အရိုးကျိုးနေသူတို့ စားသင့်သော အစားအစာများ

အသက်ကြီးလာတဲ့အခါမှာ ကျွန်မတို့ရဲ့အရိုးတွေဟာ အားနည်းသွားတတ်ပါ တယ်။ အသက်ကြီးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းက ကယ်လ်စီယမ်ပမာဏတွေ ကျဆင်း သွားတာကြောင့် အရိုးသိပ်သည်းဆနည်းပြီး အရိုးကြွပ်ဆတ်လာရတာဖြစ်ပါတယ်။ အရိုးအားနည်းတဲ့အတွက် အလွယ်တကူကျိုးလွယ်နိုင်ပြီး ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း အနာကျက်ဖို့အတွက် လပေါင်းများစွာ အချိန်ယူရပါတယ်။ အရိုးကျိုးနေတာ ဒါမှမ ဟုတ် အရိုးအဆစ်နေရာလွဲခဲ့ရင် သင့်အရိုးတွေ အနားရအောင် ဆရာဝန်က ကျောက် ပတ်တီးစည်းပေးတာ၊ အနားယူခိုင်းတာမျိုးတွေနဲ့ ကုသပေးပါတယ်။ တစ်ချိန်တည်း မှာပဲ သင်စားသုံးတဲ့အစားအစာကလည်း အရိုးဆက်တာမြန်အောင်၊ အရိုးကျန်းမာရေး ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ အောက်ပါတို့ဟာ အရိုးကျိုးနေတဲ့သူ ဒါမှ မဟုတ် အရိုးအဆစ်နေရာလွဲမှားနေသူတွေ စားသင့်တဲ့အစားအစာတွေပါ။

ရေ
အရိုးတစ်ခုနဲ့တစ်ခု ဆက်နေတဲ့ အဆစ်အတွင်း ချောဆီလုံလုံလောက်လောက် မရှိရင် အရိုးအဆစ်ပြုတ်ထွက်နိုင်ပါတယ်။ ရေဓာတ်ပြည့်ပြည့်၀၀ မရရှိတာကြောင့် အရိုးအတွင်း ချောဆီတွေ နည်းပါးသွားတတ်ပါတယ်။ ကျွန်မတို့ဟာ အလုပ်များတာ ကြောင့် ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ အနည်းဆုံးတော့ တစ်နေ့ကို ရေ ရှစ်ဖန်ခွက်လောက် သောက်ပေးသင့်ပါတယ်။

ပရိုတင်း
အရိုးကျိုးတာ၊ အရိုးအက်တာ၊ အရိုးနေရာလွဲမှားတာတွေလိုမျိုး အရိုးပြဿနာ တွေမဖြစ်အောင် ကာကွယ်ဖို့ ပရိုတင်းလိုအပ်ပါတယ်။ ပရိုတင်းဟာ ခန္ဓာကိုယ်ဗိုက် ပြည့်တင်းမှု ရရှိစေရုံသာမက အရိုးတွေကို ကာကွယ်ပေးထားတဲ့ ကြွက်သားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ပါ ကူညီပေးပါတယ်။

ကယ်လ်စီယမ်မြင့်မားစွာ ပါဝင်သည့် အစားအစာများ
အရိုးကျိုးနေရင် ကယ်လ်စီယမ်ပါဝင်မှု မြင့်မားတဲ့အစားအစာတွေကို စားသုံးရပါ မယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကယ်လ်စီယမ်တွေက အရိုးအားနည်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ်တွေ မြင့်မားစွာပါဝင် နိုင်သလို တချို့ဟင်းသီးဟင်းရွက်တွေမှာလည်း ကယ်လ်စီယမ်တွေ များစွာပါဝင်ပါ တယ်။ သင်ဟာ အစားအစာကနေရရှိတဲ့ ကယ်လ်စီယမ်ကို လုံလုံလောက်လောက် မရရှိခဲ့ရင် ကယ်လ်စီယမ်အားဖြည့်ဆေးကို မှီဝဲနိုင်ပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ
ကောက်နှံတစ်ခုလုံး ပါဝင်စာမှာ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တဲ့အပြင် ကျိုးနေတဲ့ အရိုးကို ပြန်လည်ပြုပြင်နှုန်း မြန်ဆန်တဲ့အမျှင်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။

အချဉ်အရသာရှိသောသစ်သီးများ
အရိုးကျိုးသူတွေအနေနဲ့ အချဉ်အရသာရှိတဲ့သစ်သီးတွေကို မဖြစ်မနေ စားသုံး သင့်ပါတယ်။ အရိုးကျိုးနေတာ ဒါမှမဟုတ် အရိုးနေရာလွဲမှားနေတာကြောင့် သူ့ ပတ်ဝန်းကျင်က ကြွက်သားတွေ ရောင်ရမ်းနေတတ်ပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ် ကြောင့် ခုခံအားစနစ်တွေ လျော့ကျသွားနိုင်ပါတယ်။ အချဉ်အရသာရှိတဲ့သစ်သီးတွေ နဲ့ ဗီတာမင်စီဟာ ခုခံအားစနစ်ကို သန်မာစေတဲ့အတွက် အရိုးကျက်နှုန်းမြန်ဆန်နိုင် ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *