ကိုယ်အလေးချိန်ကျဆင်းနိုင်သော လက်ဖက်ရည်များ

ကမ္ဘာတစ်လွှားမှာ လက်ဖက်ရည်ဟာ ကော်ဖီထက် လူသုံးများတဲ့ ဖျော်ရည် တစ်မျိုးဖြစ်နေပြီ။ ရေပြီးရင် အသောက်များဆုံး အရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကော်ဖီထက်စာရင် ကဖင်းပါဝင်မှုလျော့နည်းတဲ့အပြင် အရသာလည်း ကောင်းမွန်တာ ကြောင့်ပါ။ ဒါ့အပြင် လက်ဖက်ရည်သောက်တာက ကိုယ်အလေးချိန်ကျဆင်းနိုင်တယ် လို့ သိပ္ပံသုတေသီတွေက သက်သေပြုထားကြပါတယ်။ သင်ဟာ ကဖင်းကို စွဲလမ်း နေသူဖြစ်ပြီး ခါးမတုတ်ချင်ရင်တော့ ကော်ဖီအစား အောက်ပါလက်ဖက်ရည်တွေကို သောက်ပေးနိုင်ပါတယ်။

Green Tea
Green Tea ဟာ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် များစွာ ကူညီနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ကက်တချင်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ဖီဝရုပ်ဖြစ်စဉ် ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် Green Tea မှာ ပါဝင်တဲ့ EGCG ဟာ အဆီ ကို လောင်ကျွမ်းဖို့ ကူညီနိုင်တဲ့ ဟော်မုန်းထုတ်လုပ်မှုတွေ မြင့်မားစေနိုင်ပါတယ်။

Black Tea
Black Tea မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဖလေဗိုနွိုက်တွေ များ စွာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းတာအပါအ၀င် ကျန်းမာရေးအတွက် အကျိုးများစွာ ရှိပါတယ်။ ဒါ့အပြင် သူ့မှာ ပါဝင်တဲ့ ပေါ်လီဖီနောတွေက အူကျန်းမာ ရေးပေါ်မှာ ကောင်းမွန်ပြီး ဇီဝရုပ်ဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ နေ့စဉ်Black Tea သုံးခွက်သောက်တာက ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၄၂ ရာခိုင်နှုန်းအထိ လျှော့ချ နိုင်တယ်လို့ လေ့လာမှုအများအပြားအရ သိရပါတယ်။

Oolong Tea
လေ့လာမှုအများအပြားအရ Oolong Tea ဟာ ကိုယ်အလေးချိန်ကျဆင်းဖို့ အတွက် များစွာ ကူညီနိုင်တယ်လို့ သိရပါတယ်။ ဒီလက်ဖက်ရည်က သူ့မှာပါဝင်တဲ့ ပေါ်လီဖီနောတွေကြောင့် ဇီဝရုပ်ဖြစ်စဉ်ကို မြင့်မားနိုင်ရုံမက ခန္ဓာကိုယ်အတွင်း အဆီ လောင်ကျွမ်းမှုဖြစ်စဉ်ကိုလည်း ကူညီပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။

White Tea
White Tea ဟာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်တာအပါအ၀င် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိတဲ့အတွက် ဆေးပညာကျွမ်းကျင်သူတွေက သူ့ကို သောက် သုံးဖို့ ညွှန်ကြားထားပါတယ်။White Tea မှာ ပါဝင်တဲ့ ကက်တချင်အရေအတွက် ဟွာGreen Tea နဲ့ တူညီနေပြီး အန္တရာယ်ကင်းကင်းနဲ့ မြန်မြန် ကိုယ်အလေးချိန် ကျဆင်းနိုင်ပါတယ်။ White Tea က အဆီဆဲလ်အသစ်တွေ မဖြစ်ပေါ်လာအောင် လည်း ကာကွယ်ပေးနိုင်တဲ့အတွက် ပြန်လည်ဝလာမှာကိုလည်း မစိုးရိမ်ရတော့ပါဘူး။

Matcha Tea
Powder Tea အမျိုးအစားဖြစ်ပြီး ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အစွမ်း ထက်ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှုအလွန်နည်းတဲ့အတွက် ကိုယ်အလေးချိန် ကျဆင်းတဲ့အကျိုးကျေးဇူးမှာ Green Tea ထက် ပိုမိုကောင်းမွန်တယ် လို့ သိရပါတယ်။ွGreen Tea လိုမျိုးပဲ EGCG ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု များပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ကိုယ်အလေးချိန်ကျဆင်းနှုန်းကို မြှင့် တင်ပေးပြီး ၀ိတ်မတက်အောင်လည်း ကာကွယ်ပေးပါတယ်။ ဇီဝရုပ်ဖြစ်စဉ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

Lemon Balm Tea
ပူရှိမ်းရှိမ်းအရသာရှိပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတာကြောင့် နေ့စဉ် သောက်သုံးသင့်တဲ့ လက်ဖက်ရည်ကြမ်းတစ်မျိုးပါ။ စိတ်ဖိစီးမှုကို လျှော့ချ ပေးပြီး အစာခြေစနစ်ကိုလည်း ကူညီပေးပါတယ်။ ဆီးမှန်ဝမ်းမှန်နိုင်သလို သွေးကို လည်း သန့်စင်ပေးပါတယ်။ အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

Cinnamon Tea
ကယ်လိုရီပါဝင်မှုနည်းပါးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချရာမှာ များစွာ အထောက်အကူပြုပေးပါတယ်။ ၀မ်းဗိုက်အ ဆီလည်း ကျဆင်းနိုင်ပြီး ပျားရည်အနည်းငယ်ထည့်ကာ သောက်ပေးရင် ဇီဝရုပ်ဖြစ်စဉ် ကို မြင့်တက်စေနိုင်ပါတယ်။

Turmeric Tea
နနွင်းနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်က သင့်ကျန်းမာရေးအတွက် လွန်စွာ အ ကျိုးရှိပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကာကူမင်တွေက ရောင် ရမ်းမှုဖြစ်စဉ်ကို တွန်းလှန်နိုင်ပါတယ်။ အဆီဆဲလ်တွေကို ချိုးနှိမ်ပေးပြီး အင်ဆူလင် ခံနိုင်ရည်အားကို ကောင်းမွန်စေနိုင်ပါတယ်။

Puerh Tea
တရုတ်နိုင်ငံ Puerh ပြည်နယ်က ထွက်ရှိလာတဲ့ လက်ဖက်ရည်အမျိုးအစားဖြစ် ပြီး ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အလွန်အကျိုးရှိပါတယ်။ အထူးသဖြင့် အစာ စားပြီးချိန်မှာ သောက်သုံးရင်ပါ။ အစာစားပြီးပြီးချင်း စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တဲ့အတွက် အဆီအဖြစ် သိုလှောင်နိုင်စွမ်းမရှိတော့ တာကြောင့်ပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *