ကိုယ်ဝန်ဆောင်ကာလမှာ ရင်ပူနေရင်

ရင်ပူတဲ့ဝေဒနာဟာ အမျိုးသမီးတွေ အတွက် ကိုယ်ဝန်ဆောင်ကာလမှာ အဖြစ်များတဲ့ပြဿနာပါ။ အထူးသဖြင့် ကိုယ်ဝန် ဒုတိယနဲ့ တတိယပတ် သုံးလ တာကာလအတွင်းမှာ ဖြစ်ပွားတတ်ပါ တယ်။ အစာမျိုပြွန်အောက်ပိုင်းမှာရှိတဲ့ အဆို့ရှင်က မလုံတော့ရင် အစာအိမ်ထဲက အက်စစ်တွေက အစာမျိုပြွန်ထဲကို ပြန် ဆန်တက်သွားတဲ့အခါမှာ ရင်ပူတဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ရင်ပူနာ ဖြစ်တာက အောက်ပါအကြောင်းနှစ်ချက် ကြောင့်ပါ။
♦ ပထမတစ်ချက်ကတော့ ကိုယ်ဝန် ဆောင်ကာလမှာ ထွက်တဲ့ဟော်မုန်းတွေ က အစာခြေစနစ်ကို နှေးကွေးစေနိုင်တဲ့ အတွက် အစာတွေက အစာအိမ်ထဲမှာ ကြာရှည်စွာ နေရတာကြောင့် အက်စစ် တွေ ပိုမိုထွက်ရှိလာတဲ့အတွက်ပါ။
♦ ဒုတိယအချက်ကတော့ သားအိမ် ထဲမှာ ကြီးထွားနေတဲ့ သန္ဓေသားငယ်က အစာအိမ်နဲ့ အစာမျိုပြွန်အဆို့ရှင်ပေါ်မှာ ဖိအားပေးတာကြောင့် အစာအိမ်ထဲက အက်စစ်တွေက အစာမျိုပြွန်ဘက်ကို တွန်းထွက်လာတဲ့အတွက်ကြောင့်ပါ။
ကိုယ်ဝန်ဆောင်တာက သန္ဓေသား တစ်ဦးထက်ပိုနေရင် (ဥပမာ အမြွှာပူး၊ သုံးမြွှာပူး)၊ သန္ဓေသားရဲ့ အရွယ်အစားက ပုံမှန်ထက် ကြီးနေရင်၊ မွေးခါနီးမှာ သန္ဓေသားအနေအထားက ဦးခေါင်းအောက် သို့ မစိုက်ဘဲ တင်ပဆုံကသာ မွေးလမ်း ကြောင်းနေရာမှာ ရှိနေရင် ရင်ပူတဲ့ဝေဒ နာဖြစ်နိုင်ခြေပိုများပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ရင်ပူနာ ဖြစ်တာက မိခင်မှာ အန္တရာယ်မရှိသလို မွေးဖွားလာမယ့်ကလေးအတွက်လည်း ဘာကျန်းမာရေးပြဿနာမှ မရှိပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ ဆေးဝါးတွေ ကို အသုံးမပြုသင့်တာကြောင့် ရင်ပူနာ ဝေဒနာကို ဖြေရှင်းနိုင်ဖို့အတွက် အောက် ပါ အိမ်တွင်းကုထုံးတွေကို အသုံးပြုပါ။

ချင်းအသုံးပြုပါ

ချင်းဟာ ကိုယ်ဝန်ဆောင်ကာလမှာ ရင်ပူနာဖြစ်တာအတွက် အလွန်အသုံးဝင် ပါတယ်။ သူ့မှာပါဝင်တဲ့ ဖီနောနဲ့ ဗိုလက် တိုင်းဒြပ်ပေါင်းတွေက အစာအိမ်အက် စစ်ရဲ့ ပြင်းအားကို လျော့ကျစေတဲ့အ တွက် ရင်ပူနာသက်သာနိုင်ပါတယ်။ ဒါ့ အပြင် သူက ပျို့တာအန်တာအတွက် လည်း အလွန်အသုံးဝင်ပါတယ်။
♦ အစာစားပြီးတိုင်း ချင်းဖျော်ရည် နွေးနွေးလေးကို သောက်ပေးပါ။
♦ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ချင်း မှုန့်ကို ရေနွေးတစ်ဖန်ခွက်ထဲ ၁၀ မိနစ် ခန့်စိမ်ပြီး ပူပူနွေးနွေးလေး သောက်နိုင်ပါ တယ်။
သတိပြုရန် ။ ။ ချင်းဟာ သားအိမ်ညှစ် အားရရှိစေနိုင်တာမို့ အသင့်အတင့်သာ အသုံးပြုပါ။

ပန်းသီးရှလကာရည်အသုံးပြုပါ

ရှလကာရည်မှာပါဝင်တဲ့ အက်စစ် ဓာတ်တွေက အစာအိမ်ကအက်စစ်ဓာတ် ထုတ်လုပ်မှုကို လျော့နည်းစေတဲ့အတွက် ရင်ပူနာသက်သာစေနိုင်ပါတယ်။ ဒါ့အ ပြင် ရှလကာရည်မှာ မိခင်ရော ကလေး ပါ အကျိုးရှိစေမယ့် အာဟာရဓာတ် များ စွာပါဝင်ပါတယ်။
♦ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ဒါမှမ ဟုတ် နှစ်ဇွန်းစာ ပန်းသီးရှလကာရည်ကို ရေနွေးတစ်ဖန်ခွက်နဲ့ရောပြီး အစာမစား ခင် မိနစ် ၃၀ အလိုမှာ သောက်ပေးပါ။

ရေများများသောက်ပါ

ကိုယ်ဝန်ဆောင်ကာလမှာ ရေဓာတ် ပြည့်ဝနေပါမှ အစာခြေစနစ်ကောင်း မွန်နိုင်ပြီး ရင်ပူနာလည်း သက်သာသွား နိုင်ပါတယ်။ ရေများများသောက်ရမယ် ဆိုပေမဲ့ တစ်ထိုင်တည်းနဲ့ ရေအများကြီး မသောက်ပါနဲ့။ အဲဒီလိုသောက်တာက ကလေးငယ်ရဲ့ အရွယ်ပမာဏကို ကြီး ထွားစေလာပြီး အစာအိမ်ကို အထက်သို့ တွန်းတင်လိုက်သလို ဖြစ်သွားတာကြောင့် ရင်ပူဝေဒနာ ပိုမိုဆိုးရွားနိုင်ပါတယ်။
♦ တစ်နေ့တာလုံးအတွက် ရေနည်း နည်းစီကို ခဏခဏသောက်ပေးပါ။ အစာ စားပြီး ရေသောက်မယ့်အစား အစာတစ် ကြိမ်နဲ့တစ်ခုကြားမှာ ရေသောက်ပါ။
♦ ရေအပြင် စွပ်ပြုတ်၊ ဆန်ပြုတ်၊ ဒိန် ချဉ်၊ ပူတင်း၊ နို့ဖျော်ရည်တွေကို သောက် သုံးနိုင်ပါတယ်။ အရည်အစားအစာတွေ က အဖတ်စာထက် အစာအိမ်ကနေ ထွက်သွားနှုန်း မြန်ဆန်တာကြောင့်ပါ။

ပီကေ၀ါးပါ

အစာကြီးစားအပြီး သကြားမပါတဲ့ ပီကေ၀ါးတာက ကိုယ်ဝန်ဆောင်ကာလ မှာဖြစ်တဲ့ ရင်ပူနာကို ကုသပေးနိုင်ပါ တယ်။ ပီကေက တံတွေးထွက်နှုန်းကို များပြားစေတဲ့အတွက် အစာမျိုပြွန်မှ ဆန်တက်လာတဲ့အက်စစ်ဓာတ်တွေကို အားပျော့သွားတဲ့အတွက်ကြောင့်ပါ။

တစ်ကြိမ်ကို ပမာဏနည်းနည်းနဲ့ မကြာခဏ အစာစားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ တချို့အစား အစာတွေကို စားချင်စိတ်ပြင်းပြနိုင်တဲ့ အတွက် သင်ဟာ ခါတိုင်းထက်ပိုမိုပြီး အစားအစာကို စားသုံးတတ်ပါတယ်။ ရင်ပူနာဖြစ်တဲ့လူတစ်ယောက်အတွက် အစာအများကြီးစားတာက ရင်ပူနာဝေ ဒနာကို ပိုမိုဆိုးရွားနိုင်ပါတယ်။ တစ်နေ့ တာအတွက် အစာကြီး သုံးနပ်စားမယ့် အစား အစာသေး ခြောက်ကြိမ်စားပေးပါ။
♦ အစာကို အချိန်ယူပြီး သေချာဝါးစားပါ။
♦ အိပ်ရာမ၀င်ခင် ၂-၃ နာရီအလိုမှာ အစာကြီးမစားပါနဲ့။
♦ အစာစားပြီး ချက်ချင်း လှဲမအိပ်ပါနဲ့။
♦ အစာပမာဏနည်းနည်းနဲ့ မကြာ ခဏ စားပေးတာက ကိုယ်ဝန်ဆောင်ကာ လမှာ ပျို့အန်တာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

သင့်အိပ်ရာကို ဦးခေါင်းပိုင်း မြှင့်တင်ထားပါ

ရင်ပူနာဟာ ညအိပ်ချိန်မှာ ပိုမိုဆိုး ရွားတတ်တဲ့အတွက် အိပ်စက်မှုမှာ ပြဿနာဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ပတ် သက်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ် လာနိုင်ပါတယ်။
♦ သင် အိပ်စဉ်မှာ အိပ်ရာရဲ့ ဦးခေါင်း ပိုင်းကို မာကျောတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ နှစ်ပေခန့် မြှင့်တင်ထားပါ။ ခေါင်းအုံးမခု ပါနဲ့။ ခေါင်းအုံးခုတာက အစာအိမ်အပေါ် မှာ ဖိအားသက်ရောက်မှုရှိတဲ့အတွက် ရင်ပူနာ ပိုမိုဆိုးရွားနိုင်ပါတယ်။

ဘယ်ဘက်စောင်းအိပ်ပါ

ညဘက်မှာ ရင်ပူနာခံစားရတတ်တဲ့ ကိုယ်ဝန်သည်တွေအနေနဲ့ ညာဘက် စောင်းမအိပ်ပါနဲ့။ ညာဘက်စောင်းအိပ် တာဟာ အစာအိမ်အက်စစ်တွေက အစာ မျိုပြွန်အောက်ပိုင်းမှာရှိတဲ့ အဆို့ရှင်ပေါ် မှာ ဖုံးအုပ်သွားနိုင်တဲ့အတွက် အစာမျို ပြွန်မှာ အက်စစ်ဆန်တက်မှုတွေ ပိုမိုများ ပြားသွားနိုင်ပါတယ်။
ဘယ်ဘက်စောင်းအိပ်ပါ၊ ဒါမှမ ဟုတ် ပက်လက်အိပ်ပါ။
♦ ဘယ်ဘက် စောင်းအိပ်တာက အက်စစ်တွေ အစာမျိုပြွန်မှ ဆန်တက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
♦ ဘယ်ဘက်စောင်းအိပ်တာက အသည်းက သားအိမ်ပေါ်မှာ ဖိအား သက်ရောက်မှုမရှိအောင် ကာကွယ်နိုင် တဲ့အတွက် သန္ဓေသားအတွင်း သွေး လှည့်ပတ်မှု ကောင်းမွန်စေနိုင်ပါတယ်၊
♦ ခါးနာတဲ့ဝေဒနာလည်း သက်သာနိုင် ပြီး အိပ်စက်မှုကောင်းမွန်စေနိုင်ပါတယ်။

တချို့အစားအစာတွေကို ရှောင်ကြဉ်ပါ

ကိုယ်ဝန်ဆောင်ကာလမှာ ရင်ပူနာ ဒါမှမဟုတ် အစာမကြေဝေဒနာခံစားရသူ တွေအနေနဲ့ အက်စစ်ဓာတ်ဖြစ်အောင် ပိုမိုလှုံ့ဆော်နိုင်တဲ့ အချဉ်အရသာရှိတဲ့ သစ်သီး၊ ခရမ်းချဉ်သီး၊ အဆီများတဲ့အ စားအစာ၊ ဆီကြော်စာ၊ အစပ်စာ၊ ချောက လက်၊ ကော်ဖီ၊ ဂက်စ်ပါတဲ့ဖျော်ရည်တွေ နဲ့ အရက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

Tips!
♦ အလူမီနီယံပါဝင်တဲ့ လေဆေးတွေ ကို အသုံးမပြုပါနဲ့။ ၀မ်းချုပ်နိုင်ပြီး အသုံး ပြုတဲ့ပမာဏများလွန်းရင် အဆိပ်အ တောက်ဖြစ်နိုင်တာကြောင့်ပါ။
♦ ဗာဒံစေ့စားပေးတာက ရင်ပူဝေဒနာ သက်သာနိုင်ပါတယ်။
♦ အုန်းရည်က အက်စစ်ဓာတ်ကို အား ပျော့စေတဲ့အတွက် မကြာခဏအုန်းရည် သောက်ပေးပါ။
♦ ဒိန်ချဉ်နဲ့နို့အေးကို ပါဝင်အောင် စားပေးပါ။
♦ ကိုယ်ဝန်ဆောင်ကာလမှာ ဆေး လိပ်မသောက်ပါနဲ့။ အရက်မသောက်ပါနဲ့။
♦ လေ၀င်လေထွက်ကောင်းပြီး မိမိနဲ့ သက်သောင့်သက်သာရှိမယ့်အ၀တ်အ စားမျိုးကို ၀တ်ပါ။ တင်းကျပ်လွန်းတဲ့အ ၀တ်တွေကို ၀တ်တာက အစာအိမ်ပေါ်မှာ ဖိအားသက်ရောက်မှုရှိနိုင်တဲ့အတွက် ရင်ပူနာဝေဒနာခံစားရနိုင်ပါတယ်။
♦ ဆရာဝန်ရဲ့ ရက်ချိန်းအတိုင်း ပုံမှန် ပြပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *