ကိုယ်အလေးချိန်ကျဆင်းစေရန် ပြုလုပ်သင့်သော အိပ်ရာဝင်အလေ့အကျင့်များ

သင့်ခန္ဓာကိုယ်က ၀ိတ်မကျဘဲဖြစ် နေရင် သင်ရဲ့ အိပ်ရာဝင်အလေ့အကျင့် တွေကို ပြုပြင်ပေးရပါမယ်။ ဘာကြောင့် လဲဆိုတော့ အိပ်ရေး၀၀အိပ်တာက ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီ နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက မှတ် ချက်ပေးထားတာကြောင့်ပါ။ အိပ်ရေးမ၀ တဲ့အခါမှာ အင်ဆူလင် ခုခံနိုင်စွမ်းတွေ များလာပြီး စိတ်ဖိစီးမှုဟော်မုန်းနဲ့ ဆာ လောင်မှုဟော်မုန်းအဆင့်တွေမြင့်တက် လာကာ ဇီဝရုပ်ဖြစ်စဉ် နှေးကွေးသွား တာကြောင့် ကိုယ်အလေးချိန်မြင့်တက် လာနိုင်ပါတယ်။ သင့်ကို အ၀လွန်စေပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်တာကနေ ကာကွယ်နိုင်ဖို့အတွက် အောက်ပါအိပ် ရာဝင်ခါနီးအလေ့အကျင့်တွေကို ပြုလုပ် ပေးရပါမယ်။

ကခုန်ပါ

သင် တစ်နေ့တာလုံး အလုပ်ပြီး မြောက်လို့ ညစာစားပြီး အိပ်မယ်လို့ ကြံ စည်ပေမယ့် ညဥ့်နက်မှ အိပ်ရာထဲ ၀င်မိနေ ပါသလား။ သင်ရဲ့ ဦးနှောက်က အလုပ် တွေ အလွန်အကျွံလုပ်နေပေမယ့် ဦး နှောက်နောက်ကို ခန္ဓာကိုယ်က မလိုက်နိုင် တာကြောင့် အိပ်မပျော်ဖြစ်နေတတ်ပါ တယ်။ ဦးနှောက်အလုပ်နဲ့ ခန္ဓာကိုယ်ရဲ့ အလုပ်တွေ တစ်ထပ်တည်းကျဖို့ ရေကူး တာ၊ လမ်းမြန်မြန်လျှောက်တာနဲ့ ကခုန် တာလိုမျိုး လေ့ကျင့်ခန်းတွေကို ညစာ မစားခင် ပြုလုပ်ပေးရပါမယ်။ လေ့ကျင့် ခန်းပြုလုပ်တာကြောင့် အဆီတွေ လျော့ ကျသွားနိုင်ရုံသာမက ဦးနှောက်လုပ်ငန်း ဆောင်တာပါ ကောင်းမွန်နိုင်ပြီး ချက်ချင်း အိပ်ပျော်သွားနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု လျော့ကျသွားတာ၊ ကြွက် သားသန်မာလာတာနဲ့ မျက်နှာကအရေ ပြားတွေ လင်းလက်တောက်ပစေနိုင်ပါ တယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာတော့ ပရိုတင်းရှိတ်တစ်ခွက်လောက် သောက် လိုက်ပါ။ သင်စားတဲ့အစားအစာတွေက နေ ပရိုတင်းအပြည့်အ၀ မရရှိနိုင်တာ ကြောင့်ပါ။

 

ကြက်သား၊ တိုဟူးနဲ့ အခွံမာသီးတွေကို စား ပေးပါ

စိုးရိမ်စိတ်များလွန်းတာကြောင့် အိပ်မပျော်ဖြစ်နေတတ်ပါတယ်။ စိတ်ဖိ စီးမှုများလွန်းတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ ကော်တီစောဟော်မုန်းတွေ အထွက်များ လာပြီး ရောင်ရမ်းမှုဖြစ်စဉ်တွေကို အား ပေးလာပါတယ်။ ကော်တီစောအဆင့် တွေကို လျှော့ကျနိုင်ဖို့အတွက် အမိုင်နို အက်စစ် အယ်လ်ထရစ်တိုဖန်များစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေး ရပါမယ်။ ကြက်သား၊ တိုဟူးနဲ့ အခွံမာသီး တွေမှာ ဒီအမိုင်နိုအက်စစ်တွေ ပါဝင်တဲ့ အတွက် သူတို့ကို စားသုံးတာက စိတ်ခံ စားမှုကောင်းမွန်စေတဲ့ ဆီရိုတိုနင်ဟော် မုန်းတွေ ထွက်ရှိလာပြီး စိုးရိမ်စိတ်တွေ လျော့နည်းသွားတာကြောင့် အိပ်စက်မှု ကောင်းမွန်နိုင်ပါတယ်။ ဒါ့အပြင် ဗိုက် ဆာလောင်မှုလည်း မဖြစ်ပေါ်တော့ပါဘူး။

 

ချိစ် ဒိန်ခဲ စားပေးပါ

ချိစ်ခေါ်တဲ့ ဒိန်ခဲတွေမှာ အမိုင်နို အက်စစ်အယ်လ်ထရစ်တိုဖန်တွေ များ စွာပါဝင်ပါတယ်။ ဒါ့အပြင် သူတို့မှာ ကေ စိန်းတွေလည်း ပါဝင်တဲ့အတွက် အိပ်ရေး ၀၀အိပ်ပျော်စေနိုင်ပါတယ်။ ညစာစားသုံး စဉ်မှာ ချိစ်အနည်းငယ် စားသုံးပေးတာက ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အနားရစေပြီး စိတ်ဖိစီးမှုလျော့နည်းသွားတာကြောင့် နောက်တစ်နေ့မနက်မှာ လန်းလန်းဆန်း ဆန်းနဲ့ နိုးထလာနိုင်ပါတယ်။

 

တီဗီ၊ ဖုန်းနဲ့ လက်ပ်တော့တွေကို ပိတ်ထားပါ

တီဗီ၊ လက်ကိုင်ဖုန်းနဲ့ လက်ပ်တော့ တွေက မူးယစ်ဆေးဝါးသုံးစွဲသလိုမျိုး စွဲ လန်းစေတတ်ပါတယ်။ သူတို့နဲ့လုပ်ရမယ့် အလုပ်တွေကို သင့်ရုံးထဲမှာပဲ ပြီးဆုံးအောင် လုပ်လာခဲ့ပါ။ ဖုန်းအသုံးပြုပြီး မေးလ်နဲ့ မက်ဆေ့ခ်ျတွေ စစ်ချင်တယ်ဆိုရင်တော့ တစ်ညတာအတွက် နာရီဝက်သာ အချိန် ပေးကာ အသုံးပြုပြီးတာနဲ့ အီလက်ထ ရွန်နစ်ပစ္စည်းတွေကို ပိတ်လိုက်ပါ။

 

အိပ်ရာပြင်ဆင်ပါ

သင့်အိပ်ရာ သပ်သပ်ရပ်ရပ် သန့် သန့်ရှင်းရှင်းရှိနေမှ ဦးနှောက်အတွက် Relax ရရှိစေပြီး အိပ်စက်မှုကောင်းမွန် နိုင်မှာပါ။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေ သန့်သန့်ရှင်းရှင်းဖြစ်အောင် ဂရုစိုက်ပါ။ သင် အိပ်မယ့်မွေ့ရာနဲ့ ခေါင်းအုံးတွေက မမာလွန်းမပျော့လွန်းရပါဘူး။ ဖြစ်နိုင်ရင် အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်ကို အရောင် ဖျော့ဖျော့သာ အသုံးပြုပါ။

 

ခြေထောက်ကို ဆားရည်စိမ်ပါ

တစ်နေ့တာလုံး အလုပ်လုပ်ရလို့ သင့်ခြေထောက်တွေ ညောင်းညာနေပါ သလား။ ဆားအနည်းငယ်ထည့်ထားတဲ့ ရေနွေးတစ်ဇလုံထဲမှာ သင့်ခြေထောက် ကို ၁၀ မိနစ်ခန့် စိမ်ထားပါ။ ရေစိမ်နေ စဉ်အတွင်း ခြေသလုံးကြွက်သား ပြေ လျော့စေဖို့ ခြေဖ၀ါးတွေကို မြှောက်လိုက် ချလိုက် ကစားပေးပါ။ ခြေဖ၀ါးအောက်မှာ တင်းနစ်ဘောလုံးထားပြီးတော့လည်း ဘောလုံးကို လှိမ့်ပေးနိုင်ပါတယ်။ ဒီလို ပြုလုပ်တာကြောင့် အိပ်စက်မှုကောင်းမွန် နိုင်ပါတယ်။

ရေချိုးပါ

အိပ်ရာမ၀င်ခင် ရေနွေးနဲ့ ရေစိမ် ချိုးတာက အိပ်စက်မှုကောင်းမွန်စေနိုင်ပါ တယ်။ ရေချိုးအပြီးမှာ တစ်ကိုယ်လုံးကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ ခန္ဓာ ကိုယ်အေးမြစေပြီး စိတ်ဖိစီးမှု လျော့ နည်းသွားနိုင်ပါတယ်။

ခြေထောက်ကို နှိပ်နယ်ပါ

ရေချိုးအပြီး ဒါမှမဟုတ် ခြေ ထောက်ကို ရေနွေးနဲ့ စိမ်အပြီးမှာ သင့်ခြေထောက်တွေကို နှိပ်နယ်ပေးရပါ မယ်။ သင့်ခြေထောက်ပေါ်မှာ အစိုဓာတ် ထိန်းခရင်မ်လိမ်းပေးပြီး ဖိအားအနေ တော်အသုံးပြုကာ သင့်လက်တွေနဲ့ စက် ၀န်းပုံစံ နှိပ်နယ်ပေးပါ။ လက်ဆစ်တွေကို အသုံးပြုပြီး ခြေဖ၀ါးနေရာကို နှိပ်နယ် ပေးပါ။ သင့်လက်နဲ့ သင့်ခြေချောင်းကြား ကိုချိတ်ကာ ခြေချောင်းတွေကို ငါးမိနစ် ခန့် လှုပ်ရှားပေးပါ။

သက်သောင့်သက်သာရှိတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပါ

သင့်ခြေထောက်ကို နှိပ်နယ်ပြီးတဲ့ အခါမှာ ချည်ထည်ပွပွနဲ့ ပြုလုပ်ထားတဲ့ ည၀တ်အင်္ကျီကိုဝတ်ဆင်ပါ။ တင်းကျပ် တဲ့အင်္ကျီ၊ သင့်ကို ယားယံမှုဖြစ်စေတဲ့ အင်္ကျီတွေကို မ၀တ်ဆင်ပါနဲ့။

အိပ်ခန်းအတွင်း လေ၀င်လေထွက် ကောင်းအောင် ပြုလုပ်ထားပါ

သင်အိပ်မယ့်အိပ်ခန်းက လေ၀င် လေထွက်ကောင်းရပါမယ်။ မပူလွန်း၊ မအေးလွန်းရပါဘူး။ အိပ်ရာမ၀င်ခင် ပြ တင်းပေါက်တွေ အကုန်ဖွင့်ထားပါ။ ပြ တင်းပေါက်ပိတ်ထားရင်လည်း အဲကွန်း ဖွင့်အိပ်ပါ။

ရနံ့ကုထုံးအသုံးပြုပါ

သင်အိပ်တဲ့အိပ်ခန်းက လေ၀င် လေထွက်မကောင်းဘူးဆိုရင် အခန်းအ တွင်း အနံ့အသက်ကောင်းအောင် သင့် ခေါင်းအုံးပေါ်မှာ ရနံ့ဆီဆွတ်ထားတာ ဒါမှမဟုတ် သင်အိပ်တဲ့အိပ်ရာဘေးမှာ ရနံ့ဆီထည့်ထားတဲ့ ရေတစ်ဇလုံထား အိပ်တာတွေ ပြုလုပ်ရပါမယ်။

ယောဂကျင့်စဉ်ပြုလုပ်ပါ

တစ်နေ့တာလုံး အလုပ်လုပ်ရတာ ကြောင့် ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ် ထားတာကြောင့် ခန္ဓာကိုယ် နာကျင်ကိုက် ခဲနေပါသလား။ အိပ်ရာဝင်ခါနီး ယောဂ ကျင့်စဉ် ဒါမှမဟုတ် တရားထိုင်တာလိုမျိုး ပြုလုပ်တာတွေကြောင့် ကြွက်သားနာ ကျင်မှုဝေဒနာတွေ သက်သာနိုင်ပြီး စိတ် ဖိစီးမှုလျော့ကျကာ အကောင်းမြင်စိတ် တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါက အိပ် ရေးဝဖို့၊ ကိုယ်အလေးချိန်ကျဆင်းဖို့အ တွက် အရေးကြီးတဲ့အချက်ပါ။

ဒိုင်ယာရီရေးပါ

အိပ်ချိန်မှာ လက်ပ်တော့နဲ့ စာရိုက် မယ့်အစား ဒိုင်ယာရီသုံးတဲ့အကျင့်ကို ပြု လုပ်ပါ။ တစ်နေ့တာလုံး ကိုယ်လုပ်ထားတဲ့ အလုပ်တွေ၊ နောက်တစ်နေ့မှာ လုပ်ရ မယ့်အလုပ်တွေကို ဒိုင်ယာရီထဲမှာ ရေး မှတ်ထားတာက စိတ်ဖိစီးမှုလျော့ကျစေ နိုင်ပြီး မျက်စိလည်း အနားရနိုင်ပါတယ်။

နွားနို့ပူပူတစ်ခွက်သောက်ပါ

အိပ်ရာမ၀င်ခင်မှာ နွားနို့ပူပူလေး တစ်ခွက်သောက်အိပ်တာက ကလေး ငယ်တစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပြီး လန်းလန်းဆန်းဆန်းနဲ့ နိုးထလာနိုင်ပါတယ်။ နွားနို့မှာ များစွာ ပါဝင်တဲ့ အယ်လ်ထရစ်တိုဖန်အမိုင်နို အက်စစ်တွေက စိတ်ဖိစီးမှုလျော့နည်း နိုင်ပြီး စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဆီရို တိုနင်အဆင့်တွေ မြင့်တက်လာနိုင်ပါ တယ်။ ဒါ့အပြင် သူ့မှာ ပါဝင်တဲ့ ကေစိန်း ကြောင့် အိပ်စက်မှုတွေ ကောင်းမွန်လာ နိုင်ပါတယ်။

မီးဖိုချောင်ကို ပိတ်ထားပါ

သင့်အနေနဲ့ နွားနို့ပူပူတစ်ခွက် သောက်ပြီးတာနဲ့ သင့်မီးဖိုချောင်တံခါး ကို ပိတ်ချလိုက်ပါ။ တစ်ခါတလေမှာ ည ဘက်ကို အဆာပြေအစာစားချင်စိတ်တွေ ဖြစ်လာတတ်တာကြောင့် တံခါးပိတ်ထား လိုက်တာက အစာမစားဖြစ်အောင် ကူညီ နိုင်ပါတယ်။

အိမ်သာအသုံးပြုပါ

အိပ်ရာမ၀င်ခင် အိမ်သာတက်တဲ့ အကျင့်ကို ပြုလုပ်ပါ။ အိမ်သာ တက်မ ထားတဲ့အတွက် အပေါ့သွားချင်စိတ် ကြောင့် အိပ်ရာကနေ တစ်ရေးနိုးထလာ နိုင်ပါတယ်။ ဒါ့အပြင် အိပ်ရာမ၀င်ခင် သွားတိုက်ဖို့လည်း မမေ့ပါနဲ့။ သွားတိုက် ထားတာကြောင့် အစာစားဖို့ တွန့်သွား ပါလိမ့်မယ်။

သက်သောင့်သက်သာရှိအောင် နေပါ

အိပ်ရာပေါ် တက်လိုက်ပြီးရင် သင့် ကိုယ်သင် သက်သောင့်သက်သာ ရှိ အောင် အိပ်ပါ။ ဆံထုံးထုံးထားရင် ဒါမှမ ဟုတ် ဆံပင်စည်းထားရင်လည်း ဖြည်ချ လိုက်ပါ။ မျက်နှာကို Night Cream  လိမ်းတာ၊ လက်တွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာတွေ ပြုလုပ်ပါ။

စာအုပ်ဖတ်ပါ

စာအုပ် ဒါမှမဟုတ် မဂ္ဂဇင်းဖတ်တာ က အမြန်အိပ်ငိုက်လာနိုင်ပါတယ်။ စကားလုံး ဝေါဟာရတွေလည်း ကြွယ်ဝ လာပြီး စာဖတ်အားလည်း ကောင်းမွန်လာ နိုင်ပါတယ်။ သင်ရဲ့ မျက်စိကို အနားပေး ရမှာမို့ ဖုန်းပေါ်က စာတွေမဖတ်ဖို့တော့ လိုပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ အီလက်ထ ရွန်နစ်ပစ်္စည်းတွေကထွက်တဲ့ အလင်း ရောင်တွေက သင့်အရေပြားကိုလည်း ထိခိုက်နိုင်ပါတယ်။

မီးမှိတ်ချပါ

သင် အိပ်ငိုက်လာပြီဆိုရင် သင် ဖတ်လက်စ စာအုပ်ကိုချပြီး မီးမှိတ်လိုက် ပါ။ မီးရောင်မရှိတာကြောင့် သင့်ဦးနှောက် ကနေ အိပ်စက်မှုကောင်းမွန်စေတဲ့ မယ်လ် တိုနင်တွေ ထွက်ရှိလာနိုင်ပါတယ်။

အပြာရောင်မီးထွန်းပါ

သင့်မိသားစုထဲက တစ်ယောက် ယောက်က အလင်းရောင်မရှိဘဲ မအိပ် တတ်ဘူးဆိုရင် အပြာရောင်မီးထွန်းအိပ် ပါ။ အပြာရောင်က အိပ်စက်မှုကို ကောင်း မွန်စေနိုင်တာကြောင့်ပါ။ အပြာရောင်မီး မရှိရင်လည်း မီးလုံးပေါ်မှာ အပြာရောင် စက္ကူကာအိပ်ပါ။

ဖော်ပြထားတဲ့အချက် ၂၀ ကို အိပ် ရာမ၀င်ခင်ပြုလုပ်တာက အိပ်စက်မှု ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ကျ ဆင်းနိုင်ပါတယ်။ သင်ရဲ့ ဦးနှောက်စွမ်းအား နဲ့ စွမ်းအင်အဆင့်တွေ ပြောင်းလဲသွား တာကိုလည်း သတိထားမိနိုင်ပါလိမ့်မယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *