အရိုးထိခိုက်စေသောအပြုအမူတွေသင့်မှာရှိနေလား

သန်မာတဲ့အရိုးအဆစ်တွေက အ သက်အရွယ်ကြီးလာတာနဲ့အမျှ ယိုယွင်း ပျက်စီးလာတတ်ပါတယ်။ သင်ရဲ့အပြု အမူတွေကြောင့်လည်း အရွယ်မတိုင်ခင် မှာ အရိုးတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဘယ်လိုအပြုအမူတွေကြောင့် အရိုးထိ ခိုက်ပျက်စီးနိုင်လဲဆိုတာ သိရှိစေဖို့ ရေး သားလိုက်ပါတယ်။

အလွန်မြင့်သော ဒေါက်ဖိနပ် စီးခြင်း
ဒေါက်မြင့်ဖိနပ်စီးတာက မစီးသူ တွေထက် အဆစ်တွေ နာကျင်မှုကို ခံရနိုင်ခြေ ၇-၁၀ ဆ ပိုမိုမြင့်မားပါတယ်။ အထူးသဖြင့် သုံးလက်မအထက် ဒေါက် မြင့်ဖိနပ်စီးသူတွေအနေနဲ့ အဆစ်တွေ နာကျင်မှု ပိုမိုခံစားရနိုင်ခြေများပါတယ်။ အားကစားလုပ်တဲ့အခါမျိုးမှာ ခြေဖ၀ါးနဲ့ အဆစ်တွေကို အကောင်းဆုံး ထောက်ပံ့ ပေးနိုင်တဲ့ဖိနပ်မျိုးကို ၀တ်ဆင်ဖို့ လိုပါ တယ်။

ရေလုံလုံလောက်လောက် သောက်သုံးမှု မရှိခြင်း
အရိုးအဆစ်တွေ ကျန်းမာဖို့ ရေ လုံလောက်စွာသောက်သုံးဖို့ လိုပါတယ်။ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၇၀ ရာခိုင်နှုန်း က ရေရဲ့အလေးချိန်ပါ။ ရေဓာတ်ခန်း ခြောက်ပါက အဆစ်တွေ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို အနည်း ဆုံး ရေ ၈-၁၀ ဖန်ခွက် သောက်သုံးဖို့ လိုပါတယ်။

နေရောင်ခြည်နှင့် ထိတွေ့မှု မရှိခြင်း
အမေရိကန်နိုင်ငံသားတွေရဲ့ ၈၅ ရာခိုင်နှုန်းက ဗီတာမင် ဒီ ချို့တဲ့နေပါ တယ်။ နေရောင်ခြည်ထဲသွားလာ၊ အ လုပ်လုပ်နေသူတွေဆိုရင် ဗီတာမင် ဒီ ချို့တဲ့မှာ ပူပန်နေဖို့ မလိုပါဘူး။ နေရောင် ခြည်နဲ့ ထိတွေ့မှုရှိရင် မိနစ် ၂၀ အတွင်း ခန္ဓာကိုယ်က ဗီတာမင် ဒီ ၁၀၀၀၀ အိုင် ယူကနေ ၂၀၀၀၀ အိုင်ယူအထိ ထုတ် လုပ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ မွန်းတည့်ချိန်မှာ နေရောင်ခြည် ထိတွေ့ ပါက မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ နေ ရောင်ခြည်ထိတွေ့တာထက် ဗီတာမင် ဒီ ပိုမို ထုတ်လုပ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါ တယ်။ ဒါပေမဲ့ နေရောင်ခြည်ကို နေ့စဉ် ပုံမှန်မထိတွေ့နိုင်ဘူးဆိုရင်တော့ ခန္ဓာ ကိုယ်မှာ ဗီတာမင် ဒီ လုံလောက်မှာ မဟုတ်လို့ ဖြည့်စွက်သောက်သုံးဖို့ လိုပါ တယ်။ ဗီတာမင် ဒီကို ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တွေနဲ့ အချိုးကျ ပေါင်းစပ် ထားတဲ့ဖြည့်စွက်အားဆေးအဖြစ် သောက် သုံးနိုင်ပါတယ်။

အထိုင်များခြင်း
ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အ ထိုင်များတာကြောင့် အရိုးကျန်းမာရေး ကို ထိခိုက်စေပါတယ်။ ကမ္ဘာမြေကြီး ဆွဲငင်အားမရှိတဲ့ နေရာမှာဆိုရင် အရိုး ပေါ်ကို သက်ရောက်တဲ့ ရုပ်ပိုင်းဆိုင်ရာဖိ အားမရှိတာကြောင့် အရိုးသိပ်သည်းဆ ကို လျော့နည်းစေပါတယ်။ အထူးသဖြင့် အာကာသယာဉ်မှူးတွေက သာမန်လူ တွေထက် အရိုးသိပ်သည်းဆ ၁၂ ဆ ပို ပြီး ဆုံးရှုံးနိုင်ပါတယ်။ ကမ္ဘာမြေကြီး ဆွဲ ငင်အားရှိတဲ့နေရာမှာ နေထိုင်ပေမယ့် လည်း ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ တစ် နေကုန် ကျောင်းစာလုပ်တာ၊ ရုံးအလုပ် လုပ်တာတွေနဲ့ပဲ ဖြတ်သန်းနေမယ်ဆိုရင် လည်း အရိုးသိပ်သည်းဆ လျော့နည်းပြီး အရိုးသန်မာမှုကို အားနည်းသွားစေပါတယ်။

အိပ်ပျက်များခြင်း
သက်တမ်းတစ်လျှောက်မှာ အိပ် ရေးပျက်များတာကကြီးထွားမှု၊ သက်ရွယ် ကြီးရင့်မှုတွေအပြင် အရိုးကျန်းမာသန် စွမ်းမှုအပေါ်မှာလည်း သက်ရောက်မှုရှိပါ တယ်။ လေ့လာသူတွေက ကြွက်တွေကို စမ်းသပ်စစ်ဆေးခဲ့ရာမှာ အိပ်ပျက်များတဲ့ ကြွက်တွေက အရိုးဖြစ်ပေါ်မှုတွေ ထက် ၀က်လောက် လျော့ကျတာကို တွေ့ရှိခဲ့ပါ တယ်။ လေ့လာမှုမှာ ဦးဆောင်တဲ့ သု တေသီက အိပ်ပျက်များသူတွေဟာ အရိုး ပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်စွမ်းအား နည်းစေတယ်လို့ဆိုပါတယ်။ အိပ်ပျော် စေဖို့ သဘာဝနည်းလမ်းကို အသုံးပြုမယ် ဆိုရင် လာဗံဒါဆီကအိပ်ပျော်စေဖို့ ကူညီ နိုင်ပါတယ်။ မက်လတိုနင်ဟော်မုန်းက အိပ်စက်မှုကို ထိန်းချုပ်ပေးပါတယ်။

ကိုယ်အလေးချိန်များခြင်း
ကိုယ်အလေးချိန်ကို အနည်းငယ် လျှော့ချလိုက်နိုင်ရင်တောင် အရိုးအဆစ် တွေပေါ်သက်ရောက်တဲ့ အားတွေ လျော့ နည်းသွားလို့ ဒဏ်သက်ရောက်မှုကို သိ သိသာသာ လျှော့ချနိုင်ပါတယ်။ ကိုယ်အ လေးချိန်များလာလေလေ အဆစ်တွေအ ပေါ် ဖိအားသက်ရောက်မှုများလေလေ ဖြစ်ပြီး အရိုးနုဖုံးတွေ ပျက်စီးနိုင်ခြေ များ စေပါတယ်။

အာဟာရဓာတ် မပြည့်စုံခြင်း
အဆင့်ဆင့်ပြုပြင်ထားတဲ့ အစာ တွေ၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့အ စာတွေ၊ ဆားနယ်ပြီး အခြောက်ခံထားတဲ့ အစာတွေ စတာတွေက အရိုးကျန်းမာ ရေးကို အားနည်းစေပါတယ်။ အရိုးကျန်း မာဖို့အတွက် ဗီတာမင် ဒီကို သဘာဝအ စားအစာတွေကနေ ရယူမယ်ဆိုရင် အ စိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်၊ ကောက် နှံတစ်ခုလုံးပါဝင်စာ၊ သစ်သီး၊ အစေ့အ ဆန်၊ မှို၊ ကယ်လ်စီယမ် ကြွယ်ဝတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေကို စားသုံးသင့် ပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *