ကလေးတွေကို ဆူသင့်လား

ကလေးတွေကို ငယ်ရွယ်စဉ်မှာက တည်းက အပြုအမူ၊ အပြောအဆိုပိုင်း တွေမှာ လိုအပ်တာတွေ ပြောဆို ပြုပြင် သင်ကြားပေးဖို့ အနီးကပ်ဆုံးသူတွေက တော့မိဘတွေဖြစ်ပါတယ်။ မိဘတွေ အ နေနဲ့လည်းအလုပ်ကြောင့် အချိန်မအား တာရှိနိုင်သလိုသားသမီးအတွက် အချိန် မပေးနိုင်တဲ့ကြားထဲက ရတဲ့အချိန်မှာလို အပ်တာတွေ သင်ကြားပေးရပါတယ်။ မိ ဘတွေအနေနဲ့ တစ်ခါတလေမှာ စိတ်ဖိ စီးမှုနဲ့ ဖိအားတွေများနေတဲ့အချိန် သား သမီးမှာ မှားယွင်းတာ တစ်စုံတစ်ရာတွေ့ ရင် မထင်မှတ်ဘဲအော်လိုက်မိတာ၊ ဆဲ ရေးတိုင်းထွာလုပ်တာ၊ ရိုက်နှက်တာတွေ မလုပ်မိအောင် ထိန်းသင့်ပါတယ်။
နည်းမှန်လမ်းမှန်နဲ့ ထိန်းကျောင်းမှ သာ လိုရာခရီးကိုဖြည်းဖြည်းနဲ့ မှန်မှန် ရောက်နိုင်မှာဖြစ်ပါတယ်။ ဆိုဆုံးမတဲ့ နည်းလမ်းမှားယွင်းနေရင် လိုရင်းကို မ ရောက်နိုင်ဘဲ သွေဖည်သွားနိုင်ပါတယ်။ သင့်ကလေးရဲ့ အသက်အရွယ်ပေါ်မူ တည်ပြီးပြောဆိုသင်ပြပေးပါ။ ဒီအတွက် အထောက်အကူပြုနိုင်မယ့် နည်းလမ်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

လုပ်ဆောင်ပါ
♦ ကလေးကို အားပေးပါ၊ ချစ်ခင်တွယ် တာမှုများများပေးပါ။
♦ ကောင်းတဲ့အပြုအမူလုပ်တဲ့အခါဆုချ ပါ။ ချီးမွမ်းပေးပြီး အထူးအလေးပေး အာရုံစိုက်ပေးပါ။
♦ သင့်ကလေးက သင်ရဲ့ အပြောအဆို အပြုအမူကို လိုက်အတုယူတတ်တာ ကိုမမေ့ပါနဲ့။ သင့်ကလေးကို ပြောဆို ပြုမူစေလိုတဲ့အတိုင်း သင်ကိုယ်တိုင် ပြောဆိုပြုမူနေဖို့ လိုအပ်ပါတယ်။
♦ ကြင်နာပါ၊ ဒါပေမဲ့ တိတိကျကျ လုပ် ဆောင်ပါ။ ကလေးကို အရမ်းအလို လိုက်လွန်းရင်လည်း နှစ်သလိုဖြစ်စေ တတ်ပြီး အရမ်းတင်းလွန်းရင်လည်း ပြတ်တတ်တယ်ဆိုတဲ့ သဘောတရား ကိုမမေ့ပါနဲ့။
♦ မကောင်းတဲ့အပြုအမူတွေကို ကလေး ကမလုပ်ခင်မှာ ကြိုတင် သင်ပြထား တာပိုကောင်းပါတယ်။ မဖြစ်ခင် ကြို တင်ပြီး ကာကွယ်တာက အမှားလုပ်မှ ပြန်ပြင်ဖို့ ကြိုးစားတာထက် ပိုပြီးထိ ရောက်ပါတယ်။
ဩ ဘာမဟုတ်တဲ့အမှားလေးတွေ၊ အပြစ် ကြီးကြီးမားမားမဟုတ်တာတွေကို အ တင်းလိုက်ပြီးမပြုပြင်ပါနဲ့။ တချို့အ ရာတွေက အသက်အရွယ်အလိုက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တတ် သွားပါလိမ့်မယ်။
♦ ကလေးရဲ့ အပြုအမူက သူကိုယ်တိုင် အတွက် ဒါမှမဟုတ် တခြားလူတွေအ တွက်အန္တရာယ် ဖြစ်စေနိုင်တယ်ဆို ရင်တော့ သေသေချာချာ ပြုပြင်ပေး သင့်ပါတယ်။
♦ တစ်သမတ်တည်း ဆောင်ရွက်ပါ။ အ ဓိပ္ပာယ်ကတော့ ကလေးက လက်မခံ နိုင်တဲ့ အမှားလုပ်ရင် ပြောဆိုသင်ပြ ပေးပြီး နောက်တစ်ခါ အမှားလုပ်ရင် လည်း ထိုနည်းအတိုင်း ထပ်မံပြောဆို သင်ပြပါ။ တစ်ခါအမှားလုပ်ရင် ပြော ပြီး နောက်တစ်ခါထပ်မှားရင် ဘာမှ မပြောဘဲနေတာက ကလေးကို သင် ပေးရာမရောက်ဘဲ အလကားဖြစ်စေ ပါတယ်။
♦ ကလေးက အမှားလုပ်တာနဲ့ ခဏအ တွင်း သင်ပြပေးပါ။ အရင်ဆုံးတော့ သင့်ဒေါသစိတ်ကို သင်အရင်ထိန်းပါ။ စိတ်တိုနေရင်း ကလေးကို မဆုံးမပါ နဲ့။ ဒေါသပြေသွားမှ သင့်ကိုယ်သင် လည်း ပိုပြီးထိန်းနိုင်မှာဖြစ်ပြီး ကလေး ကို ပြောဆိုသင်ကြားပေးတဲ့အခါပိုထိ ရောက်မှာပါ။
♦ သင့်ကလေးအတွက်စည်းကမ်းသတ် မှတ်တဲ့အခါမှာလည်း သင့်ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ စည်းကမ်းတွေဖြစ်ဖို့လိုပါတယ်။ မွေးကင်းစနဲ့ လမ်းတောင်ကောင်း ကောင်း မလျှောက်နိုင်တဲ့ကလေးတွေ မှာတော့ စည်းကမ်းတွေဆိုတာ နား လည်မှာ မဟုတ်သေးပါဘူး။
♦ နားလည်နိုင်ပြီဆိုတဲ့အရွယ်ရောက်တဲ့ ကလေးဖြစ်ပြီဆိုရင်တော့ အပြုအမူ အမှားလုပ်မိရင် သူကြိုက်နှစ်သက်တဲ့ အရာတွေ (တီဗီကြည့်တာကိုပိတ်ပင် လိုက်တာ၊ ဂိမ်းပေးမဆော့တာ၊ သူ ငယ်ချင်းတွေနဲ့ ပေးမကစားတာ)ကို လုပ်ဆောင်ပြီး ပြုပြင်ပေးနိုင်ပါတယ်။
♦ သင့်ကလေးက ဆိုးတာမဟုတ်ဘူး၊ သူလုပ်တဲ့ မကောင်းတဲ့အပြုအမူအ ကျင့်ကသာ ဆိုးတာဆိုတာကိုလည်း နားလည်အောင်ပြောပြပေးပါ။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *