ရဲယိုသီးကိုအရေပြားနဲ့ဆံပင်ပြဿနာတွေအတွက် ဘယ်လိုသုံးမလဲ ?

ရဲယိုသီးက ပုံပန်းသဏ္ဌာန်အားဖြင့် လည်း မလှပသလို အနံ့ အရသာကလည်း ဆွဲဆောင်မှု မရှိပြန်ပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ များစွာ ရှိပါ တယ်။ အဘိုးအဘွားတွေ လက်ထက်က တည်းက ဆေးဖက်ဝင်တဲ့ရဲယိုသီးကို သုံး စွဲခဲ့ကြပါတယ်။ ကျန်းမာရေးကောင်းကျိုး တွေအပြင် အရေပြားနဲ့ဆံပင်ပြဿနာ တွေကိုလည်း ဖြေရှင်းနိုင်ပါတယ်။

အရေပြားပြဿနာတွေကို ကုသနိုင်တယ်
ရဲယိုသီးထဲမှာ အရေပြားအတွက် အ ထောက်အကူပြုတဲ့ ဗီတာမင် စီ များစွာ ပါဝင်ပါတယ်။ နေ့စဉ် ရဲယိုသီးဖျော်ရည် သောက် ပေးပါက ၀က်ခြံ၊ မှဲ့ခြောက်၊ အ မည်းစက်၊ အရေပြားကြမ်းတာ၊ ခြောက် သွေ့တာ စတာတွေ ကင်းစင်ပြီး လှပနေ စေပါတယ်။

အရွယ်အိုမင်းမှုကို လျော့နည်းစေတယ်
ရဲယိုသီးထဲမှာ အင်တီအောက်ဆီး ဒင့်တွေ များစွာပါဝင်လို့ ဆဲလ်တွေ၊ တစ် သျှူးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဓာတ် တိုးပစ္စည်းတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု တွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာ ကွယ်ပေးပါတယ်။ ဆီလီနီယမ်လည်း ပါ ၀င်တာကြောင့် အိုမင်းမှုကို တားဆီးပေး လို့ အရွယ်တင်နုပျိုစေပါတယ်။

ဓာတ်မတည့်မှုတွေကို တားဆီးပေးတယ်
ရဲယိုသီးက ဟစ်စတာမင်းထွက်ရှိတာ ကို တားဆီးပေးပါတယ်။ ဟစ်စတာမင်းက ခန္ဓာကိုယ်မှာ ဓာတ်မတည့်မှုတွေဖြစ်တဲ့ အခါ ထွက်လာပြီး အရေပြားနီရဲတာ၊ ယားယံတာ၊ အဖုအပိမ့်ထွက်တာတွေ ဖြစ် စေပါတယ်။ အရေပြားရောင်ရမ်းစေတဲ့ ၀က်ခြံ၊ ရေယုန်၊ အပူလောင်ဖုနဲ့ နေ လောင်တာတွေအတွက်လည်း ရဲယိုသီး အရည်ကို အရေပြားပေါ် လိမ်းပေးနိုင် ပါတယ်။

ဝက်ခြံနဲ့ အမည်းစက်တွေကို ကုသနိုင် တယ်
ရဲယိုသီးမှာ အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ဗီတာမင် စီများစွာပါဝင်ပြီး ရောင်ရမ်း မှုလျော့နည်းစေတဲ့ အာနိသင်၊ ဘက်တီး ရီးယား ပိုးသတ်အာနိသင်နဲ့ ဗိုင်းရပ်စ်ပိုး သတ်အာနိသင်တွေ များစွာ ရှိပါတယ်။ လေ့လာမှုတွေအရ ရဲယိုသီးကို မျက်နှာ ပေါ်လိမ်းပေးပါက ၀က်ခြံနဲ့ အမည်းစက် တွေ လျော့ပါးသက်သာစေပါတယ်။

ဆံပင်ကျွတ်တာကို သက်သာစေတယ်
အသက်ကြီးလာတာ၊ မျိုးရိုးရှိတာ၊ အာဟာရချို့တဲ့တာနဲ့ ဦးရေပြားပြဿနာ တွေကြောင့် ဆံပင်ကျွတ်တာဖြစ်တတ်ပါ တယ်။ ရဲယိုသီးဖျော်ရည်က ခန္ဓာကိုယ်ခုခံ အားကို ကောင်းစေပြီး ဆံပင်ကျွတ်တာ သက်သာစေပါတယ်။ ဦးရေပြားသွေးလှည့် ပတ်မှုကောင်းစေလို့ အာဟာရဓာတ်တွေ ဆံပင်အရင်းထိ ရောက်ရှိစေပါတယ်။

သန်းနဲ့ ဗောက် ဖြစ်တာအတွက် ကုသနိုင် တယ်
ဦးရေပြားမှာ ပိုးဝင်တာကြောင့် သန်းတွယ်တာ၊ ဗောက်ထတာတွေ ဖြစ်နိုင် ပါတယ်။ ရဲယိုသီးက ပိုးသတ်အာနိသင်နဲ့ ဗိုင်းရပ်စ်ပိုးသတ်အာနိသင်တွေရှိလို့ သန်းနဲ့ ဗောက်တွေကို ဖယ်ရှားရှင်းလင်း နိုင်ပါတယ်။

◘ နန်းသီရီ(ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *