ကလေးမရနိုင်သည့်အမျိုးသားများ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ သုံးဆများ

ကလေးမရနိုင်တဲ့ အမျိုးသားတွေဟာ ပြင်းထန်တဲ့ဆီး ကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါသတဲ့။ သဘာဝနည်းနဲ့ ဖြစ် စေ၊ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ဖြစ်စေ ကလေးမရနိုင်တဲ့ အမျိုးသားတွေဟာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၄၇ ရာခိုင်နှုန်းပိုများပြီး အသက် ၅၀ အောက် အမျိုးသားတွေဟာဆိုရင်တော့ အဲဒီကင်ဆာ ဖြစ်နိုင်ခြေ သုံးဆ အထိ ပိုများနေနိုင်တာပါ။ ဆီးကျိတ်ကင်ဆာဖြစ်မှန်း လူက မသိ ပေမယ့် အဲဒီကင်ဆာကြောင့် မျိုးမအောင်နိုင်တာမျိုး ဖြစ်နိုင် ပါတယ်။ ကျားဟော်မုန်းပမာဏ နည်းတာကလည်း မျိုးမအောင် စေနိုင်၊ ဆီးကျိတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အသက် ၅၀ အောက်ကလေးအဖေတွေမှာဆိုရင်တော့ အယောက် ၁၀၀၀ တိုင်း မှာ တစ်ယောက်ပဲ ဒီကင်ဆာဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ၃၅ ရာခိုင်နှုန်းလောက်က မျိုးအောင်နိုင်ခြေနည်းပြီး နှစ်ရာခိုင် နှုန်းကတော့ ကလေးမရနိုင်ကြပါဘူး။

◘ (DM,4.7.18) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *