ကလေးဘ၀ ဖြတ်သန်းတဲ့အခါ …

“ကလေးဘ၀ဖြတ်သန်းတဲ့အခါ ကလေးတိုင်းဟာ ခန္ဓာကိုယ်နဲ့ ရုပ်ပိုင်းဆိုင်ရာပဲဖွံ့ဖြိုးလာတာမဟုတ်ပါဘူး၊ သူတို့ရဲ့ Cognitive development လို့ခေါ်တဲ့ ဦးနှောက်နဲ့ဆက်စပ်ပြီး အတွေးအခေါ်၊ အယူအဆ၊ နားလည်မှု၊ ဘာသာစကားသင်ကြားမှု စတာတွေမှာလည်း ဖွံ့ဖြိုးလာပါတယ်။”

Gross and Fine

ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် အသက် နှစ်နှစ်နဲ့သုံးနှစ်ကြားမှာ ကလေးတွေက လမ်းလျှောက်အကူမလိုဘဲ လမ်းလျှောက် တတ်တာ၊ ပြေးတာ၊ ခုန်တာတွေ လုပ် တတ်လာပါပြီ။ အသက် သုံးနှစ်ကနေ လေးနှစ်အတွင်းမှာဆိုရင် လှေခါးတွေပေါ် စပြီးတက်တတ်နေပါပြီ။ လူကြီးက အနား ကနေလိုက်ထိန်းပေးဖို့တော့လိုပါသေး တယ်။ ဒီအရွယ်မှာပဲ ခန္ဓာကိုယ်အပေါ် ပိုင်းလှုပ်ရှားမှုတွေကို လုပ်တတ်လာပါပြီ။ အသက်လေးနှစ်ကနေ ငါးနှစ်မှာတော့ လူကြီးတွေလိုပဲ လှေခါးအတက်၊ အဆင်း တွေလုပ်တတ်လာပြီး ပြေးတာကလည်း ပိုပြီး မြန်လာပြီဖြစ်ပါတယ်။
Fine motor skills အနေနဲ့ သူတို့ လက်ချောင်းလေးတွေသုံးပြီး အတုံးတွေ ဆက်တာ၊ ရောင်စုံခဲတံနဲ့ရေးခြစ်တာ၊ က စားတဲ့ရွှံ့နဲ့ပုံသွင်းတာ၊ အ၀တ်အစားကိုယ် တိုင်ဝတ်တတ်လာတာ၊ စက္ကူကတ်ကြေး ညှပ်တတ်လာတာ၊ ဇွန်း၊ ခက်ရင်း၊ တူကိုင် တတ်တာ၊ တံခါးဖွင့်တာ၊ အဖုံးပါတဲ့ပုလင်း တွေလှည့်ဖွင့်တတ်တာ၊ ပန်းချီဆွဲတတ် လာတာ၊ သွားတိုက်၊ ခေါင်းဖြီး ကိုယ်တိုင် လုပ်တတ်လာတာ စတာတွေ အဆင့်ဆင့် တတ်မြောက်လာမှာ ဖြစ်ပါတယ်။

Cognitive stages

Sensorimotor Stage
မွေးစကနေ အသက်နှစ်နှစ်ထိက Sensorimotor Stage ဖြစ်ပြီး ဒီအရွယ် မှာ အာရုံခံစားနိုင်မှု၊ အရာဝတ္တုတွေရဲ့ လှုပ်ရှားမှုတွေကို စပြီး သင်ယူနေပါပြီ။

Preoperational Stage
အသက်နှစ်နှစ်ကနေ ခုနစ်နှစ် အတွင်းက Preoperational Stage ဖြစ်ပြီး ဒီအရွယ်မှာ မှတ်ဉာဏ်ပိုင်းဆိုင် ရာမှာ မှတ်သားနိုင်စွမ်း၊ တီထွင်နိုင်စွမ်း တွေ မြင့်မားလာပါပြီ။

Concrete Operational Stage
အသက် ခုနစ်နှစ်ကနေ ဆယ့်တစ် နှစ်အတွင်း Concrete Operational Stage မှာတော့ ကလေးတွေဟာ သူ တို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ အပြင် တခြားသူတွေရဲ့ ခံစားချက်တွေ ကိုပါ နားလည်လာပါပြီ။

Formal Operational Stage
အသက် ဆယ့်တစ်နှစ်နဲ့အထက် Formal Operational Stage မှာတော့ ကလေးတွေက ပြဿနာတွေကို ဖြေရှင်း တတ်လာမယ်၊ လောကကြီးကို ကြည့် တတ်လာမယ်၊ ရှေ့ရေးအတွက် ပြင်ဆင် တတ်လာပါပြီ။

Cognitive skills

ကလေးတွေအတွက် အရေးကြီး တာကတော့ Cognitive skills ဖွံ့ဖြိုးဖို့ ပါ။ Cognitive skills မှာပါဝင်တာတွေ ကတော့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ အရေး၊ အဖတ်၊ မှတ် ဉာဏ်စွမ်းရည်၊ အာရုံစိုက်နိုင်စွမ်း၊ ပြဿ နာဖြေရှင်းနိုင်စွမ်း စတာတွေ ပါဝင်ပါ တယ်။
Cognitive skills တွေက က လေးတစ်ဦးနဲ့ တစ်ဦးမတူပါဘူး၊ အား သာချက်၊ အားနည်းချက်တွေ ကွာနိုင်ပါ တယ်။ သတင်းကောင်းကတော့ Cognitive skills တွေက ပုံသေမရှိပါဘူး၊ ဆို လိုတာက အားနည်းတဲ့အပိုင်းတွေရှိရင် အားနည်းတဲ့ နေရာတွေမှာ ပိုကြိုးစား လိုက်ရင် ကောင်းလာနိုင်တယ်ဆိုတဲ့ သဘောပါ။

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *