ကိုယ်ခံအားနည်းနေသော လက္ခဏာရပ်များနှင့်ကိုယ်ခံအားကောင်းအောင်လုပ်နည်းများ

ကျန်းမာရေးကောင်းပြီး ဒေါင်ဒေါင် မြည်ဖို့ဆိုတာ ကိုယ်ခံအားလည်း ကောင်း နေရပါမယ်။ ဝင်လာသမျှရောဂါပိုးတွေ တိုက်ထုတ်ဖို့က ကိုယ်ခံအားစနစ်ရဲ့ အဓိ ကတာဝန်ပါ။ ကိုယ်ခံအားနည်းတာနဲ့ ရောဂါတစ်ခုပြီးတစ်ခု ဝင်လာပါလိမ့်မယ်။ ကိုယ်ခံအားလျော့နည်းနေတတ်တဲ့ လက္ခဏာရပ်တွေကတော့ ►

(၁) ခဏခဏ အအေးမိနေခြင်း
တုပ်ကွေးရာသီမှာ အအေးမိတုပ် ကွေးဖြစ်တာ မဆန်းပါဘူး။ ဒါပေမဲ့ သူ များတုပ်ကွေးတိုင်း လိုက်တုပ်ကွေးနေ မယ်။ တစ်နှစ်ကို နှစ်ကြိမ်-သုံးကြိမ်ထက် ပိုပြီး အအေးမိတုပ်ကွေးဖြစ်နေပြီဆိုရင် တော့ သတိထားရပါမယ်။ ပြီးတော့ တုပ် ကွေးက ပုံမှန်ဆို တစ်ပတ်-၁၀ ရက် အကြာမှာ ပျောက်ကင်းသွားတတ်ပါ တယ်။ အဲဒီထက်ပိုကြာနေပြီဆိုရင်တော့ ကိုယ်ခံအားနည်းနေလို့ပါ။

(၂) စိတ်ဖိစီးမှုတအားများနေခြင်း
ရုံးမှာတအားစိတ်နှစ်ထားရတဲ့ Project ပြီးသွားတဲ့အခါမျိုး ဒါမှမဟုတ် မိသားစုအရေး၊ သမီးရည်းစားအရေး စိတ်ညစ်ရတဲ့အခါမျိုးတွေ ကြုံတွေ့တိုင်း ဖျားနေရင်လည်း ပုံမှန်မဟုတ်ပါဘူး။ စိတ်ဖိစီးမှု၊ စိတ်ဝမ်းနည်းမှု ၊ အလုပ်ပင်ပန်း မှုတွေကြုံတွေ့ရတဲ့အခါမှာ ရောဂါပိုးတွေ ကို တိုက်ဖျက်တတ်တဲ့ Lymphocytes သွေးဖြူဥတွေ လျော့နည်းလာပါတယ်။ Lymphocytes တွေ နည်းလာတဲ့အခါ ရောဂါပိုးတွေဝင်ပြီး အအေးမိတုပ်ကွေး ဖြစ်တတ်ပါတယ်။

(၃) ဝမ်းပြဿနာခဏခဏဖြစ်ခြင်း
မကြာခဏ ဝမ်းပျက်မယ်၊ ဝမ်းလျှော မယ် ဝမ်းချုပ်မယ်ဆို ဒါဟာလည်း ကိုယ် ခံအားနည်းနေတာကြောင့်ပါ။ ကိုယ်ခံ အားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းက အစာခြေ လမ်းကြောင်းမှာ ရှိနေတာပါ။ ဒါကြောင့် ဝမ်းပုံမှန်မဟုတ်ဖြစ်နေရင် ဆရာဝန်နဲ့ ပြ သင့်ပါတယ်။

(၄) အနာအကျက်နှေးမယ်
အရေပြားမှာ ရှတာတို့ ပွန်းပဲ့တာတို့ ဖြစ်တဲ့အခါ အနာကို ကာကွယ်ဖို့နဲ့ အနာ အကျက်မြန်ပြီး အသားတက်ဖို့ ခန္ဓာ ကိုယ်ကနေ အနာဆီကို အာဟာရပြည့်၀ တဲ့သွေးတွေ လွှတ်ပေးလေ့ရှိပါတယ်။ ဒီလိုအနာကျက်ဖို့ဆိုရင် ကျန်းမာတဲ့ ကိုယ်ခံအားဆဲလ်တွေရှိမှရပါမယ်။ ကိုယ် ခံအားနည်းနေရင် အနာအကျက်နှေးမှာ ပါ။ အနာတွေလည်း မကြာမကြာပေါက် နေပါမယ်။

(၅) ရောဂါပိုးကူးစက်ခံရမယ်
ရောဂါပိုးတွေ ခဏခဏကူးစက်ခံရ တာကလည်း ကိုယ်ခံအားလျော့နည်းနေ လို့ပါ။ ဒါကြောင့် အောက်ပါရောဂါလက္ခဏာတွေရှိရင် သတိထားပါနော်။

► တစ်နှစ်အတွင်း နားထဲရောဂါပိုးဝင် တာ လေးခါလောက်ရှိမယ်
► တစ်နှစ်အတွင်း နမိုးနီးယားဖြစ်တာ နှစ်ခါလောက်ရှိမယ်
► တစ်နှစ်အတွင်း Antibiotics နှစ်ခါ တောင်သောက်ရမယ်
► နာတာရှည် Sinus ရောင်တာ ဒါမှမ ဟုတ် Acute Sinusitis တစ်နှစ်အတွင်း သုံးခါလောက်ဖြစ်မယ်

(၆) အမြဲလိုလိုပင်ပန်းနေမယ်
အိပ်ရေး၀၀အိပ်ရဲ့သားနဲ့ အိပ်ချင် နေတုန်းပဲ အမြဲလိုလို ပင်ပန်းနေတုန်းပဲ ဆိုရင် ကိုယ်ခံအားနည်းနေတာ ဖြစ်နိုင်ပါ တယ်။ ကိုယ်ခံအားနည်းရင် အားလည်း နည်းတတ်ပါတယ်။

♦ ကိုယ်ခံအားမြင့်တက်စေဖို့
ဒီအပေါ်က လက္ခဏာတွေဖြစ်နေပြီ ဆိုရင်တော့ ကိုယ်ခံအားကောင်းအောင် သတိထားရပါတော့မယ်။ ကိုယ်ခံအားမြင့် တက်အောင် ကိုယ့်ရဲ့ Lifestyle ကို ပြောင်းပေးရပါမယ်။ ဘယ်လိုပြောင်းရ မလဲဆိုတော့ . . .
► အာဟာရပြည့်အောင်စားပါ။ အစာ အများကြီးစားတာမဟုတ်ဘဲ ဟင်းသီး ဟင်းရွက်တွေ အသားတွေကို အာဟာရ မျှတအောင်စားပေးရမှာပါ။
► Multivitamin အားဆေးသောက် ပါ။
► အိပ်ရေး၀၀အိပ်ပါ။
► လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
► လက်မကြာခဏဆေးပါ။
► ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိပါစေ။
► ဆေးလိပ်မသောက်ပါနဲ့။
► စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချ ပါ။
ကိုယ်ခံအားကောင်းပါမှ ကျန်းမာ ရေးကောင်းပြီး ဝင်လာသမျှရောဂါပိုးတွေ ကို တိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့်ကိုယ် ခံအားကောင်းအောင် ကြိုးစားရပါမယ်။

♥ဒေါက်တာနုမြတ်သင်္ဂီဦး

Post Author: Good Health Journal