ကိုယ်တွင်းက အဆီတွေ လျော့ကျမသွားဘဲ ကြွက်သားထုသာ ဆုံးရှုံးသွားနိုင်သည့် အလေ့အကျင့်အမှားများ

သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ်တွင်းက အဆီတွေ လျော့ကျ သွားပြီး ဗိုက်ချပ်သွားမယ်လို့ ထင်နေပြီး လေ့ကျင့်ခန်းလုပ်နေပေမယ့် ဗိုက်ချပ်မ သွားဘဲ ပိန်သယောင်ဖြစ်သွားတာက သင့်လေ့ကျင့်ခန်းက အောက်ဖော်ပြပါ အချက်ထဲက တစ်ခုခုမှားယွင်းနေတာ ကြောင့်ပါ။

၁။ ကယ်လိုရီစားသုံးမှု လျော့နည်းလွန်းခြင်း

ကိုယ်အလေးချိန်အမြန်ကျဆင်း ချင်တာကြောင့် အစာတွေနပ်ရှောင်ပြီး လေ့ကျင့်ခန်း အပြင်းအထန်လုပ်နေတာ က မှားယွင်းတဲ့နည်းလမ်းပါ။ ရုတ်တရက် ပြောင်းလဲသွားတာကို ဘယ်သူကမှ မနှစ်ခြိုက်သလိုမျိုး ခန္ဓာကိုယ်ကလည်း နှစ်ခြိုက်မှာ မဟုတ်ပါဘူး။ ကယ်လိုရီတွေ အမြန်ဆုံးရှုံးသွားတာကြောင့် သင့်ကြွက် သားတွေထုပေါ်မှာ သက်ရောက်မှုရှိ လာပြီး ကြွက်သားထုဆုံးရှုံးနိုင်ကာ ကျန်း မာရေးထိခိုက်နိုင်ပါတယ်။ သင့်ခန္ဓာ ကိုယ်က နေ့စဉ် ကယ်လိုရီအနည်းဆုံး ၁၂၀၀ လောက်ရရှိဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ အာဟာရတွေ ပြည့်ဝစွာ ရရှိနေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ် မှုရှိတဲ့အစားအစာကိုတော့ ပုံမှန်စား သုံးဖို့ လိုအပ်ပါတယ်။

၂။ သင် စားသုံးသောပရိုတင်းပမာဏနည်းလွန်းခြင်း

လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ်ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် diet လုပ်တာမျိုးတွေပြုလုပ်ရင်၊ ပရိုတင်းပမာ ဏကို များများစားသုံးပေးဖို့ လိုအပ်ပါ တယ်။ ပရိုတင်းဟာ ကြွက်သားတည် ဆောက်ဖို့နဲ့ ကြွက်သားတွေကို ပြန်လည် ပြုပြင်ဖို့အတွက် အဓိကနေရာကနေ ကူညီပေးပါတယ်။ ခန္ဓာကိုယ်အတွက် ပရိုတင်းများများရရှိခဲ့ရင် ဇီဝရုပ်ဖြစ်ပျက် နှုန်းမြန်ဆန်လာပြီး အဆီလောင်ကျွမ်း အောင် ကူညီပေးနိုင်ပါတယ်။ သင်စား မယ့်အစားအစာထဲ ကြက်သား၊ ငါး၊ ပဲ အမျိုးမျိုးနဲ့ ဥအမျိုးမျိုးကို ပိုမိုပါဝင် အောင် စားသုံး သင့်ပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းမှားယွင်းခြင်း

လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာ က ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုမိုရရှိနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် နည်းလမ်းမှန်မှန်နဲ့သာ ပြုလုပ်ဖို့က အလွန် အရေးကြီးပါတယ်။
အေရိုးဗစ်လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာက ခန္ဓာကိုယ်တွင်းက အဆီ အစား ကြွက်သားတွေကိုသာ ထိခိုက် နိုင်ပါတယ်။ အားကစားခန်းမမှာ လေ့ ကျင့်ခန်း ပြုလုပ်သူတွေအနေနဲ့ Trainer တွေနဲ့သာ ပြုလုပ်ပါ။

၎။ အလေးမလေ့ကျင့်ခန်းမပြု လုပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ အလေးပါတဲ့ လေ့ကျင့်ခန်းတွေကို ပြု လုပ်တာက ကြွက်သားထုကို တည် ဆောက်နိုင်ပြီး ကိုယ်အလေးချိန်ကျ ဆင်းဖို့ ပိုမိုကူညီနိုင်ပါတယ်။ ဒါပေမဲ့ မိမိဘာသာမိမိ အလေးမတာမျိုး မပြု လုပ်ဘဲ မိမိရဲ့ trainer နဲ့ ဘယ်လောက် အလေးချိန်ကစတင်ပြီး ၀ိတ်မ သင့် တယ်ဆိုတာကို အရင်တိုင်ပင်ပါ။ နည်း လမ်းမမှန်ကန်ခဲ့ရင် ကြွက်သားဒဏ်ပိ နိုင်တာကြောင့်ပါ။

၅။ လေ့ကျင့်ခန်းလုပ်အပြီး ဗိုက် အဆာ ခံထားခြင်း

လေ့ကျင့်ခန်းလုပ်အပြီးမှာ ခန္ဓာ ကိုယ်အာဟာရတွေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်အပြီး မှာ ရေများများသောက်တာ၊ ပရိုတင်းဖျော် ရည် သောက်တာတွေအပြင် ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့သစ်သီးတွေ များစွာ စားသုံးပေးပါ။

၆။ အိပ်ရေးမ၀ခြင်း

သင့်အနေနဲ့ ညစဉ် အိပ်ချိန် ရှစ်နာ ရီခန့် လုံလုံလောက်လောက်ရပါမှ ကျန်း မာရေးနဲ့ညီညွတ်နိုင်ပါတယ်။ သင်အိပ် နေတဲ့အချိန်မှာမှ ခန္ဓာကိုယ်က ကိုယ် တွင်းမှာပျက်စီးနေတဲ့ အရာတွေကို ပြန် လည်ပြုပြင်ပေးပါတယ်။ အိပ်ရေးမ၀ တာကြောင့် ကိုယ်အလေးချိန်မြင့်တက် တာ၊ စိတ်တိုစိတ်ဆတ်တာနဲ့ စိတ်ဓာတ် ကျတာတွေ ဖြစ်လာနိုင်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *