ကလေးမရနိုင်သည့် အမျိုးသားများ စောစောသေဆုံးနိုင်ခြေ များနိုင်

ကလေးမရနိုင်တဲ့အမျိုးသားတချို့ စောစောသေဆုံးနိုင်ခြေ များနိုင်တယ်လို့ လေ့လာချက်အသစ်က ဆိုလိုက်ပါတယ်။ သုက် ထဲမှာ သုက်ကောင်မရှိလို့ ကလေးမရတဲ့အမျိုးသားတွေဟာ ပျမ်းမျှအသက် ၄၈ ဒသမ ၈ နှစ်မှာ သေဆုံးနိုင်ခြေရှိနေတယ်လို့ ဒိန်းမတ်အမျိုးသားပေါင်း ၅၀၀၀၀ ကျော်ကို ၂၀၀၆ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ လေ့လာထားတဲ့လေ့လာချက်က ဆိုပါတယ်။ အမျိုးသားတွေ မျိုးမအောင်တာကို လွန်ခဲ့တဲ့သုံးလေးနှစ် လောက်ကတော့ တစ်အုပ်စုတည်း သတ်မှတ်ပေမယ့် နောက်ပိုင်း မှာတော့ မျိုးမအောင်တာကို အုပ်စုသုံးစုခွဲသတ်မှတ်လိုက်ပါ တယ်။ သုက်ထဲမှာ သုက်ပိုးမရှိလို့မျိုးမအောင်တဲ့ အုပ်စုက တ ခြားအုပ်စုက အမျိုးသားတွေထက် စောစောသေဆုံးနိုင်ခြေ များတာပါ။ ဘာကြောင့် အသေစောနိုင်တယ်ဆိုတာကို မသိရပေ မယ့် မျိုးဗီဇအခံရှိလို့ဖြစ်နိုင်တယ်လို့ ဒေါက်တာ ဂလာဇာက ခန့် မှန်းပါတယ်။

◘ (DM, 11.10.18) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *