ကိုယ်ဝန်ဆောင်ကာလအတွင်း ဆောင်ရန်နှင့် ရှောင်ရန်များ အပိုင်း(၁)

♦ အောက်ဖော်ပြပါတွေက ကိုယ်ဝန် ဆောင်ထားချိန်မှာ ရှောင်သင့်တဲ့ အရာတွေပါ။

၁။ အသားစိမ်း၊ ငါးစိမ်း၊ မကျိုချက် ထားတဲ့ နွားနို့နဲ့ ဆီကြော်စာတွေကို မစားပါနဲ့။
♦ ဒီအစားအစာတွေမှာ သင့်ကို ဒုက္ခပေးနိုင်တဲ့ ပိုးမွှားတွေပါဝင်နိုင်တာကြောင့် သင်နဲ့ သင့်သန္ဓေသား ကျန်းမာရေး အတွက် မကောင်းပါဘူး။ ဒါ့အပြင် အဝလွန်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို လည်း အစိမ်းအတိုင်းစားမယ်ဆိုရင် မစားခင် ရေနဲ့ စင်ကြယ်အောင် ဆေး ကြောရပါမယ်။

၂။ မွေးကင်းစကလေးနေမယ့်အခန်းကို ဆေးမသုတ်ပါနဲ့။
♦ အိမ်သုတ်ဆေးတွေမှာပါဝင်တဲ့ ဓာ တုပစ္စည်းတွေ အဆိပ်အတောက် တွေပါဝင်တာကြောင့် ကလေးအတွက် အန္တရာယ်ရှိပါတယ်။ ဆေးသုတ်ချင် တယ်ဆိုရင်တော့ သဘာဝအရောင်ကိုသာ အသုံးပြုပြီး အဲဒီအခန်းက လေဝင်လေ ထွက် ကောင်းမွန်ရပါမယ်။

၃။ ကဖင်းကို အလွန်အကျွံ မသောက် ပါနဲ့။
♦ ကဖင်းက သွေးဖိအားနဲ့ နှလုံးခုန် နှုန်းကို မြင့်တက်စေနိုင်ပြီး ခဏခဏ ဆီးသွားစေနိုင်ပါတယ်။ ဒါ့အပြင် က ဖင်းက အချင်းကတစ်ဆင့် သန္ဓေသား ဆီရောက်ရှိသွားကာ ပေါင်မပြည့် ကလေးနဲ့ မွေးရာပါချို့ယွင်းချက်ပါတဲ့ ကလေးကို မွေးဖွားနိုင်ပါတယ်။

၄။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေး ဝါး မမှီဝဲပါနဲ့။
♦ တချို့ဆေးဝါးတွေက ကိုယ်ဝန် ဆောင်တွေအတွက် သောက်ရမယ့်ပမာ ဏ ရှိတာမို့ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရရင်တောင် ဆရာဝန်ညွှန်ကြား ချက်နဲ့သာ သောက်ရပါမယ်။

၅။ ဒေါက်မြင့်ဖိနပ် မစီးပါနဲ့။
♦ ဒေါက်မြင့်ဖိနပ်ကြောင့် ခန္ဓာကိုယ် ဟန်ချက်ပြောင်းသွားတဲ့အတွက် ကြွက် သားပျက်စီးကာ ခါးနာတာနဲ့ ဆီးစပ်နာ တာတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ခြေ ထောက် အမ်းနေရင် ခြေညှပ်ဖိနပ်ကို စီးပါ။

၆။ ခွေး၊ ကြောင် စွန့်တဲ့ အညစ်အကြေး ခွက်ကို မလဲလှယ်ပေးပါနဲ့။
♦ ခွေး၊ ကြောင်တွေရဲ့ မစင်မှာ ပါဝင် လာတဲ့ ကပ်ပါးပိုးကောင်တွေကြောင့် ရောဂါရရှိနိုင်ပါတယ်။ လက်အိတ်ဝတ်ပြီး လဲလှယ်ပေးရင်တောင် အညစ်အကြေး ခွက်ကို ကိုင်ပြီးပြီးချင်း လက်ကိုစင်ကြယ် အောင် ဆေးကြောရပါမယ်။

၇။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို မရှူပါနဲ့။
♦ ဒီလိုရှူတာက ကင်ဆာရောဂါ၊ လမစေ့ကလေးမွေးတာ၊ ကိုယ်ဝန်ပျက်တာ၊ ပေါင်မပြည့်ကလေးမွေးတာ၊ ကလေး အသေမွေးတာတွေ ဖြစ်တတ်ပြီး ကလေး ကြီးလာရင်လည်း စာသင်ကြားရခက်ခဲ တာဒါမှမဟုတ် အပြုအမူပိုင်းဆိုင်ရာ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။

၈။ ဝိုင်နဲ့ဘီယာအပါအဝင် ဘာအရက်မှ မသောက်ပါနဲ့။
♦ အယ်လ်ကိုဟောက အချင်းမှတစ်ဆင့် ကလေးဆီရောက်သွားပြီး သူရဲ့ ဖွံ့ဖြိုးဆဲ ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါ တွေကို ထိခိုက်နိုင်ပါတယ်။ အရက်ကို ပုံမှန်သောက်တာက လမစေ့ကလေးမွေး ဖွားတာ၊ ဦးနှောက်ပျက်တာ၊ ကိုယ်ဝန် ပျက်တာ၊ အသေမွေးတာတွေ ဖြစ်လာပြီး မွေးလာတဲ့ ကလေးကလည်း ကျန်းမာရေး အလွန်ဆိုးရွားနိုင်ပါတယ်။

၉။ တစ်နေရာတည်း အချိန်အကြာကြီး ထိုင်တာ ဒါမှမဟုတ် မတ်တတ်ရပ်တာ မပြုလုပ်ပါနဲ့။
♦ တစ်နေရာတည်းမှာ အကြာကြီးနေတာက ခြေချင်းဝတ်နဲ့ သွေးကြော နာ ကျင်ထိခိုက်နိုင်ပါတယ်။ ထိုင်နေရင် ခွေးခြေပေါ် ခြေထောက်တင်ထားတာ၊ နေရာက မကြာခဏ ထပြီးလမ်းလျှောက် တာမျိုးတွေကို ပြုလုပ်ပေးပါ။

၁၀။ စာအုပ်၊ မဂ္ဂဇင်းနဲ့ အွန်လိုင်းပေါ်က အငြင်းပွားဖွယ် အယူအဆတွေကို မလိုက်နာပါနဲ့။
♦ သင်သိထား၊ ဖတ်ထားတဲ့ ကျန်းမာရေး ဗဟုသုတတွေကို ယုံကြည်စွာ လိုက်နာပါ။ သင်သိထားတာတွေက သင့်အတွက် သံသာယဖြစ်နေရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

၁၁။ မူးယစ်ဆေးဝါးကို မသုံးစွဲပါနဲ့။
♦ ဒီဆေးတွေက ပေါင်မပြည့်ကလေး မွေးတာ၊ မွေးလာတဲ့ကလေးမှာ အာရုံကြောနဲ့ အပြုအမူဆိုင်ရာ ဖွံ့ဖြိုးမှုအား နည်းတာ၊ မွေးရာပါချို့ယွင်းချက်ပါလာ တာတွေ ဖြစ်တတ်ပါတယ်။

၁၂။ အိမ်မြှောင်၊ လိပ်နဲ့ မြွေတို့လိုမျိုး တွားသွားသတ္တဝါတွေကို မထိမတွေ့ပါနဲ့။
♦ သူတို့တွေရဲ့မစင်မှာ ဆယ်လ်မိုနဲ လားတွေပါဝင်တာကြောင့် သင့်အတွက် အန္တရာယ်များပါတယ်။

၁၃။ မွှား အကိုက်မခံရအောင် ဂရုစိုက်ပါ။
♦ ဒီအကောင်တွေ အကိုက်ခံရရင် Lyme ရောဂါ ရရှိနိုင်ပါတယ်။ ဒီရောဂါ က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သွားအရောင်ပြောင်းလဲတာက တစ်သက် လုံးဖြစ်သွားပြီး သန္ဓေသားမှာ အရိုးတည် ဆောက်ပုံ ချို့ယွင်းနိုင်ပါတယ်။

၁၄။ ကျိုချက်မထားတဲ့နွားနို့ထုတ်ကုန်နဲ့ ပြုလုပ်ထားတဲ့အစားအစာ ဒါမှမဟုတ် သေချာ မကျက်သေးတဲ့အသားဟင်းတွေကို မစားသုံးပါနဲ့။
♦ ဒီအစားအစာတွေမှာ သင်နဲ့သင့်ရင် သွေးကို ရောဂါအများအပြား ဖြစ်စေနိုင် တဲ့ ဒုက္ခပေးနိုင်တဲ့ လစ်စတီးရီးယား ဗက်တီးရီးယားတွေပါဝင်နိုင်ပါတယ်။

၁၅။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဗီတာမင် A အားဖြည့်ဆေးကိုမမှီဝဲပါနဲ့။
♦ ကိုယ်တွင်းမှာ ဗီတာမင် A ပမာဏ များလွန်းတာက ကလေးမှာ မွေးရာပါ ချို့ယွင်းချက် ပါလာတတ်ပါတယ်။

၁၆။ မိုက်ခရိုဝေ့ဖ်အနီး မနေပါနဲ့။
♦ သူ့ဆီက ထွက်လာတဲ့ ဓာတ်ရောင် ခြည်တွေနဲ့ များစွာထိတွေ့မိရင် ကိုယ် တွင်းမှာ အပူဓာတ် ထွက်လာနိုင်ပြီး သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက် နိုင်ပါတယ်။ ပျက်စီးနေတဲ့ မိုက်ခရိုဝေ့ဖ် ကလည်း ဓာတ်ရောင်ခြည်စွမ်းအင်တွေ အများကြီး စိမ့်ထွက်နိုင်တာကြောင့် အန္တရာယ်ရှိပါတယ်။

၁၇။ ဓာတ်မှန်ရိုက်တာ အထူးသဖြင့် ဝမ်းဗိုက်ဓာတ်မှန်ရိုက်တာကို ရှောင်ကြဉ်ပါ။
♦ မွေးရာပါ ချို့ယွင်းချက်ပါလာတာနဲ့ ကလေးကြီးလာရင် သွေးကင်ဆာနဲ့ တခြားကင်ဆာဖြစ်တွေ ဖြစ်လာနိုင်ပါတယ်။

၁၈။ ဖုန်းတာဝါတိုင်၊ ရေဒီယို Station၊ အသံလွှင့်ရုံနဲ့ Transformer လို မျိုး High voltage power line တွေကို ဝေးဝေးကရှောင်ပါ။
♦ သူတို့ကထွက်လာတဲ့ ဓာတ်ရောင် ခြည်တွေက သားပျက်သားလျှောဖြစ်တာ၊ မွေးရာပါချို့ယွင်းချက်ပါလာတာနဲ့ မျိုး ရိုးဗီဇ ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။

၁၉။ လျှပ်စစ်စောင်ကို အသုံးမပြုပါနဲ့။
♦ ဓာတ်စက်ကွင်းပါဝင်တာကြောင့် သန္ဓေသား ဖွံ့ဖြိုးဖို့အတွက် အန္တရာယ် ရှိပါတယ်။ စောင်ရဲ့အပူချိန် လွန်ကဲလာ ရင် ကိုယ်တွင်းအပူချိန်မြင့်မားနိုင်ပါတယ်။

၂၀။ ဘုံဘိုင်ကကျလာတဲ့ရေကို မ သောက်ပါနဲ့။
♦ အထူးသဖြင့် ကိုယ်ဝန်စောစောပိုင်း ကာလတွေမှာ မသောက်သင့်ပါ။ ရေကို ကျိုချက်ပြီးမှသာ သောက်ပါ။

၂၁။ အလုပ်အတွင်း စိတ်ဖိစီးမှုဒဏ် မခံပါနဲ့။
♦ စိတ်ဖိစီးမှုကြောင့် ခုခံအားစနစ် ကျဆင်းပြီး ရောဂါအလွယ်တကူ ရရှိနိုင်ကာ လမစေ့ကလေးမွေးဖွားနိုင်ပါတယ်။

၂၂။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးတွေနဲ့ မထိတွေ့မိပါစေနဲ့။
♦ သူတို့ကြောင့် သားပျက်သားလျှော တာ၊ လမစေ့ကလေးမွေးတာ အပါအဝင် သန္ဓေသားကို မျိုးစုံထိခိုက်နိုင်ပါတယ်။

၂၃။ အိမ်သုတ်ဆေး၊ သန့်ရှင်းရေး သုံးပစ္စည်း၊ ကြမ်းတိုက်ပေါလစ်တွေက နေထွက်လာတဲ့ အနံ့အသက်တွေကို ရှောင်ပါ။
♦ ဒီအငွေ့အသက်တွေကိုရှူမိရင် သားပျက်သားလျှောဖြစ်တာ ဒါမှမဟုတ် မွေးရာပါချို့ယွင်းချက်နဲ့ မွေးတာက ဖြစ် နိုင်ခြေ အလွန်များပြားပါတယ်။

၂၄။ သင့်ခန္ဓာကိုယ် အပူချိန်က ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ထက် မမြင့်မားရပါ။
♦ ကိုယ်အပူချိန်မြင့်မားလွန်းတာက ဖွံ့ဖြိုးဆဲ သန္ဓေသားအတွက် အန္တရာယ် အလွန်များလှပါတယ်။

၂၅။ ရေယုန်မပေါက်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။
♦ ရေယုန်ရောဂါရရှိတာက ကလေး မွေးဖွားနေစဉ်မှာ ကလေးအတွက် ပြင်း ထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရရှိနိုင်ပါတယ်။
♦ ကိုယ်ဝန် ပထမသုံးပတ်မှာ ရေယုန် ပေါက်ရင်လည်း သားပျက်သားလျှော ဖြစ်လာနိုင်ပါတယ်။

♦♦ ဆက်လက်ဖော်ပြပါမည် ♦♦

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal