အရိုးကျိုးပြီးနောက် အမြန်ဆုံး သက်သာပျောက်ကင်းလိုလျှင်

အသက်ကြီးလာတာနဲ့အမျှ အရိုးတွေအားနည်းလာပါတယ်။ ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်တွေ လျော့နည်းလာတာကြောင့် အရိုးတွေပါးပြီး ကြွပ်ဆတ်လာပါ တယ်။ မတော်တဆထိခိုက်မိရုံနဲ့ အရိုးကျိုးတာ၊ အဆစ်လွဲတာတွေ ဖြစ်လွယ်စေပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ပြန်ကောင်းဖို့အတွက် လအနည်းငယ် အချိန်ယူရပါတယ်။ အရိုးကျိုးတာ၊ အဆစ်လွဲတာတွေကို မြန်မြန်ပြန်ကောင်းလိုတယ်ဆိုရင်တော့ အနားယူပါ၊ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့စားသောက်ပုံတွေကို လိုက်နာဖို့လိုပါတယ်။

ရေများများ သောက်ပါ


အဆစ်ကြားမှာရှိတဲ့ ချောမွေ့မှုတွေ မလုံ လောက်တာကြောင့် အရိုးအဆစ်လွဲတာ ဖြစ် လာပါတယ်။ တစ်နေ့တာလုံးမှာ လိုအပ်တဲ့ ရေ ပမာဏကို သောက်သုံးမှုနည်းတာကြောင့် အများစုက ရေဓာတ်ခန်းခြောက်လို့ ဖြစ်ကြ တာပါ။ အရိုးတွေရဲ့ မူလလုပ်ငန်းကို လုပ် ဆောင်နိုင်အောင် ချောမွေ့မှုမရှိတော့တဲ့အခါ ကံမကောင်းစွာဘဲ အရိုးအဆစ်တွေ ခြောက် သွေ့ပြီး ကြွပ်ဆတ်ရာကနေ အဆစ်လွဲတာ ဖြစ် လာပါတယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်မှု မရှိအောင် နေ့စဉ် ရေရှစ်ဖန်ခွက် အနည်းဆုံး သောက်ပေးပါက အဆစ်လွဲတာ အမြန်သက်သာ စေပါတယ်။

ပရိုတင်းများများ စားပါ


အရိုးနဲ့ပတ် သက်တဲ့ ကျန်းမာ ရေးပြဿနာတွေ ဖြစ်တဲ့ အဆစ်လွဲ တာ၊ အရိုးကျိုးတာ တွေမဖြစ်အောင် အသားဓာတ်ဖြစ် တဲ့ ပရိုတင်းကို လုံလောက်စွာ စားသုံးဖို့လိုပါတယ်။ အသားဓာတ်က အရိုး တွေမပျက်စီးအောင် ထောက်ပံ့ပေးတဲ့ ကြွက်သားတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ အစာစားသုံးတဲ့အခါ ကစီဓာတ်ထက် အသား ဓာတ်ပိုမို ပါဝင်အောင် စားသုံးဖို့လိုပါတယ်။

ကယ်လ်စီယမ် ကြွယ်ဝတဲ့အစာ စားပါ


အဆစ်လွဲတာဖြစ်တဲ့အခါ ကယ်လ်စီယမ် ကြွယ် ဝတဲ့အစာတွေ ပိုမိုစားသုံးဖို့ လိုအပ်ပါတယ်။ ကယ်လ်စီ ယမ်က အရိုးတွေ အားနည်းတာမဖြစ်အောင် ကာကွယ် ပေးပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ် ပါဝင်မှုများပြီး အပင်ထွက်ပစ္စည်းတွေကနေလည်း ကယ်လ်စီယမ် ရရှိနိုင်ပါတယ်။ အစားအသောက်ကနေ မလုံလောက်ပါက ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြည့်စွက် သောက်သုံးဖို့လိုပါတယ်။

အမျှင်ဓာတ်များများ စားသုံးပါ


အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာ တွေကို များများစားသုံးတာက အဆစ်လွဲ တာ ခံစားနေရသူတွေမှာ သက်သာ ပျောက်ကင်းမှု မြန်ဆန်စေပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ လတ်ဆတ် တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံ တွေ စားသုံးပါက အမျှင်ဓာတ်များများရရှိ စေပါတယ်။

အချဉ်ဓာတ်ရှိတဲ့သစ်သီးတွေ စားပါ


အဆစ်လွဲတာ ခံစားနေရသူတွေ အ မြန်သက်သာလိုတယ်ဆိုရင် အချဉ်ဓာတ် ရှိတဲ့သစ်သီးတွေ များများစားသုံးသင့်ပါ တယ်။ အဆစ်လွဲသွားတဲ့အခါ အဲဒီအ ဆစ် ဝန်းကျင်မှာရှိတဲ့ ကြွက်သားနဲ့ တစ် သျှူးတွေ ရောင်ရမ်းလာပါတယ်။ ဒါ့အ ပြင် ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားစနစ်လည်း လျော့နည်းလာပါတယ်။ ဒါကြောင့် အချဉ် ဓာတ်ရှိတဲ့ သစ်သီးတွေ စားသုံးပေးမယ် ဆိုရင် ခုခံစွမ်းအားစနစ်ကောင်းမွန်ပြီး အရိုးဘေးမှာရှိတဲ့ ကြွက်သားနဲ့ တစ်သျှူး တွေ အနာကျက်မြန်စေလို့ အဆစ်လွဲတာ လည်း အမြန်ပြန်ကောင်းလာနိုင်ပါတယ်။

♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal