်။ အထူးသဖြင့် အိန္ဒိယ အစားအစာ တွေ မှာ ဆိုရင် ပိုပြီးတော့တောင် ဆနွင်း ပါဝင်ပါသေးတယ်။

အရသာ အားဖြင့် ကတော့ အနည်းငယ် ဖန်ပါတယ်။ ပာိုးအရင် ခေတ် အဆက်ဆက် တည်း က အစားအစာ တွေ ကို အရောင်ဆိုးတဲ့ နေရာ မှာ သုံးကြပါတယ်။ အခုနောက်ပိုင်းဆိုရင် ထောပတ်၊ ဒိန်ခဲ၊ Mustard အနှစ်၊ အခြားသော ပာင်းအရောင်တင် အမှုန့် အနေနဲ့ တွင်တွင်ကျယ်ကျယ် ထည့်သွင်း အသုံးပြု လာတာကို လည်းတွေ့တွေ့ လာရပါတယ်။

ဒါတွေကတော့ အစားအသောက်တွေ မှာ သုံးတာပါ။ အခုနောက်ပိုင်းတော့ ကျန်းမာရေးဂအရ လည်းတော်တော် လေး အကျိုး ကျေးဇူးတော်တော်လေးများတဲ့ အတွက် အားဖြည့်ဆေး အနေနဲ့တောင် ဆနွင်း ကို ထုတ်လုပ်လာကြပါတယ်။ ကျန်းမာရေး အတွက် အကျိုးရှိဖို့ကြတော့ ကျွန်တော် တို့ နေ့စဉ် စားနေသလောက်နဲ့ ပြည့်ပြည့်ဝဝ ရရှိဖို့ အခက်အခဲရှိတဲ့အတွက် supplement တွေ လိုအပ်ရင် မှီဝဲ ပေးဖို့လို အပ်လာပါတယ်။

ဆနွင်း မှာ curcumin လို့ခေါ်တဲ့ အာပာာရဓါတ် တစ်မျိုးပါဝင်တဲ့ အတွက် anti-inflammatory (ရောင်ယမ်း တာကို သက်သာစေတဲ့) အကျိုးကျေးဇူးရှိတဲ့ အပြင် anti-oxidants property (ဓါတ်တိုးဆန့်ကျင်သတ္တိ) ပါရှိတဲ့ အတွက် ကင်ဆာရောဂါများ ကို တဖက်တလမ်း က ကာကွယ်ပေးပါတယ်။

ဆနွင်းပာာ သဘာဝ ကပေးထားတဲ့ အရောင် ကျဆေးတစ်မျိုး ဖြစ်တဲ့ အတွက် အောက်ပါ ရောဂါတွေ မှာ အသုံးတည့်ပါတယ်။

  1. အဆစ်အမြစ် ယောင်ယမ်းခြင်း (arthritis)
  2. ရင်ပူခြင်း (Heartburn)
  3. ဒူးနာ၊ ခြေကျင်းဝတ်နာ (Knee joint pain, Ankle joint pain)
  4. Crohn’ disease နှင့် Ulcerative Colitis (အူလမ်းကြောင်းရောင်ယမ်းခြင်း၊ အူလမ်းကြောင်း တွင် အနာများဖြစ်သည့်ရောဂါ)
  5. ဝမ်းပျက် ဝမ်းလျှောရောဂါ
  6. အစာမကြေ၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း
  7. အရေပြားရောင်ရမ်းခြင်း (lichen planus)
  8. အစာအိမ်ရောရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်း
  9. Irritable Bowel Syndrome (ဝမ်းခဏခဏ သွားတဲ့ ရောဂါ)

စတဲ့ရောဂါတွေ မှာ ဆနွင်းစားပေးသင့်ပါတယ်။

 

ဒီအပြင် အခုလို ဆောင်းတွင်း မှာ အအေးဓါတ် လွန်ကဲ လို့ ဖြစ်တတ်တဲ့ လေပြွန်ယောင် ရောဂါ(bronchitis)၊ နှာစေးချောင်းဆိုး (common cold) ရောဂါတွေ ကိုပါ သက်သာစေနိုင်ပါတယ်။

အမျိုးသမီးတွေမှာဆိုရင် လည်း ရာသီသွေးပေါ် ချိန်မှာကိုက်တာခဲတာ တွေ ကို လည်း သက်သာစေပါတယ်။ ဒီအပြင် ဆီး လမ်းကြောင်းပိုးဝင်လို့ ဆီးအိမ်၊ ကျောက်ကပ် စတာတွေ ရောင်ယမ်းခြင်း ကို လညိး သက်သာစေပါတယ်။

 

ဒီအပြင် ဓါတ်ရောင်ခြည် ပေးပြီး ကုသမှု့ခံယူနေတဲ့ ကင်ဆာ ဝေဒနာရှင်များ မှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့ အရေပြားရောင်ယမ်းခြင်းကို လည်း သက်သာစေပါတယ်။ ထို့အပြင် ပိုးမွှား တစ်မျိုးမျိုး ကိုက်လိုက် လို့ အင်ပြင်ထတာ မျိုး၊ Allergic  ဖြစ်တာမျိုးကို လည်း သက်သာစေပါတယ်။

 

ဆနွင်းမှာ ပါဝင် တဲ့ curcumin က အာရုံကြောဆဲလ် (Neurons) လေးတွေ အရေအတွက် များလာစေတဲ့ အတွက် ဦးနှောက် နှင့် အာရုံကြော ဆိုင်ရာရောဂါ များ ဖြစ်ကြတဲ့ အခုနောက်ပိုင်း အဖြစ်များလာတဲ့ စိတ်ဓါတ်ကျရောဂါ နှင့် အယ်ဇိုင်းမား (Alzheimer’s disease) ရောဂါ တို့ ကို ပါ အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးနိုင်တယ် လို့ တွေ့ရှိလာတဲ့ အတွက် အနောက် နိုင်ငံ တော်တော် များများ မှာ ဆနွင်းကို သတိထား အလေးပေးပြီး စားလာတာကိုလည်းတွေ့ရှိရပါတယ်။

 

နှလုံးရောဂါကိုကော ဘယ်လိုကာကွယ်ပေးမလဲ

ဆနွင်ူမှာ ပါတဲ့ cucurmin ဓါတ် ပာာ နှလုံးသွေးကြော် နံရံ လေးတွေ ရဲ့ လုပ်ငန်းဆောင်တာ ကို ပိုမိုကောင်းမွန်စေပါတယ်။ သွေးကြော နံရံလေးတွေ ကောင်းကောင်း အလုပ်မလုပ်တော့ ဘူးဆိုရင် သွေးခဲလေးတွေ လာပိတ်မယ် အဲ့ကနေ တဆင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ် စေနိုင်ပါတယ်။

ထို့ အပြင် သွေးကြော နံရံလေးတွေ က သွေးဖိအား အနည်းအများဖြစ်စေတာ (သွေးတိုးရောဂါ) ကို လည်း အရေးပါတဲ့ နေရာမှာ ပါဝင်နေတဲ့ အတွက် သွေးကြော နံရံ လေးတွေ ကောင်းမွန်စွာ အလုပ် လုပ်နိုင်ဖို့ အတွက်က cucurmin ပါတဲ့ ဆနွင်း စားပေးဖို့လိုအပ်ပါတယ်။

ဒီအပြင် ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ အတွက် ကင်ဆာရောဂါ အထူးသဖြင့် အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာများ ကို ကာကွယ်ပေးနိုင်တဲ့ အပြင် သွေးတွင်း ကိုလက်စထရော မတက်အောင် လည်း ထိန်းညှိပေးနိုင်ပါတယ်။ အကျိုးဆက် အားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို ရောဂါ၊ လေဖြတ်လေငန်းရောဂါတွေ ကို တဖက်တလမ်းဂကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

အထူးဂရုပြုသင့်သည့် အချက်များ

ကျွန်တော်တို့ မြန်မာ လူမျိုးတော်တော် များများ က ထိခိုက်ရှနာ တစ်ခုခု ဖြစ်ပြီ ဆိုတာနဲ့ ဆနွင်း သိပ်လေ့ရှိပါတယ်။ ဒါက တကယ့် ကို လွဲမှား လွန်းတဲ့ နည်းလမ်းပါ။ အဲ့ဒီ လို ဆနွင်းသိပ်ပေးလိုက် ခြင်းဖြင့် ဆနွင်းမှုန့်မှာပါ နေနိုင်တဲ့ မေးခိုင်ပိုးနှင့် အခြားသော ဘတ်တီးရီးယား ပိုးမွှားများ ကို တစ်ခါ တည်း သွေးထဲထည့်ပေးသလို ဖြစ်သွားတတ်ပြီး မေးခိုင်ရောဂါ၊ တခြားသော ဘတ်တီးရီးယား ရောဂါများလည်း အလွယ်ဖြစ်ပွားစေနိုင်ပါတယ်။

ကျွန်တော် ပြောထားတဲ့ နည်းလမ်းတွေ က ပာင်းချက်တဲ့ နေရာမှာ ထည့်ချက် ခိုင်းတာပါ။ ဒါမှ အပူဓါတ် နဲ့တွေ့ပြီး ပါဝင်တဲ့ ပိုးမွှားတွေ လည်း သေဆုံးသွားတဲ့ အတွက် စားလို့စိတ်ချရပြီလို့ ယူဆတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ် ကျွန်တော်တို့ ပာင်းချက်လို့ ထည့်တဲ့ နေရာ က ရမယ့် ဆနွင်းမှာ ပါတဲ့ curcumin ဓါတ်က ကျွန်တော်တို့ လိုအပ်သလောက် မပြည့်မီ တတ်ပါဘူး။ ဒါကြောင့် အားဖြည့်ဆေး supplement သောက်ဖို့တော့ လိုအပ်ပါတယ်။

 

နေ့တိုင်းသောက်ရမလား ဆိုတော့ ????

ကျွန်တော် ခုနက ဖော်ပြထားတဲ့ ရောဂါ တွေ ဖြစ်နေဆံ ကာလဆိုရင်တော့ ဆေးနေ့တိုင်းသောက်သင့်ပါတယ်။ ကာကွယ်ဖို့ သက်သက် ဆိုရင် တော့ နေ့တိုင်း မသောက်လို့ရပါတယ်။ ဥပမာ ရက်ခြားသောက်ရင်း ကိုယ်စားမယ့် အစားအစာတွေ မှာဂဆနွင်း ထည့်ချက်တာ မျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။

မှတ်ချက်- အားဖြည့်ဆေး ကြေညာပေးခြင်း လုံးဝ မပာုတ်ပါ။

 

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *