ကိုယ်ဝန်ဆောင်ချိန်တွင် ဖောလစ်အက်စစ် သောက်သုံးပေးပါက ကလေးကို အော်တစ်ဇင်မဖြစ်ရန် ကာကွယ်ပေးနိုင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ် အက်စစ်ပါတဲ့ အစားအစာ ဒါမှမဟုတ် ဖြည့်စွက်ဆေးဝါးသောက်သုံးပေးရင် မွေးလာတဲ့က လေး စိတ်ကျန်းမာရေးချို့တဲ့နိုင်ခြေနည်းပါသတဲ့။ အမေရိကန် ကျန်းမာရေးဌာနဟာ ဂျုံအပါအ၀င် နှံစားသီးနှံတွေကို ဖောလစ် အက်စစ်ဖြည့်တင်းပေးလိုက်ပြီး အဲဒီလုပ်ငန်းစဉ်ဟာ ၁၉၉၈ ခု နှစ် ဇူလိုင်လမှာ ပြီးသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမွေးလာတဲ့ ကလေးတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သူတို့တွေဟာ မွေးရာပါ ကျောရိုးအမြှေးကျွံရောဂါဖြစ်နိုင်ခြေနည်းတာ တွေ့ရ ပါသတဲ့။ အဲဒီဗီတာမင်ဟာ အော်တစ်ဇင်နဲ့ စိတ်ကစဥ့်ကလျား ရောဂါအပါအ၀င် စိတ်ကျန်းမာရေးချို့ယွင်းမှုတွေ မဖြစ်အောင် လည်း ကာကွယ်ပေးနိုင်သေးတယ်လို့ သုတေသနတွေက ဆိုပါ တယ်။ စီမံချက်ကာလနောက်ပိုင်း မွေးတဲ့ကလေးတွေဟာ သန္ဓေ သားဘ၀မှာ ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းခဲ့ကြတယ်လို့ သုတေ သီတွေက ဆိုပါတယ်။ ကလေးမွေးနိုင်တဲ့အရွယ် အမျိုးသမီးတွေ အခုလေ့လာချက်ရလဒ်ကြောင့် ဖောလစ်အက်စစ်ကို မဖြစ်မ နေ စားသုံး၊ သောက်သုံးလာကြလိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

◘ (DM,4.7.18) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *