ကိုယ်တွင်းက ကိုက်ခဲမှုတွေ ပျောက်ကင်းနိုင်သော pressure points များ

The Yongquan point
The joining the valley point
The three miles point
The third eye point
The pericardium point
The big rushing point
The sea of tranquillity point
The Tong Zi Liao point

The Yongquan point

♦ ဒီနေရာက ဒုတိယနဲ့ တတိယ ခြေ ချောင်းကြားက ခြေဖဝါးနေရာပါ။

~~ အသုံးဝင်ပုံ ~~
♦ ခေါင်းကိုက်တာ၊ ပျို့တာနဲ့ မူးဝေပြီး သတိလစ်ချင်သလို ဖြစ်နေရင် ဒီနေရာ ကိုနှိပ်ပေးပါ။
♦ သင့်လက်ချောင်းထိပ်နဲ့ ဒီနေရာကို ၁ မိနစ်ခန့် ဖိထားပေးပါ။

The joining the valley point

♦ သူက လက်မနဲ့ လက်ညှိုးကြား ကနေရာပါ။

~~ အသုံးဝင်ပုံ ~~
♦ သွားကိုက်တာ၊ ဇက်ကြောတက် တာနဲ့ ခေါင်းကိုက်တာတွေ သက်သာဖို့ အသုံးဝင်ပါတယ်။
♦ ဒီနေရာကို တစ်မိနစ်လောက် ဖိ ထားတာ ဒါမှမဟုတ် နှိပ်ပေးတာကို ပြုလုပ်ပါ။

The three miles point

♦ ဒူးခေါင်းဖုံးအောက် တစ်လက်မခွဲ နေရာပါ။

~~ အသုံးဝင်ပုံ ~~
♦ အစာခြေစနစ်ကောင်းမွန်စွာ အ လုပ်လုပ်ဖို့ ကူညီပေးပါတယ်။ ဗိုက်နာ ဗိုက်အောင့်တာ၊ ပျို့တာ၊ အန်တာကို သက်သာနိုင်ပါတယ်။
♦ ဒူးခေါင်းကွေးပြီး ဒီနေရာကို တစ် မိနစ်လောက်ဖိထားပါ။

The third eye point

♦ မျက်ခုံးမွေး နှစ်ခုကြားကနေရာပါ။

~~ အသုံးဝင်ပုံ ~~
♦ ခေါင်းကိုက်တာ၊ စိတ်ဓာတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ စိတ်ဖိစီးမှုများတာအတွက် ကောင်းမွန်ပါတယ်။
♦ ဒီနေရာကို တစ်မိနစ်လောက် ဖိထားပါ။

The pericardium point

♦ လက်ဖျံအတွင်းပိုင်း လက်ကောက် ဝတ်ဆစ်အောက် လက်သုံးချောင်းအကွာက အရွတ်နှစ်ခုကြားနေရာပါ။

~~ အသုံးဝင်ပုံ ~~
♦ ပျို့တာ၊ အန်တာနဲ့ ယာဉ်စီးတာကြောင့် မူးဝေ အော့အန်တာတွေအတွက် ကောင်းမွန်ပါတယ်။
♦ ဒီနေရာကို ၄-၅ စက္ကန့်လောက် ဖိထားပြီး နှိပ်ပေးပါ။

The big rushing point

♦ ခြေဖမိုးပေါ်က ခြေမနဲ့ ခြေညှိုးကြား တစ်လက်မခွဲနောက်က နေရာပါ။

~~ အသုံးဝင်ပုံ ~~
♦ ခေါင်းကိုက်တာ၊ မျက်စိညောင်းတာ၊ ခြေထောက်ကြွက်တက်တာအတွက် အသုံးဝင်ပြီး အာရုံစူးစိုက်မှုကောင်းမွန် နိုင်ပါတယ်။
♦ ဒီနေရာကို တစ်မိနစ်ခန့် ဖိထားပါ။

The sea of tranquillity point

♦ ရင်ညွန့် အလယ်တည့်တည့်နေရာပါ။

~~ အသုံးဝင်ပုံ ~~
♦ စိတ်အေးချမ်းမှုရှိစေပြီး စိုးရိမ်စိတ် များတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပိုင်းဆိုင် ရာခံစားမှုတွေနဲ့ Hysteria ဖြစ်တာတွေအတွက် ကူညီနိုင်ပါတယ်။
♦ ဒီနေရာကို တစ်မိနစ်လောက် ဖိထားပါ။

The Tong Zi Liao point

♦ မျက်လုံးအပြင်ထောင့် နေရာပါ။

~~ အသုံးဝင်ပုံ ~~
♦ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာနဲ့ မျက် စိညောင်းညာတာ သက်သာနိုင်ပါတယ်။
♦ သင့်လက်ချောင်းလေးတွေနဲ့ ဒီနေရာကို ဝေဒနာသက်သာတဲ့အထိ ပွတ်နှိပ်ပေးပါ။

ဒေါက်တာခင်မိုးမိုး 
Ref: Pressure points to get rid of annoying aches all over your body

Post Author: Good Health Journal