ကိုယ်တွင်း အဆိပ်အတောက်ကင်းအောင် လိုက်နာသင့်သည်များ

ခန္ဓာကိုယ်တွင်းမှာ အဆိပ်အ တောက်တွေများနေပါက အသားအရေ ညိုညစ်ညစ်ဖြစ်တဲ့အပြင် နွမ်းနွမ်းလျလျ နဲ့ ပင်ပန်းနေသလိုမျိုး ခံစားနေရနိုင်ပါ တယ်။ အောက်ပါအချက်တွေကို လိုက် နာပါက အဆိပ်အတောက်ကင်းပြီး တက်ကြွရွှင်လန်းနေမှာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူစားပါ
ကြက်သွန်ဖြူမှာပါဝင်တဲ့ အယ်လီ စင်ဒြပ်ပေါင်းတွေက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနဲ့ ကပ်ပါးပိုးတွေကို သေစေ တဲ့ အာနိသင်ရှိပါတယ်။ အင်တီအောက် ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် စီ၊ ဖလေဗိုနွိုက်နဲ့ ဆာလဖာတွေပါဝင်လို့ ဓာတ်တိုးပစ္စည်း တွေကို ဆန့်ကျင်တိုက်ထုတ်ပေးပြီး ခန္ဓာ ကိုယ်တွင်း ဆဲလ်တွေပျက်စီးမှုမှ ကာ ကွယ်ပေးပါတယ်။

လက်ဖက်စိမ်းရည်သောက်ပါ
လက်ဖက်စိမ်းရည်က ကိုယ်တွင်းအ ဆီ ၄၀ ရာခိုင်နှုန်းကို လောင်ကျွမ်းစေပါ တယ်။ လက်ဖက်စိမ်းရည်မှာ အင်တီ အောက်ဆီးဒင့်တွေ များစွာပါဝင်လို့ ခန္ဓာ ကိုယ်တွင်း ဆဲလ်တွေအထိ အဆိပ်အ တောက်တွေကို သန့်စင်စေပြီး ဆဲလ် အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။

ဆီကြော်စာတွေ မစားပါနဲ့
အာလူးကြော်၊ ငါးမုန့်ကြော် စတဲ့ ဆီ ကြော်စာတွေထဲမှာ ဓာတုဒြပ်ပေါင်းတွေ များစွာပါဝင်တာကြောင့် ဆီကြော်စာတွေ ကို သရေစာအဖြစ် စားမယ့်အစား အစေ့ အဆန်၊ ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ ပန်းသီး၊ သစ်တော်သီး၊ သင်္ဘောသီး စတဲ့ သစ်သီးတွေကို စားပါ။ ဆားများပြီး ကယ် လိုရီတွေ ပြည့်ဝနေတဲ့ ဆီကြော်စာတွေ ထက် အာဟာရပြည့်ဝပြီး အရသာ ကောင်းမွန်ပါတယ်။ ဆီကြော်စာတွေ အမြဲလိုလို စားသုံးပါက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ ကိန်းအောင်းစေ လို့ ဆီကြော်စာစားသုံးမှုကို လျှော့ချ သင့်ပါတယ်။

အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ ဒိန် ချဉ်သောက်ပါ
အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုး ပြုဘက်တီးရီးယားတွေက အူလမ်း ကြောင်းတစ်လျှောက် ကျန်းမာစေပြီး အစာချေဖျက်မှုကို ကောင်းမွန်အောင် ကူညီပေးပါတယ်။ နွားနို့အစား ဒိန်ချဉ် ကို ကောက်နှံတစ်ခုလုံးနဲ့ ရောစားတာက အကျိုးပြုဘက်တီးရီးယားတွေကို ရရှိ တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက် အစာချေဖျက်မှုနဲ့ စွန့်ပစ်မှု ကောင်းမွန်ပြီး အဆိပ်ကင်းစင်စေပါ တယ်။

အမျှင်ဓာတ်များတဲ့သစ်သီးတွေ စားပါ
မကြာခဏ အစာစားတတ်ပါက အဆာခံတတ်တဲ့အစာတွေ စားထားဖို့ လိုပါတယ်။ အမျှင်ဓာတ်များပြီး အရည် ရွှမ်းတဲ့ သစ်သီးတွေက ၀မ်းဗိုက်ပြည့် တင်းစေလို့ ဆာလောင်မှုကို လျော့နည်း စေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်တွေက အူလှုပ်ရှားမှုကို ကောင်းမွန်စေလို့ အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲ မခို အောင်းဘဲ စွန့်ထုတ်နိုင်အောင် ကူညီပေး ပါတယ်။

ရေသောက်ပါ
ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ကင်းလိုတယ်ဆိုရင် ရေများများသောက် ဖို့ လိုပါတယ်။ တစ်နေ့ကို ရေ ၆-၈ ခွက် သောက်သုံးရုံနဲ့ သင့်အသွင်အပြင်ကို ပြောင်းလဲနိုင်ပါတယ်။ မျက်လုံးအောက် မှာ ဖောင်းအစ်နေတဲ့ မျက်အိတ်ကို လျော့နည်းသက်သာစေပြီး အရေပြားက လည်း ကြည်လင်လှပလာတဲ့ ခန္ဓာကိုယ် တွင်းမှာလည်း အဆိပ်အတောက်တွေ ကင်းစင်စေပါတယ်။

ဆားလျှော့စားပါ
တစ်နေ့တာအတွက် စားသုံးသင့်တဲ့ ဆားပမာဏက လက်ဖက်စားဇွန်း တစ် ဇွန်းပါ။ ဒီထက်ပိုပြီး ဆားစားသုံးမှုများခဲ့ ပါက ခန္ဓာကိုယ်က ရေပြန်ဆွဲထားတာ ကြောင့် သွေးဖိအားကို မြင့်မားစေပါ တယ်။ ထမင်းအနပ်တိုင်းမှာ စားတဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သဘာဝဆားတွေ ပါဝင်ပြီး အဲဒီဆားတွေ ကလည်း ခန္ဓာကိုယ်တွင်း အခြေအနေကို ပိုဆိုးစေပါတယ်။ လျှာက ဆားအရသာကို သိသိသာသာ တုံ့ပြန်မှု မရှိပေမယ့် ခန္ဓာ ကိုယ်က တုံ့ပြန်မှုတွေ ရှိပါတယ်။

သံပရာရည်သောက်ပါ
မနက်စာမှာ ကော်ဖီတစ်ခွက် သောက်တာထက် လက်ဖက်ခြောက်ခတ် ထားတဲ့ ရေနွေးကြမ်းတစ်ခွက် ဒါမှမဟုတ် သံပရာရည်တစ်ခွက် သောက်သုံးတာက ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်ပျက်မှု မြန် ဆန်စေပါတယ်။

အရက်နဲ့ ကဖင်းရှောင်ပါ
ပူအိုက်တဲ့နေရက်တွေမှာ ရေဓာတ် ခန်းခြောက်စေတဲ့အစာနဲ့ အရည်တွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။ အရက်နဲ့ ကဖင်းဓာတ်က ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်တွင်းမှ အရည်ဓာတ်တွေ ဆုံး ရှုံးစေလို့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်း ခြောက်မှု ဖြစ်စေပါတယ်။ အယ်လ်ကို ဟောနဲ့ ကဖင်း မပါဝင်တဲ့ ဖျော်ရည်တွေ သောက်သုံးနိုင်ပါတယ်။ ဖြစ်နိုင်ရင် လတ်လတ်ဆတ်ဆတ်သစ်သီးကို ဖျော် ရည်လုပ်သောက်တာက ကိုယ်တွင်း သန့် စင်စေဖို့ အထောက်အကူပြုပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *