ကိုယ်ဝန်ဆောင်ချိန် လေပွနေလျှင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပရိုဂျက်စတုန်းတွေများလာပါတယ်။ ဒီ ဟော်မုန်းက ကြွက်သားတွေကိုပြေလျော့ စေပါတယ်။ အူရဲ့ကြွက်သားတွေကိုပါ ပြေလျော့စေတော့ အစာချေဖျက်မှုကို နှေးသွားစေပါတယ်။ အဲဒီအခါ အူထဲမှာ လေတွေစုမိလာပြီး လေပွတာ၊ ဗိုက်နာတာ တွေဖြစ်လာတတ်ပါတယ်။ ကလေးက ဗိုက်ထဲမှာ တဖြည်းဖြည်းကြီးလာတဲ့အခါ မှာလည်း ဖိမိတာကြောင့် အစာခြေစနစ် ကတဖြည်းဖြည်းနှေးကွေးလာပါတယ်။ တချို့ ကိုယ်ဝန်ဆောင်အားဆေးတွေ ကြောင့်လည်း လေပွတာပိုဆိုးစေပါတယ်။

ရေများများသောက်ပါ
ကိုယ်ဝန်ရှိချိန်ပဲဖြစ်ဖြစ် သာမန်အ ချိန်မှာပဲဖြစ်ဖြစ် ရေများများသောက်သင့် ပါတယ်။ အမျိုးသမီးတစ်ယောက် တစ် နေ့ကို ရေ ၂ လီတာသောက်ပါက အစာချေ ဖျက်မှုဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ရေများများသောက် တာကြောင့် လေပွတာကို သက်သာစေ တဲ့အပြင် ၀မ်းချုပ်တာမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

လေပွစေတဲ့အစာတွေ ရှောင်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာပဲကြီး၊ အာ လူး၊ ဂျုံ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတဲ့ လေပွစေတဲ့အစာတွေ စားသုံးတာကို ရှောင်ပါ။

အမျှင်ဓာတ်များတဲ့အစာ စားပါ
ရေသောက်တာအပြင် အမျှင်ဓာတ် များတဲ့အစာတွေ စားပေးဖို့လည်း လိုပါ တယ်။ အစာချေဖျက်မှုကို ကောင်းမွန် စေပြီး လေတွေစုမိတာမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။

လှုပ်လှုပ်ရှားရှားနေထိုင်ပါ
လှုပ်ရှားမှုမရှိပါက အစာချေဖျက်မှု ဖြစ်စဉ်လည်း နှေးသွားစေလို့ လေတွေ ပိုမိုစုမိစေပါတယ်။ လှုပ်လှုပ်ရှားရှားနဲ့ သင့်တော်ရာ အားကစားလုပ်ဆောင် တာကြောင့် လေပွတာအပြင် ကိုယ်ဝန် ဆောင်ချိန်မှာ သွေးတိုးတာ၊ သွေးတွင်း သကြားဓာတ်များတာနဲ့ ကိုယ်အလေး ချိန်တာတွေမဖြစ်အောင် ကာကွယ်နိုင် ပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *