အထိအတွေ့အာရုံအကြောင်း သင် ဘယ်လောက်သိပါသလဲ

အာရုံငါးပါးထဲ တစ်ပါးအပါအ၀င် ဖြစ်တဲ့ အထိအတွေ့အာရုံနဲ့ပတ်သက်ပြီး သင့်မှာ ဗဟုသုတ ဘယ်လောက်ရှိလဲ လေ့လာဆန်းစစ်ကြည့်ရအောင်နော်။

၁။ အမျိုးသားနဲ့အမျိုးသမီး ဘယ်သူက အထိတွေ့အာရုံပိုကောင်းမွန်နေတတ်လဲ။
(က) အမျိုးသား
(ခ) အမျိုးသမီး
(ဂ) အတူတူပဲ

A : (ခ) အမျိုးသမီး
အမျိုးသမီးတွေရဲ့ လက်ချောင်းတွေက အမျိုးသားတွေထက် ပိုပြီး သေးသွယ်လေ့ရှိပါတယ်။ သေးသွယ်တဲ့ လက်ချောင်းပိုင်ရှင်တွေက အထိအတွေ့အာရုံကို ပိုခံစားရလေ့ရှိတယ်လို့ သုတေသနပြုချက်တစ်ခုအရ သိရပါတယ်။ ပိုသေးတဲ့လက်ချောင်းထိပ်လေးတွေမှာ အာရုံကြောအထုံးလေးတွေ ပြည့်သိပ်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။

၂။ လက်ချောင်းထိပ်တစ်ခုချင်းစီမှာ အာရုံကြောထိပ်ပေါင်း ဘယ်လောက်ရှိပါသလဲ။
(က) ၁၀၀၀
(ခ) ၃၀၀၀
(ဂ) ၅၀၀၀

A : (ခ) ၃၀၀၀
လူ့ခန္ဓာကိုယ်မှာ လျှာ၊ နှုတ်ခမ်းနဲ့ လက်ချောင်းလေးတွေက အထိအတွေ့မှာ ခံစားချက်အနည်းဆုံး အစိတ်အပိုင်းပါ။ ရင်ခေါင်းပိုင်းက နေရာကျယ်ပေမယ့် ခံစားချက်အနည်းဆုံးအစိတ်အပိုင်းပါ။ ဒါကြောင့်လည်း လက်ချောင်းသေးသေးလေးထိပ်မှာ အထိအတွေ့ဆိုင်ရာအာရုံကြောထိပ်လေးတွေ ထောင်ချီပြီး စုပြုံနေတာပါ။

၃။ သင့်အနေနဲ့ သင့်ကိုယ်ပိုင်အရေပြားထက် တခြားသူရဲ့ အရေပြားက ပိုပြီး နူးညံ့နေသလိုခံစားရတာ မှန်လား။
(က) မှန်
(ခ) မှား

A : (က) မှန်
သုတေသနများစွာရဲ့ အဆိုအရ မှန်ပါသတဲ့။ တခြားသူတွေရဲ့ အရေပြားက ကိုယ့်လောက် တကယ်ပဲ နူးညံ့တာ ဖြစ်စေ၊ မနူးညံ့တာဖြစ်စေ ကိုယ့်စိတ်ထဲ ပိုနူးညံ့သလို ခံစားရစေတာပါ။ ဘာကြောင့်လဲဆိုတော့ အထိအတွေ့ကနေ ပြီး စိတ်ပိုင်းဆိုင်ရာ ငြိတွယ်မှုပါ ခံစားရနိုင်တာကြောင့်ပါ။

၎။ လူတွေဟာ အထိအတွေ့ကနေပြီး စိတ်ခံစားချက်တွေကို ဘယ်လောက်ရာခိုင်နှုန်းလောက် မျှဝေခံစားပေးနိုင်ပါသလဲ။
(က) ၁၀ ရာခိုင်နှုန်း
(ခ) ၂၅ ရာခိုင်နှုန်း
(ဂ) ၅၀ ရာခိုင်နှုန်းထက်ပိုပြီး

A : (ဂ) ၅၀ ရာခိုင်နှုန်းထက်ပိုပြီး
လေ့လာချက်တစ်ခုအရ လူတွေကို မျက်စိအ၀တ်စည်းပေးပြီး ဒေါသ၊ ကြောက်ရွံ့မှု၊ ရွံရှာမှု၊ အချစ်၊ ကျေးဇူးတင်မှု၊ သနားကြင်နာမှု၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု စတဲ့ ခံစားချက်ရှစ်မျိုးကို အထိအတွေ့နဲ့ ပဲ ခံစားစေတဲ့အခါ တစ်ဝက်ကျော်ကျော် ဖြေနိုင်တာကို တွေ့ရပါတယ်။

ဒါကြောင့် အထိအတွေ့ကနေပြီး ခံစားချက်တွေ မျှဝေပေးနိုင်တယ်လို့ ပြောနိုင်တာပါ။

၅။ အထိအတွေ့အာရုံက အသက်အရွယ်ရလာလေ၊ ပိုပြင်းလေပါပဲ။
(က) မှန်
(ခ) မှား

A : (ခ) မှား
အသက် ၇၀ အရွယ်ရောက်တဲ့အခါ အထိအတွေ့ပိုင်းဆိုင်ရာ အာရုံကြောတွေ တစ်ဝက်လောက် အလုပ်မလုပ်တော့ပါဘူး။ အသက် ၁၀ နှစ်အရွယ်မှာ အရေပြား တစ်စတုရန်းမီလီမီတာမှာ အာရုံကြော ၅၀ လောက်ရှိရာကနေ တစ်ဝက်လောက် လျော့ကျသွားမှာပါ။

၆။ နို့စို့ကလေးအရွယ်မှာ ကောင်းစွာ ပွေ့ဖက်မခံရတဲ့၊ အထိအတွေ့ အလုံအလောက် မရခဲ့တဲ့ ကလေးငယ်တွေဟာ စာသင်ကြားတဲ့အခါမှာ အခက်တွေ့တတ်တယ်ဆိုတာ မှန်လား။
(က) မှန်
(ခ) မှား

A : (က) မှန်
ပွေ့ဖက်ထိတွေ့မှုလုံလုံလောက်လောက် မရတဲ့ကလေးငယ်လေးတွေဟာ ကြီးထွားရာမှာ နှေးကွေးသလို မကြာခဏလည်း ဖျားနာတတ်ပါတယ်။ အရေပြားအချင်းချင်း ထိတွေ့တာက ကလေးငယ်တွေမှာ စိတ်လုံခြုံမှုကို ခံစားရစေနိုင်ပါတယ်။ မိဘနဲ့ကလေးကြား

သံယောဇဉ်ကိုလည်း တိုးစေနိုင်ပါတယ်။

၇။ ဘယ်လိုအပြုအမူမျိုးက အသင်းအဖွဲ့တွေကို စိတ်ဓာတ်ခိုင်မာ ကြံ့ခိုင်စေနိုင်ပါသလဲ။
(က) လက်ဖ၀ါးထပ်ခြင်း
(ခ) ပွေ့ဖက်ခြင်း
(ဂ) လက်ဝါးရိုက်ခြင်း
(ဃ) အပေါ်က အပြုအမူအားလုံး

A : (ဃ) အပေါ်က အပြုအမူအားလုံး
ထိတွေ့တာက တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ တိုးစေသလို ပူးပေါင်းဆောင်ရွက်နိုင်စွမ်းလည်း များစေပါတယ်။ စိတ်ဓာတ်တက်ကြွမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အားကစားပွဲတွေမှာ မပြိုင်ခင် အသင်းအဖွဲ့တွေအနေနဲ့ အထက်ပါ

အပြုအမူတွေ ပြုလုပ်တာပဲဖြစ်ပါတယ်။

♥ ဒေါက်တာနုမြတ်သိင်္ဂီဦး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *